Pages

June 01, 2008

အကြည်ဓာတ်ကလေးရှိနေမှ.

သီချင်းတစ်ပုဒ် ဖန်တီးတယ်ဆိုတာ
စိတ်ထဲမှာ အကြည်ဓာတ်ကလေးရှိနေမှ...
ဒီအကြည်ဓာတ်ကလေးနဲ့  စိုစွတ်နေမှ...
ရေးလို့ ကောင်းတာပါ...
အကြည်ဓာတ်ခန်းတဲ့ အခါကြတော့ မရေးချင်တော့ဘူး..
ထူးအိမ်သင်

ထူးအိမ်သင်က အကြည်ဓာတ်ခန်းတဲ့ အခါ သီချင်းမရေး ချင်ဘူးလို့ ပြောခဲ့တယ်။ သီချင်းရေးတာမှ မဟုတ်ပါဘူး၊ စိတ်ရဲ့ အကြည်ဓာတ်လေးခန်းနေရင် ဘယ်အရာမှ လုပ်တာကိုင်တာ အဆင်မပြေ နိုင်ပါဘူး။ လုပ်ချင် စိတ်မှ မရှိတာ။ စိတ်ကို အခြေခံလုပ်ရတဲ့ ကိစ္စတွေမှာဆို ပိုပြီး သိသာမှာပါ။ စိတ်ထဲမှာ အကြည်ဓာတ်လေး ရှိနေပါမှ....

May 31, 2008

Google's New Blue Favicon

ဒီနေ့  Google မှာ သိချင်တာလေးတွေ လိုက်ရှာနေရင်း Google Website ရဲ့ Favicon ပြောင်းသွားတာကို သတိထားမိတယ်။ ရောင်စုံ capital letter ကနေ အပြာရောင် small letter ကို ပြောင်းသွားတာပါ။ အပြာရောင်လို့  ထင်တာပဲ။ အရောင်က ခရမ်းလိုလို အပြာလိုလို။ ဘယ်တုန်းက စပြီး ပြောင်းနေတာလဲ၊ ဘာလို့ ပြောင်းတာလဲ သိချင်စိတ်နဲ့  Google လုပ် ကြည့်တော့ မေ ၃၀ မနက် ယူအက်စ် အချိန်မှာ ပြောင်းသွားလို့ သိရတယ်။ ဒီမှာတော့ မေ ၃၁ ရက်နေ့  ရှိပြီ။ Official Google Blog မှာတော့ အဲ့ဒီ အကြောင်းနဲ့  ပတ်သက်ပြီး ဘာမှ ရေးထားတာ မတွေ့ ဘူး။

Old Favicon :
New Favicon :

Google က Google's Style ဆိုပြီး Home Page က Logo ကို အမြဲ ပြောင်းလေ့ ရှိသလို Favicon ကို ပြောင်းဖို့ များ စိတ်ကူးနေသလား မသိဘူး။ ဘာရယ်မဟုတ်ပါဘူး။ သတိထားမိလိုက်တာလေးကို ထွေထွေထူးထူး၊ လုပ်စရာ မရှိပဲ အားနေတာနဲ့  ရေးလိုက်တာပါ။

Holiday Logos and Events - Google style!

May 30, 2008

Our Helping Hands To Nargis Survivors

Update(02 June 2008) : Comment တွင်ရရှိသော request ကြောင့် ဤပိုစ့်တွင် မူလက တင်ထားသော mp3 file ကို ဖယ်ရှားထားပါသည်။

Anonymous:
FYI: I am khin mg thant (Iron Cross)who organized to produce a song regarding to Nargis donation.Our works not finish yet.But the song has been exposed to the website some unscrupulous people.Our intention is to donate for Nargis people . The singers also contributed out of their own heart for donation .Please i have to request not to use this song at this time. After we have donated you can use it If it is in ur blog pls cancel it .By helping us you r helping them also we hope u r in a position to help .Thanks for ur help.Please forward to other blog who might use this song
with thanks,
KMT(IC)

အကြင်နာတွေနဲ့ ဖေးကူပါ
လေးဖြူ၊ ဟယ်ရီလင်း၊ မျိုးကြီး၊ ဆုန်သင်းပါရ် နှင့်  အဆိုတော်ပေါင်းများစွာ


နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင် ပျက်စီးသွား

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ


အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲ အခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ


ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား ...
အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့
အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ
ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ



Credit to LinLetKyalSin

Working Status

Boss is not here: Boss is calling:

In a meeting: Training: Tea break:

Before noon on weekend: Ready for getting off work:

Tomorrow is a holiday:

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
* * * * * * *

Got today's target from boss:  Tough target:

Find impossible to meet boss's requirement:

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

OT for 2hrs: OT for a whole night:

Being notified to OT on weekends:

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
Meet with 'Sorry-I-Don't-Know'clients:
Made mistakes in work: Little achievement:
Frustrating things happens:
Finance person doesn't give the money:

Being advised NO BONUS this year:

* * * * * * * * * * * * * * * * * * The End * * * * * * * * * * * * * * * * * * *

Credit to AKT

May 29, 2008

How to plan 2009 leaves - Singapre

သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ StraitsTimes သတင်းစာက Maximise Your Leave 2009 ဆိုတဲ့ Cut-And-Keep Guide ကိုကြည့်ပြီး နောက်နှစ် အတွင်း ဘယ်ရက်တွေမှာ ခွင့်ယူရင်ကောင်းမလဲ စဉ်းစားနေတယ်။ ဖြစ်နိုင်မယ်ဆိုရင်၊ အားလုံးလဲ အဆင်ပြေမယ်ဆိုရင် ၂၀၀၉ နိုဝင်ဘာ လ အတွင်းမှာ ခွင့်ယူဖြစ်မယ် ထင်တယ်။ ခုမှ ၂၀၀၈ နှစ်လယ်တောင် မရောက်သေးတော့ ၂၀၀၉ အတွင်း ခွင့်ယူဖို့  စဉ်းစားနေတယ် ဆိုတာ အရမ်းများ စောနေသလား။ ဘာပဲဖြစ်ဖြစ် ဒီကြားထဲမှာ ရန်ကုန် မပြန်ဖြစ်ခဲ့ရင် ၂၀၀၉ နိုဝင်ဘာမှာ ခွင့်ယူပြီး ပြန်မယ်။

Read this doc on Scribd: Maximise Your Leave 2009 - Singapore

၂၀၀၉ အတွက် စဉ်းစားနေတာ ၂၀၀၈ အတွက်တောင် ခွင့်ယူမယ့်ရက်တွေ မတင်ရသေးဘူး။ ဒီရက်ပိုင်း အတွင်းတော့ ခွင့်တင်မှ ဖြစ်တော့မယ်။ ၂၀၀၈ အတွက် ခွင့်ယူမယ့် Plan က ရှိပြီးသား။ လိုချင်တဲ့ ရက်မှာ ခွင့်ရပါစေ၊ အစစအရာရာ အဆင်ပြေပါစေ ဆုတောင်းနေရတယ်။
Credit to PCheeYong

May 28, 2008

StreetMap@Singapore

အခုနောက်ပိုင်း တစ်နေရာရာ သွားရမယ်ဆို map.gov.sg ရဲ့ StreetMap@Singapore ကို သုံးပြီး အရင် ရှာကြည့် ဖြစ်တယ်။ အလုပ်က သူငယ်ချင်း တစ်ယောက် StreetDirectory က မှာ ပုံတွေ မမြင်ရတော့၊ တနေရာရာ သွားဖို့ ရှိတယ်ဆို ရှာရတာ အဆင်မပြေဘူး ပြောလာတာနဲ့  ဒီဆိုဒ်ကို ပြလိုက်တာ သူမသိဘူး။ တစ်ခါမှ မသုံးဖူးဘူးတဲ့။ ကျွန်မလည်း အရင်က ဒီဆိုဒ်ကို မသိပါဘူး။ ဟိုအရင်ထဲက ကျွန်မတို့  အမြဲသုံးနေကျ StreetDirectory.com မှာ ပုံတွေ မမြင်ရတော့မှာသာ Google နဲ့  လိုက်ရှာရင်း တွေ့ လို့  သုံးဖြစ်သွားတာပါ။ အရင် StreetDirectory သုံးတာ အကျင့်ပါနေတော့ အခုဆိုဒ်သုံးရတာ သိပ်အဆင်မပြေဘူး။ ဒါပေမယ့် ရှိနေတာလေးကိုပဲ ရအောင် သုံးရတော့တာပေါ့လေ။


StreetMap@Singapore က Singapore Land Authority (SLA) ရဲ့ Official Site (Map) ပါ။ Non-commercial နဲ့  Personal အတွက် သုံးလို့ ရတယ် ပြောထားတယ်။ ကိုယ်သွားချင်တဲ့ နေရာကို အဲ့ဒီမှာ ရှာတာက ရှာလို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒီက မြေပုံတွေကို တစ်နေရာရာမှာ သုံးချင်တယ်ဆိုရင်၊ မသုံးခင်လေးမှာ Terms of use - SLA ကို အရင် ဖတ်ဖို့ မမေ့ပါနဲ့ ။ map.gov.sg မှာ စင်္ကာပူနိုင်ငံမှာ Free Wireless သုံးလို့ ရတဲ့ နေရာတွေကို ပြပေးတဲ့ Wireless@SG နဲ့  LandQuery လဲ ရှိပါတယ်။

