Pages

March 14, 2010

Saturday Lunch & Dinner

From Everything
ဆိတ်သားခြောက်ဆီပြန်
From Everything

ငါးပိထောင်း နှင့် သခွါးသီး
From Everything
ငါးခြောက်ထောင်းကြော်
From Everything
အရွက်ပြုတ်
From Everything
ပုဇွန်
From Everything

ငါးသလောက်ဥကြော်
From Everything


မနေ့ က နေ့ လယ်စာရော ညနေစာရော အိမ်မှာပဲ စားဖြစ်တယ်။ ဆိတ်သားခြောက်ဆီပြန် နဲ့  ငါးပိထောင်းက မပြည့် လက်ရာ။ မပြည့် ချက်တဲ့ ဆိတ်သားခြောက်ဆီပြန်ဟင်းက စားလို့ ကောင်းတယ်။ Pressure cooker နဲ့  ချက်တာတွေ့ တယ်။ ငါးသလောက်ဥကြော် နဲ့  ပုဇွန်က အမေ ထည့်ပေးလိုက်တာ။ ငါးသလောက်ဥက နည်းနည်း နုတယ်။ ဒါပေမယ့် မစားရတာ ကြာလို့ လား မသိဘူး စားလို့ ကောင်း သလား မမေးနဲ့ ။ ပုဇွန်က ၃-၄ ခါစားပြီးပြီဆိုတော့ နည်းနည်းပဲ ကျန်တော့တယ်။ ရန်ကုန်က ပုဇွန် နဲ့  ဒီနိုင်ငံက ပုဇွန် အရသာ လုံးဝမတူဘူး ဆိုတာ သိပ်မှန်တာပဲ။

ဒီနေ့  တနင်္ဂနွေနေ့  နေ့ လယ်စာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်သစ်တတ်ပွဲ သွားဖြစ်လို့  အဲဒီမှာ ကျွေးတဲ့ ထောပတ်ထမင်းနဲ့  ကြက်သားဆီပြန်၊ ပဲဆိတ်သား၊ ငါးပိကြော်နဲ့  အချဉ် စားခဲ့တယ်။ ဓာတ်ပုံပြစရာတော့ မရှိဘူး။ ဒီမနက်က မနက်စာ မစား ဖြစ်ဘူးလေ။ နိုးလာတာနဲ့  ရေချိုး၊ Bugis BHG ကိုသွား လက်ဆောင်ဝယ်ပြီး သူငယ်ချင်းအိမ် တန်းသွားဖြစ်ခဲ့တယ်။ ထောပတ်ထမင်းကို အင်းလေးက Special Order လုပ် မှာတာလို့ ပြောတယ်။ မအီဘူး၊ စားလို့ ကောင်းတယ်။ တစ်ပန်းကန် ကုန်အောင် စားဖြစ်တယ်။ ဗိုက်ပြည့်သွားတယ်။ အခု မိုးတွေ ရွာနေတယ်။ အိပ်ငိုက် လိုက်တာ။

March 10, 2010

ပျော်ရာမမျှော်သာတဲ့ မင်းခယောက်ျား

တစ်ခါတစ်လေတော့လည်း ၀မ်းတော့နည်းမိသား
မမြင်တာကြာလို့ မေ့များသွားပြီလား
ပျော်ရာမမျှော်သာတဲ့ မင်းခယောက်ျား
ကိုယ်ရယ်ပါ ... ကိုယ်ရယ်ပါ



မင်းခယောက်ျား..
တေးရေး - စိုင်းခမ်းလိတ်

ရွှေဗဟိုရ်စည်သံမကြားရတဲ့ အဝေးမှာ
တာဝန်လွယ်ကာ စစ်ကြောင်းထွက်နေရ
ပြည်တော်မပြန်နိုင်တဲ့ မင်းခယောက်ျား..
ကိုယ်ရယ်ပါ.. ကိုယ်ရယ်ပါ..

ဘယ်စီကို မျှော်မှန်းပြီး လွမ်းရပါ့
နေရောင်မမြင်တဲ့ ရိပ်ကြီးတောတောင်အကြား
တော်ရာမှာမပျော်တဲ့ မင်းခယောက်ျား
ကိုယ်ရယ်ပါ.. ကိုယ်ရယ်ပါ..