ဒါနဲ့  StreetDirectory က ပုံတွေ ဘာလို့  မမြင်ရတော့တာလဲ သိချင်တယ်ဆိုရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

www.map.gov.sg
StreetMap@Singapore
LandQuery
Wireless@SG

May 27, 2008

No Internet @ Home

မနေ့ ညက ထူးထူးဆန်းဆန်း စောစော အိပ်ဖြစ်သွားတယ်။ အိမ်မှာ မနေ့ က ည ၈ နာရီ ကျော်လောက်ကစပြီး အင်တာနက် မရဘူး။ Connection ရှိနေတယ်။ ဒါပေမယ့် ဘယ်ဆိုဒ် ဘယ်ဟာမှ ၀င်မရဘူး။ ဘယ်ကြောင့်လဲ လိုက်ရှာတော့ ကျန်တာအကုန် အဆင်ပြေတယ်။ Starhub ကနေ ဖြစ်နေတာ။ ဘာမှ လုပ်မရ။ အခု လက်ရှိ နေတဲ့ အိမ်မှာ အင်တာနက်က ကိုယ့်နာမည်နဲ့ လျှောက်ထားတာ မဟုတ်။ အိမ်ရှင် နာမည်နဲ့  လျှောက်ထားတာ။ အိမ်ရှင်တွေက ဒီနိုင်ငံမှာ မရှိ။ Account No သိရင် တောင် StarHub ကို ဖုန်းဆက်လို့  ရနိုင်သေးတယ်။ အခုတော့ Account နံပါတ်လဲ မသိ၊ အိမ်လိပ်စာကလွဲရင် Information မှ မသိ။ အရင် Bill အဟောင်းတွေ မှာကြည့်ရင် Account No သိနိုင်တယ် တွေးမိလို့  Bill တွေ လိုက်ရှာတာ တစ်ခုမှ မရှိ။ နောက်ဆုံးတော့ ခုလို ဖြစ်တာ သိပ်ကြာမယ် မထင်ပါဘူး၊ အချိန်တန် ပြန်ကောင်းသွားမှာပါလို့  စိတ်ဖြေတွေးလေးတွေးပြီး စောစော အိပ်လိုက်ရတယ်။ တော်သေးတယ် အရေးတကြီး လုပ်စရာ မရှိလို့ ။ ဟိုတစ်ခါ အင်တာနက် ပြဿနာ တတ်တုန်းက အရေးတကြီးလုပ်စရာ ရှိနေတော့ အတော်လေး အဆင်မပြေ ဖြစ်သွားခဲ့တယ်။ အင်တာနက် မရှိတဲ့ ဒုက္ခ။

ဒီမနက် တရေးနိုး ၃ နာရီလောက် ကြည့်တဲ့ အထိ အင်တာနက်က မကောင်းသေးဘူး။ Bill မဆောင်လို့ ဖြတ်လိုက်တာလားလို့  တွေးမိပြီး စိုးရိမ်သွားတယ်။ အိမ်ရှင် ဘယ်လို Bill တွေ ဆောင်သလဲ ကိုယ်လည်း မသိ။ ၇ နာရီလောက် အထိ အင်တာနက်က မရသေး။ အလုပ်သွားခါနီး ၈ နာရီလောက်မှာ ကွန်ပြူတာ ကြည့်လိုက်တော့ အင်တာနက် ရနေတာတွေ့ လိုက်ရလို့  အတော်လေး စိတ်ချမ်းသာသွားတယ်။ အီးမေး တစ်ချက် စစ်မယ် လုပ်တုန်း Connection ပြန်ပြတ်သွားပြန်တယ်။ အပြင်မှာ မိုးတွေကလဲ သည်းကြီးမည်းကြီးရွာနေတယ်။ စိတ် မကြည်သာစွာနဲ့  အလုပ် ထွက်လာခဲ့တယ်။ ၀င်းတံခါးနားရောက်မှ အခန်းထဲမှာ ဖုန်းမေ့ကျန်ခဲ့တာ သတိရလို့  ပြန်တတ်ယူရသေးတယ်။ ဒီနေ့  တမနက်လုံး အလုပ်လုပ်ရတာ စိတ်မဖြောင့်ဘူး။ ညနေ အိမ်ပြန်ရောက်တဲ့ အခါ အင်တာနက် ပြန်ကောင်းနေပါစေ ဆုတောင်းနေတယ်။ မဟုတ်ရင် အလုပ်ရှုပ်အုံး တော့မယ်။

Update (28-May-2008): အင်တာနက် သုံးလို့ ရသွားပြီ။

May 25, 2008

Happy Birthday YTNW

You're always close at heart even though our lives are busier than they used to be... even though our phone calls usually catch one of us on our way out the door... and it's just not as easy to get together anymore...