မြင်းယာဉ်ကလေးနဲ့  ညလေညင်းခံကာ
အဖော်အပေါင်းများနဲ့  ထွက်ကစားတဲ့အခိုက်မှာ
ကိုယ့်ရွှေမင်းသမီးလေး ယောင်လို့ တောင်မှ
အဝေးရောက်တစ်ယောက်သောသူကို သတိရမလား

တစ်ခါတစ်လေတော့လည်း ၀မ်းတော့နည်းမိသား
မမြင်တာကြာလို့ မေ့များသွားပြီလား
ပျော်ရာမမျှော်သာတဲ့ မင်းခယောက်ျား
ကိုယ်ရယ်ပါ ... ကိုယ်ရယ်ပါ

March 09, 2010

Your Smile Makes Me Smile

အပြုံးမရှိတဲ့ မျက်နှာ၊ ဒါမှမဟုတ် စိတ်ညစ်ညူးနေတဲ့ မျက်နှာတွေနဲ့  လူတွေကို ဆုံတွေတဲ့အချိန်မှာ ပြုံးပြဖို့ ဆိုတာ သိပ်မလွယ်လောက်ဘူး။ ဒါပေမယ့် ကြည်လင်စွာ ပြုံးနေသူတစ်ယောက်ကို ပြန်ပြုံးပြဖို့ ဆိုတာ သိပ်မခက်ဘူး ထင်ပါတယ်။ ဒီတော့ လူတစ်ယောက်ယောက်နဲ့  တွေ့ တဲ့အခါ ကိုယ်ကစပြီး စိတ်ကြည်ကြည်လင်လင် ပြုံးပြနှုတ်ဆက်မယ်ဆို သူ့ အတွက် ကိုယ့်ကို ပြန်ပြုံးပြနှုတ်ဆက်ဖို့  လွယ်ကူသွားစေမှာပါ။ အပြုံးဆိုတာ ကူးဆက်လွယ်တဲ့ အရာတစ်ခုပါ။ ကူညီတာ ကောင်းပါတယ်။

If someone is too tired to give you a smile, leave one of your own, because no one needs a smile as much as those who have none...

သူများတွေအတွက် မသိဘူး။ ကျွန်မ အတွက်တော့အတော်လေး မှန်တယ်။ တခါတလေ ကိုယ်ဘာသာ စိတ်ရှုပ်စရာတွေရှိနေလို့  ဟိုတွေးဒီတွေး ပြုံးဖို့ တောင်မေ့နေတဲ့ အချိန်တွေ၊ အလုပ်ပင်ပန်းလို့  မလှုပ်ချင်လောက်အောင် ဖြစ်နေတဲ့ အချိန်တွေ လမ်းမှာတွေ့ တဲ့ သူငယ်ချင်းတစ်ယောက်၊ အသိတစ်ယောက်၊ ဒါမှမဟုတ် အလုပ်သွားအလုပ် အပြန်လမ်းမှာ မျက်မှန်းတမ်းမိဖြစ်နေသူ တစ်ယောက်ယောက်၊ တစ်စုံတစ်ယောက်က နှစ်နှစ်ချိုက်ချိုက် ပြုံပြီးနှုတ်ဆက်လာတယ်ဆို သူတို့ ကိုပြန်ပြုံးပြရင်း စိတ်ညစ်ညူးတာတွေ လျှော့သွားသလို ခံစားရတယ်။

ကိုယ်ကအပြုံးနဲ့ နှုတ်ဆက်လို့  တဘက်က ပြန်ပြုံးမပြဘူးဆိုလည်း စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ ။ တခါတလေ လူတွေမှာ ပြုံးဖို့ တောင် အင်အားမရှိတဲ့ အနေအထားမျိုး ရောက်နေတတ် ဆိုတာလေးသာ သတိရလိုက်ပါ။

သာမန် အချိန်ဆိုရင်တော့ ကျွန်မက စပြီး ပြုံးပြနှုတ်ဆက်ဖို့  မမေ့ပါဘူး။ နောက်ဆို ကျွန်မကို အပြင်မှာ သိတဲ့သူတွေ လမ်းမှာတွေ့ ရင် ပြုံးပြီးနှုတ်ဆက်ဖို့  မမေ့ကြပါနဲ့  ။ ကူညီရာ ရောက်ပါတယ်။ ;-) ပြန်ပြီး ပြုံးလို့  နှုတ်ဆက်ခြင်း မရှိရင်လည်း စိတ်မဆိုးပါနဲ့ ၊ မမြင်လို့ ပါ။ ခုနောက်ပိုင်း မျက်မှန်မပါလည်း မမြင်၊ မျက်မှန်ပါလည်း မျက်မှန်နဲ့ ကျင့်သားမရတဲ့ အတွက် ဘာမှသိပ်မမြင်ဘူး ဖြစ်နေတယ်။

March 08, 2010

မရမ်းသီး နောက်ဆက်တွဲ မရမ်းသီးသုတ်...

မနေ့ ညနေက မရမ်းသီးသုတ်

From Burmese Food

မရမ်းသီးနုနည်းနည်းကိုယူ ရေးဆေးပြီးတော့ ပါးပါးလှီး၊ ကြက်သွန်နီကိုလည်း ပါးပါးလှီးပြီးတော့ အနံ့ ပျောက်အောင် ရေဆေးထား၊ ဂေါ်ဖီကိုလည်း ပါးပါးလှီး၊ ပုဇွန်ခြောက်ကို မညက်တညက်လေး ထောင်း၊ အဆင်သင့်ရှိပြီးသား ငါးပိထောင်းက နည်းနည်း၊ ငရုတ်သီးအကျက်မှုန့် လေးထည့်၊ ပဲမှုန့် လေးထည့်၊ ကြက်သွန်နီ ဆီချက်လေးချက်ထားတာလေးထည့် ပြီး အားလုံးရောသုတ်။ ဆားတွေ ဘာတွေကတော့ ကိုယ်ကြိုက်သလောက် ထည့်ပေါ့။ ကျွန်မက အငန်သိပ်မစားတော့ ကျွန်မ ချက်တဲ့ အစားအသောက်တိုင်းက သူများတွေ အတွက်ဆို ပေါ့တာများတယ်။
From Burmese Food

ဒါက စားခါနီး အားလုံး ရောနယ်အပြီး တွေ့ ရတဲ့ပုံ။ ပုံတွေ မလှရင် ရိုက်တဲ့သူ အသုံးမကျလို့ လို့ သာ မှတ်လိုက်ပါ။ အရသာက တကယ်ကောင်းပါတယ်။ ဒါပထမဆုံး မရမ်းသီးနောက်ဆက်တွဲ ပေါ့။ နောက်ထပ် နောက်ဆက်တွဲတွေလာဦးမယ်...

ဒါနဲ့  အဲဒီ မရမ်းသီးသုတ်က ဘယ်သူ့ လက်ရာလို့  ထင်သလဲ။

March 07, 2010

ဘယ်လိုလုပ်စားရင်ကောင်းမလဲ.....

မနေ့ ကတစ်နေကုန် အလုပ်ရှုပ်နေခဲ့တယ်။ ညပိုင်း အစ်ကိုကို ကြိုဖို့  လေဆိပ် သွားတယ်။ အစ်ကို့  အတွက် ငှါးထားတဲ့ နေရာလိုက်ပို့ တာ၊ ညစာစားတာနဲ့  အိမ်ပြန်ရောက်တဲ့ အချိန်က ည ၁ နာရီလောက် ရှိပြီ။ အထုတ်တွေ မဖွင့်နိုင်တော့ဘူး။ အဲဒီအထုတ်တွေထဲမှာ ကိုယ်မှာ လိုက်တာတွေ ပါတယ်ဆိုတာ ညနေပို်င်း အိမ်ကို ဖုန်းဆက်ကတည်းက အိမ်က ပြောလို့ သိနှင့်နေပြီသား။ ထည့်ပေးလိုက်တာတွေ ကိုယ်တစ်ယောက်တည်းဆို မသည်နိုင်မှာ သေချာတဲ့အတွက် အစ်ကိုတွေက အခန်းထဲ အရောက်ပို့ ပေးခဲ့ပါတယ်။ ဒါ တော်ယုံသင့်ယုံပဲ ထည့်ပေးလိုက်တာလို့  အမေက ပြောတာပဲ။