On your birthday and always,
you're in my thoughts,
my heart,
and so many
of my favorite memories.

Happy Birthday, YTNW!!!

Are we Growing Up?

ဆရာတော် ဦးဇောတိက ဟောတဲ့ တရားထဲက အပိုင်းအစ တစ်ခု...
Growing Old is different from Grown Up;
Growing Old = getting older day by day
Grown Up = getting more mature spiritually (your way of thinking + elegant action + art of living)
though we know the definitions, we are never too careful about it's meaning.

Credit to Anatta

Good Password?


May 18, 2008

Waiting On The World To Change - Johon Mayer

Me and all my friends
We're all misunderstood
They say we stand for nothing and
There's no way we ever could
Now we see everything that's going wrong
With the world and those who lead it
We just feel like we don't have the means
To rise above and beat it

So we keep waiting (waiting...)
Waiting on the world to change
We keep on waiting (
waiting...)
Waiting on the world to change

It's hard to beat the system
When we're standing at a distance
So we keep waiting (
waiting...)
Waiting on the world to change
Now if we had the power
To bring our neighbors home from war
They would have never missed a Christmas
No more ribbons on their door
And when you trust your television

What you get is what you got
Cause when they own the information, oh
They can bend it all they want

That's why we're waiting (
waiting...)
Waiting on the world to change
We keep on waiting (waiting)
Waiting on the world to change

It's not that we don't care,
We just know that the fight ain't fair
So we keep on waiting (
waiting...)
Waiting on the world to change

And we're still waiting (
waiting...)
Waiting on the world to change
We keep on waiting (
waiting...)
Waiting on the world to change
One day our generation
Is gonna rule the population
So we keep on waiting (
waiting...)
Waiting on the world to change

Now we keep on waiting (
waiting...)
Waiting on the world to change

A special section, titled Myanmar (Burma) in Google News

ဒီနေ့ Google News မှာ Myanmar(Burma) ဆိုပြီး Section တစ်ခု တိုးလိုက်တာတွေ့ ရပါတယ်။ ခုအချိန်မှာ မြန်မာပြည် အခြေအနေကို တစ်ကမ္ဘာလုံးက စိတ်ဝင်စား စောင့်ကြည့်နေရတဲ့ အချိန်ဆိုတော့ Google က မြန်မာပြည်နဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကို အားလုံး ရှာရလွယ်အောင် ဒီ Section ကို ထည့်လိုက်တာ ဖြစ်မယ်။ အဲဒီ Myanmar (Burma) Section ကို အင်္ဂလိပ် ဘာသာနဲ့ ဖော်ပြသော Google News - Australia, Canada, India, Ireland, New Zealand , South Africa , UK and US version တွေမှာ တွေ့ နိုင် ပါတယ်။
Google News Myanmar(Burma) စာမျက်နှာရဲ့ အပေါ်နားမှာ Donation Link ကိုလည်း ထည့်ပေးထားတာ တွေ့ ရတယ်။
Source : Responding to the crisis in Myanmar (Burma)

Credit to THKZ

May 16, 2008

Free 2 hours call to Myanmar until 22-05-2008

rebtel.com မှာ Account တစ်ခု လုပ်ပြီးရင် မြန်မာပြည် ကို ၂ နာရီ 30 မိနစ် ကြာ Free ဖုန်းခေါ်လို့ ရကြောင်း သိရပါတယ်။ အင်တာနက်ကို သုံးပြီးခေါ်ရ တာ မဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်းကနေ တိုက်ရိုက် ခေါ်ဆိုရတာ ဖြစ်တဲ့ အတွက် သုံးရတာ ပိုပြီး အဆင်ပြေပါတယ်။

Free 2 hours 30 minutes call to Myanmar until 22-05-2008


Update : 17 May 2008
Fair-use policy allows you 2 hours to China. We have to limit the calls to Myanmar to 30 min (10 trial min for new users + 20 min for all users) since the amount of calls is starting to affect the quality.