သရက်သီး အစိမ်း ၃ လုံးလည်း ထည့်ပေး လိုက်တယ်လို့ ပြောတယ်။ မရမ်းသီး အရင့်ကိုကတာ့ ထည့်ဖြစ်အောင် ထည့်ပေးလိုက်ပါလို့  အသေအချာမှာ ထားခဲ့တာပါ။ မရမ်းသီးအမှည့် ရရင်ရော ထည့်ပေး လိုက်ရမလား မေးတာ ကိုတော့ မထည့်ပေးပါနဲ့ လို့ ပြောဖြစ်ခဲ့တယ်။အသီး နှစ်ထုတ်ပါတယ်။ တစ်ထုတ်က သရက်သီးနဲ့  မရမ်းသီးအရင့်။
From Burmese Food
တခြား တစ်ထုတ်က မရမ်းသီး မနုမရင့်လေးတွေ။ မရမ်းသီး သိပ် မရင့်တာလေးတွေလည်း တစ်ခုခုပေါ့... မရမ်းသီးသုတ်၊ မရမ်းသီးထောင်း၊ မရမ်းသီးငါးပိချက်... ကိုယ်စားချင်တာ လုပ်စားနိုင်အောင် ဆိုပြီးတော့ ထည့်ပေးလိုက်ပါတယ်လို့  အမေက ပြောတယ်။
From Burmese Food
သရက်သီး၊ မရမ်းသီးတွေကို ဘယ်လို လုပ်စားရင်ကောင်းမလဲ။ငါးသလောက်ဥ နဲ့  ပုဇွန်ကို ရေခဲသေတာထဲ့ထည့်လိုက်တယ်၊ ကျန်တဲ့ အထုတ်တွေကတော့ သေချာ မရှင်းရသေးဘူး။ အကြော်အလှော် ၊ အခြောက်အခြမ်းတွေ ဆိုတော့ နောက်နေ့ မှ ရှင်းလို့ ရတယ်။

မရမ်းသီးဆို အစိမ်းကို ပိုကြိုက်တယ်။ အမှည့်ဆိုလည်း အချိုသီး ထက်စာရင် ချိုချဉ် အရသာကို ပိုနှစ်သက်တယ်။ ဒီနေ့  မရမ်းသီးအကြောင်း လိုက်ဖတ်ကြည့်တော့မှ မရမ်းသီးက အရှေ့ တောင်အာရှက အသီးလို့ သိရတယ်။ ဒါဆို အနောက်ပိုင်း နိုင်ငံမှာ နေတဲ့သူတွေ မရမ်းသီး အစိမ်းစားရဖို့  မလွယ်ဘူးပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ မရမ်းသီးကို တခြားနိုင်ငံတွေကို တင်ပို့ ဖို့  ထိုင်းအစိုးရရ စိုက်ပျိုးသူတွေကို အားပေး ကူညီနေတယ်လို့  ရေးထားတာတွေ့ လို့  ၀ယ်လို့ ရချင် ရနိုင်မယ်။ ဒါလည်း မရမ်းသီးအမှည့် (အချို ) တွေဖြစ်ဖို့ များမယ် ထင်တာပဲ။ ဒါနဲ့  အင်တာနက်ပေါ် လျှောက်ဖတ်ကြည့်မှ မရမ်းသီး တင်မကဘူး၊ မရမ်းရွက်နုကိုလည်း ဆလတ်လုပ်စားတဲ့ အခါ ထည့်စားတယ်။ ထူးထူးဆန်းဆန်း အဲလိုမျိုး ကြားလဲမကြားဖူးသလို တစ်ခါမှလည်း မစားဖူးဘူး။

ဘာရယ် မဟုတ်ပါဘူး။ စားခွင့်ရတုန်းလေး မှတ်တမ်းလေး ရေးထားတယ်ဆိုတဲ့ သဘောပါ။

Source : Wiki

Bouea macrophylla is commonly known in as the Marian plum, Gandaria, and Plum mango.

It is also known as
Ma-praang and Ma-yong (Thailand),
Ramania and Gandaria (Indonesia),
မရမ်းသီး Mayun-Thee (Burma), and
Kundang, Rembunia, and Setar (Malaysia).

March 05, 2010

Blah Blah Blah


ကာတွန်းထဲက ဂါဖီးလို လိုမတွေးပါဘူး :">

March 03, 2010

Breakfast- Steamed Glutinous Rice

မြန်မာပြည်က ကောက်ညှင်းပေါင်း။
From Burmese Food


From Burmese Food


From Burmese Food
Sunday - 17 May , 2009

မနက်စာဆိုပြီး အဖေ ၀ယ်လာပေးတယ်။ ကောက်ညှင်းငချိတ် မရလို့  ကောက်ညှင်းပေါင်းအဖြူပဲ ၀ယ်လာတယ်တဲ့။ ပိုတောင်ကြိုက်သေး။ ပဲပြုတ်လည်းဝယ်ထားတော့ ကောက်ညှင်းပေါင်းကို ဆီ၊ ဆား၊ ပဲပြုတ် နဲ့  နှံ့ အောင်နယ်ပြီး အဆင်သင့်စားလို့ ရအောင် မောင်လေးက ပြင်ဆင်ပေးတယ်။ မောင်လေးက စိတ်ရှည်တယ်။ အိမ်မှာ သူလည်းရှိ ကိုယ်လည်း ရှိနေတယ်ဆို တစ်ခုခုစားမယ်ဆို သူလုပ်ပေးတာမှ ပိုစားကောင်းတယ်ဆိုပြီး အစ်မ နှစ်ယောက် လုံးက ညာခိုင်းနေကြ။ တကယ်လည်း မောင်လေး ပြင်ဆင်ပေးရင် ပိုစားကောင်းပါတယ်။ စိတ်ရှည်လို့ ဖြစ်မယ်။