အသုံးပြုရတာ လွယ်ကူ ပါတယ်။
- rebtel.com မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်တစ်ခု အရင်လုပ်ရပါမယ်။
- ပြီးရင် ကိုယ်ခေါ်ချင်တဲ့ (မြန်မာပြည်) က ဖုန်းနံပါတ်ကို ထည့်လိုက်ပါ။
- Local phone Number တစ်ခု ပေးပါလိမ့်မယ်။ ကိုယ်ဆက်သွယ်ခေါ်ဆိုရမယ် Local Number ကို Webpage မှာ ပြပေးသလို့  မိုဘိုင်းဖုန်း နဲ့  Register လုပ်ထားတယ် ဆိုရင် အဲ့ဒီ ဖုန်းကို SMS ၀င်လာပါတယ်။

ဒါဆို ကိုယ့်ရဲ့ Resigster လုပ်ထားတဲ့ ဖုန်းကနေပြီး အဲ့ဒီ သူတို့ ပေးတဲ့ နံပါတ်ကို တိုက်ရိုက် ခေါ်လိုက်ရင် (ရန်ကုန်က) ကိုယ် ခေါ်ချင်တဲ့ ဖုန်းကို ရောက်သွားပါမယ်။ အဲဒီလို ခေါ်တဲ့ အတွက် rebtel က သူတို့ ရဲ့ Service (IDD Call) ကို Free ပေးပေမယ့် ကိုယ့်ရဲ့ ဖုန်းမှာတော့ Local Charge နဲ့ ပေးရ ပါလိမ့်မယ်။ (Update: သူငယ်ချင်းတစ်ယောက်ပြောလို့ စမ်းကြည့်တာ Mobile နဲ့  SignUp လုပ်ခဲ့ပေမယ့် Home Phone ကိုသုံးပြီး Rebtel ကပေးတဲ့ Local Number ကို ခေါ်တာလဲ ခေါ်လို့ ရပါတယ်)။

နိုင်ငံတိုင်းကတော့ ဒီ Service ကို သုံးလို့  မရပါဘူး။ US, Canada, UK, Singapore, Japan, Australia နဲ့  EU နိုင်ငံတွေက ဖုန်းတွေနဲ့ ဆို Register လုပ်လို့ ရပါတယ်။ Thailand, Malaysia , Korea စတဲ့ နိုင်ငံတွေကတော့ သုံးလို့  မရပါဘူး။ တခြား ဘယ်နိုင်ငံတွေက Register လုပ်ပြီး အသုံးပြုနိုင်သလဲ သိချင်တယ်ဆို Rebtel-countries မှာ ကြည့်လို့ ရပါတယ်။

Phone number တစ်ခု ( Account တစ်ခု) က နေ မြန်မာပြည်ကို ၂ နာရီ ၃၀ မိနစ် IDD Free ပေးတာဆိုတော့ အိမ်ဖုန်း၊ အလုပ်ကဖုန်း၊ မိုဘိုင်းဖုန်း ရှိသမျှ ဖုန်းအကုန်လုံးနဲ့ account တွေ လုပ်ပြီးခေါ် လို့ ရတာပေါ့။ ဖုန်း ၅ လုံး ရှိတယ်ဆိုရင် မြန်မာပြည်ကို ၁၀ နာရီ စကား ပြောလို့  ရပြီ။ ရှိတဲ့ ဖုန်းတစ်လုံးနဲ့  Register လုပ်ပြီးပေမယ့် ရန်ကုန်ကို ခေါ်မကြည့်ရသေးဘူး။ စမ်းခေါ်ကြည့်ပြီးတဲ့ သူတွေ ပြောတာ ကတော့ အဆင်ပြေတယ်။ တချို့ ဆို ၁ နာရီလောက်တောင် ပြောဖြစ်တယ်လို့ ပြောပါတယ်။ တချို့ ကလည်း အသံ သိပ်မကြည်ဘူး ပြောတာ။ ဘာပဲဖြစ်ဖြစ် အလကားခေါ်လို့  ခေါ်လို့  ရနေတုန်း အမြန် ခေါ် သင့်တယ်။

Credit to okisan from NativeMyanmar and Mr.Programmer

The results of the referendum! Believe It or Not???

မြန်မာပြည်မှာ မဲပေးခွင့်ရှိတဲ့ ဦးရေ ၂၂ သန်းကျော်ရှိတဲ့ အနက် ၉၉.၀၇ % က မဲပေးခဲ့ကြပြီး မဲပေးသူဦးရေရဲ့ ၉၂.၄ % နှုန်းက ထောက်ခံမဲ ပေးခဲ့ကြတယ်တဲ့…. ယုံလား…

ပွတ်ကာသီကာ မဟုတ်ဘူးနော်.. မြန်မာပြည်သူပြည်သားတွေက အခြေခံဥပဒေမူကြမ်းကို အပြတ်အသက် ထောက်ခံမဲတွေ ပေးကြတာ။ ၉၂% ထောက်ခံခဲ့တာတဲ့လေ.... ဒီစစ်အစိုးရနှယ်… ဘာကြောင့် မဲပေးသူများရဲ့ ၉၉.၉၉% က ထောက်ခံမဲ ပေးတယ်လို့  မပြောတာလဲ မသိဘူး။ ၀.၀၁% က ပယ်မဲပေါ့။ ဒါမှမဟုတ် မဲပေးသူတွေ အားလုံး၊ ၁၀၀% လုံးက ထောက်ခံမဲ ပေးခဲ့ကြတယ်လို့  ကြေညာလိုက်ပါတော့လား။ အဲ့ဒါဆို မကြုံစဘူး မဲပေးသူအားလုံး ထောက်ခံမဲပေးကြတဲ့ ထူးခြားလှတဲ့ ပြည်လုံးကျွတ် ပြည်သူ့  ဆန္ဒခံယူပွဲကြီးဆိုပြီး ပိုနာမည်ကြီးသွားမှာ..

ဒီနေ့ ထုတ် မြန်မာပြည်ကထုတ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံ နဲ့  The New Light Of Myanmar သတင်းစာတွေရဲ့ မျက်နှာဖုံး ပြည့်လုနီးပါး ပါလာတဲ့ သတင်းခေါင်းစဉ်တွေ။ ဒီနေ့ ထုတ် သတင်းစာတွေကို အသေအချာ ဒေါင်းလုပ်လုတ် သိမ်းထားရတယ်.. သက်သေတွေပေါ့..


May 15, 2008

ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်များအား နှင်ထုတ်နေ..

ဧရာဝတီတိုင်း လပွတ္တာမြို့ က ကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည်တွေ အစိုးရစီက အကူအညီမရတဲ့ အပြင် နှင်ထုတ်ခြင်း ခံနေရတယ်။ ရန်ကုန်တိုင်းအတွင်းမှာ မနေ့ က (၁၄ ရက်နေ့ )အထိပဲ ဒုက္ခသည် ကယ်ဆယ်ရေး စခန်းတွေ ထားခွင့်ပြုမှာ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်း ဒေါပုံမြို့ နယ်က ကယ်ဆယ်ရေး စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို နှင်ထုတ်နေတယ်။ မဖယ်ပေးရင် စစ်တပ်နဲ့ ရှင်းမယ်လို့  ခြိမ်းခြောက်ခံနေရကြောင်း သတင်းတွေကို ဒီဗီဘီမှာ ဖတ်လိုက်ရတယ်။


ဒီနေ့  မနက် တခြား ဆိုဒ်တွေနဲ့  ဖိုရမ်တွေ လိုက်ဖတ်ရင်း ဒီသတင်း လုံးဝမှန်ကန် နေမှန်း သိလိုက်ရတယ်။ ရန်ကုန်တိုင်း အတွင်း ကယ်ဆယ်ရေးစခန်းတွေကနေ လူတွေကို ပြန်ဖို့ ညွှန်ကြားထားကြောင်း သိရတယ်။ ရန်ကုန်မြို့ နယ်အတွင်း ရွှေပြည်သာ၊ လှိုင်သာယာ ကယ်ဆယ်ရေး စခန်းတွေ လုပ်ထားတဲ့ စာသင်ကျောင်းတွေ နဲ့  ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ ကနေပြီးတော့လဲ ပြန်ခိုင်းနေတယ်ဆိုတာ သိလိုက်ရတယ်။

ဒီစစ်အစိုးရကတော့ ပြိုင်ဖက်ကင်းအောင် စာနာမှု့ ကင်းမဲ့ လှပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကိုယ်တိုင်လည်း မကူ၊ သူများတွေ ကူညီချင်တာကိုလည်း တားမြစ်ဟန့် တား၊ ကူတဲ့ ပစ္စည်းတွေကို ကြားက ဖြတ်ယူလုပ်တယ်။ အဲ့လို လုပ်နေတဲ့ကြားက ကူညီချင်သူတွေက နည်းလမ်းတွေရှာပြီး ဒုက္ခသည်တွေလက်ထဲ အလှူပစ္စည်းတွေ ရောက်အောင် လုပ်ဆောင်နေကြတော့၊ ကူညီသူတွေ လုံးဝ မကူညီနိုင်အောင် ဒုက္ခသည်တွေကို နှင်ထုတ်နေပြန်ပြီ။ ဟင်းး.. ဒီစစ်အစိုးရရဲ့ ဆိုးရွားမှု့ ကို နှိုင်းစရာ စကားလုံးတောင် ရှိတော့မယ် မထင်ဘူး။

တွေးမိတယ်။ ဒီ စစ်အစိုးရက ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေ အကုန်နှင်ထုတ်ပြီး မြန်မာပြည်မှာ လေဘေး ဒုက္ခသည် တစ်ယောက်မှ မရှိတော့ပါဘူး။ အခြေအနေအားလုံး တည်ငြိမ်အေးချမ်း သွားပါပြီဆိုပြီး သတင်းထုတ်မလို့ လား မသိဘူး။ နောက်ပိုင်း.. များပြားလှတဲ့ လေဘေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို အမြန်ဆုံး၊ အထိရောက်ဆုံး ဘယ်ပြည်ပနိုင်ငံရဲ့ အကူအညီမှ မယူပဲ လုပ်ဆောင်နိုင်သော အစိုးရ ဆိုပြီး ကြေညာ ဂုဏ်ယူလေအုံးမလား။ ပြောလို့ ရတာ မဟုတ်ဘူး။ ဒီစစ်အစိုးရ အရှက်မရှိတာ အားလုံးအသိ ဆိုတော့ တကယ် အဲ့လိုလုပ်ချင် လုပ်နေမှာ..

May 14, 2008

UN warns another cyclone is forming near Myanmar

နောက်ထပ် ဆိုင်ကလုန်း တစ်ခု မြန်မာပြည်နားမှာ စတင်ဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ကြောင်း Yahoo News မှာ တတ်တာ တွေ့ လိုက်ရပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာ စတင်ဖြစ်ပေါ်နေတဲ့ အဲဒီ ဆိုင်ကလုန်းဟာ နောက်လာမယ့် ၂၄ နာရီအတွင်းမှာ ကြီးထွားလာနိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် UN မှာ ပြောရေးဆိုခွင့်ရှိသူက တော့ အဲဒီ မုန်တိုင်းဟာ အင်အား အသင့်အတင့်လား၊ အင်အားပြင်မလားဆိုတာ အတိအကျ ကြိုတင်ခန့်မှန်းလို့ မရသေး ပြောကြား သွားပါတယ်။ ဒီသတင်းဟာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ မိုးလေ၀သဋ္ဌာနရဲ့ ဋ္ဌာနခွဲတစ်ခု ဖြစ်တဲ့ တိုင်ဖုန်းသတိပေးရေးစင်တာ (JTWC) က လာတာလို့လည်း ပြောကြားသွားပါတယ်။


Breaking News အနေနဲ့  တက်လာတာဖြစ်ပြီး သတင်းထူးတယ်ဆို Update လုပ်မယ် ပြောထားတဲ့အတွက် မူရင်း Yahoo News က သတင်းလင့်နဲ့  တခြား မုန်တိုင်းသတင်းပေးနိုင်မယ့် Website တွေကို စောင့်ဖတ်ကြည့်နေဖို့  လိုပါတယ်။ JTWC ဆိုဒ်မှာလည်း ကြည့်လို့ ရပါတယ်။

အင်အားပြင်းတဲ့ မုန်တိုင်းကြီး ဖြစ်မလာပါစေနဲ့ ၊ အမြန်ဆုံး အားပျော့ ပျောက်ကွယ်သွားပါစေလို့  ဆုတောင်းပါတယ်..
Update (15 May 2008): မနေ့ က ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ အားပျော့ ပျက်ပျယ်သွား ပြီ လို့ သိရပါတယ်။ သတင်းကောင်းပါပဲ။

Update (6:00 PM ): ဒီမှာကတော့ တွက်ချက်ထားတဲ့ မုန်တိုင်း ဖြတ်သန်းသွားနိုင်တဲ့ လမ်းကြောင်းပါ။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်းပြည်နယ်တွေကို ဖြတ်သွားနိုင်ပါတယ်။
Source : http://metocph.nmci.navy.mil/jtwc.php

Website တွေမှာ ဖတ်ကြည့်ရသလောက်တော့ ဒီမုန်တိုင်းဟာ နာဂစ်လောက်တော့ ပြင်းထန်မယ် မထင်ဘူး။ ခုနက အိမ်ကို ဖုန်းဆက်လိုက်တာတော့ ရန်ကုန်မှာ မိုးတွေ အရမ်းရွာနေပြီလို့ သိရပါတယ်။ နာဂစ် ဆိုက်ကလုန်းကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြတဲ့၊ မိုးမလုံ လေမလုံ နေရတွေမှာ ရှိနေကြမယ့် လေဘေးဒုက္ခသည်တွေ အတွက်တော့ စိုးရိမ်ရတယ်။ မကြာခင်မှာလဲ မိုးရာသီက ရောက်တော့မယ်။ :"(

F.Y.I : သတင်း လိုက်ရှာဖတ်ရမှာ အဆင်မပြေဘူးဆို NativeMyanmar Forum - Myanmar Storm Watch Topic မှာ မုန်တိုင်းသတင်းတွေ အလွယ်တကူ ဖတ်ရှု့ နိုင်ပါတယ်။ နေးတစ်ဖိုရမ်မာတွေက အဲဒီနေရာမှာ သူတို့ ဖတ်မိသမျှ၊ သတိထားမိသမျှ မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို တင်ပေးနေတာ တွေ့ ပါတယ်။

ဖတ်၍ ခံစားမိသမျှ နာဂစ် အတွေ့ အကြုံ များ

ခုရက်ပိုင်း သတင်းတွေ အသေးစိတ် လိုက်ရှာ မဖတ်ဖြစ်အောင်၊ ဓာတ်ပုံတွေ၊ ဗီဒီယိုကလစ်တွေ မကြည့်ဖြစ်အောင် ကြိုးစားနေတဲ့ ကြားက ဖတ်ဖြစ်ပြီး ခံစားခဲ့ရတဲ့ ဘလော့ပိုစ့်တစ်ချို့ ..

Nargis True Story - Ko Boyz
မုန်တိုင်းဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသည့် လမ်းမတော်လူငယ် ဘောလုံးအသင်းမှ ကိုကို နှင့် တွေ့ဆုံခြင်း - SYSTEM64.DLL
နာဂစ်နဲ့  ဂျာရစ် - zeRoTraSh
ရန်ကုန်သားတစ်ယောက်ရဲ့ ကိုယ်တွေ့ နာဂစ် - Mg Hla

May 12, 2008

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့် မသွားဖို့ 

ကျွန်မ ရဲ့ သူငယ်ချင်းတချို့ ဟာ လေဘေးဒုက္ခသည်များကို လှူဒါန်းဖို့  အစီအစဉ်လေးတွေ ဆွဲပြီး အလှူငွေများ ကောက်ခံ နေပါတယ်။ ပထဆုံး ပရော့ဂျက် အနေနဲ့  ကောက်ခံတာကတော့ သံလျင် ၁၈ ကုန်းမှာ အိမ်ခြေ ၁၇၆ အိမ်အတွက် တာလပတ်တွေ ၀ယ်ပေးလှူရန် အတွက်ပါ။ တစ်အိမ်ကို ၄၅၀၀ ကျပ်ကျမယ်ဆိုတော့ စုစုပေါင်း ၇သိန်း ၉သောင်းကျော် ကြပါတယ်။ သဒ္စါတရားထက်သန်စွာ လှူဒါန်းချင်တယ်ဆို အသေးစိတ် အချက်အလက်တွေကို ဒီအောက်ကလင့်မှာ ဖတ်ရှူ့  နိုင်ပါတယ်။

နေရောင်အောက်က အသက်ရှူသံတွေ ရပ်တန့် မသွားဖို့  ... ( Project one) until 13-May-2008 11:00 PM

ဒီပရော့ဂျက်အတွက် အလှူငွေတွေကို လာမယ့်အင်္ဂါ နေ့ (၁၃ရက် မေလ) ည ၁၁ နာရီအထိ ကောက်ခံမှာ ဖြစ်ပြီး ဗုဒ္စဟူးနေ့ မှာ ရန်ကုန်သို့ အလှူငွေများ လွှဲအပ်မှာ ဖြစ်သည့် အတွက် လှူဒါန်းချင်တယ်ဆို အမြန်ဆုံး ဆက်သွယ် လှူဒါန်းဖို့  တိုက်တွန်းချင်ပါတယ်။

ဒီ ပရော့ဂျက် အပြီးတွင် တခြားလိုအပ်တဲ့နေရာတွေမှာ လှူဒါန်းရန် အစီအစဉ်လေးတွေ ဆက်လက်လုပ်ဆောင်အုံးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။