ကောက်ညှင်းပေါင်းဆို ပုံထဲကလို အဆင်သင့်စားရုံ အဆုပ်လေးတွေ အမြဲလုပ်ပေးတယ်။ ကျွန်မတို့ ကလည်း ဒါမျိုး လုပ်ပေးတာတောင် မစားခင်မှာ နယ်တုန်းက လက်ဆေးရဲ့လား၊ သန့် ရဲ့လား ပြော၊ မသန့် ဘူး၊ လက်ညစ်ပတ်ကြီးနဲ့  နယ်လိုက်တာ ဘာညာ စတာတွေကတော့ မရိုးနိုင်သော အမြဲအနိုင်လု ပြောနေကြ စကားတွေပါပဲ။ နောက်ဆုံး အမေ့ရဲ့ ဆူသံအော်သံလေးကြားမှပဲ ငြင်းနေတာတွေရပ်ပြီး မနက်စာပြီးအောင် စားတော့မယ်။

အဲဒီမနက်က ကောင်ညှင်းပေါင်းနဲ့  စားရအောင်ဆိုပြီး အကြော်တွေလည်း ၀ယ်လာပေးတယ်။ ကြက်သွန်ကြော် က ကျွန်မ အကြိုက်။ ကြက်သွန်ကို အစိမ်းဆို လုံးဝ မစားပေမယ့် အောက်ကပုံထဲကလို ကြော်ထားရင်တော့ ကြိုက်တယ်။
From Burmese Food

ထမင်းကြော်နဲ့  ပဲပြုတ်လည်း စားချင်စားဖို့ လုပ်ပေးထားတယ်။ မပါမဖြစ် လက်ဘက်သုတ်နဲ့  ငါးရံ့ခြောင်ဖုတ် ဆီဆမ်း လည်းရှိပါတယ်။ ကျွန်မက လွဲရင် တခြားသူတွေ အားလုံးက မနက်ပိုင်း ကော်ဖီ သောက်လေ့ ရှိတော့ ကော်ဖီလည်း ဖျော်ထားတယ်။ ကော်ဖီ ဖျော်တာတော့ အမေ ဒါမှမဟုတ် ညီမလေး ကတာဝန်ယူလေ့ ရှိတယ်။

March 02, 2010

ခေါင်းကိုက်နေသည်။


ကိုယ်မဟုတ်ဘူး။

02 March 2010

ခုတလော ဟိုးအရင်ရက်ပိုင်း ထက်စာရင် အလုပ်နည်းနည်း ပါးတယ်။ ဒါလည်း ခနပါ၊ နောက်ပိုင်း အလုပ်ပြန်များဦးမှာ။ ၄ လပိုင်း ကုန်လောက် ရန်ကုန်ပြန်ရင် ကောင်းမလား စဉ်းစားဖြစ်ပါတယ်။ ကွက်တိအလား၊ ကိုယ်ပြန်မယ့် စဉ်းစားတဲ့ ရက်တွေ၊ ဖြစ်နိုင်ရင် အဲဒီရက်တွေ ခွင့်မယူကြပါနဲ့ ဆို အီးမေး ရောက်လာတယ်။ ကိုယ်အရင်မပြောခင် သူတို့ ပြောတာ ဦးသွားတယ် ဆိုရမယ်။ ကိစ္စ မရှိပါဘူး၊ ခွင့်မယူကြပါနဲ့ ဆိုလည်း အဲဒီရက်တွေ မပြန်ပဲနေတာပေါ့။ အထွေအထူးလည်း လုပ်စရာမှ မရှိတာ။ အဆင်ပြေတဲ့ အချိန်မှ ပြန်တော့မယ်။

ဒီရက်ပိုင်း အစ်ကို လာမယ် ဆိုလို့  သူနေဖို့  အခန်းလိုက်ရှာ နေရတယ်။ မတွေ့  သေးဘူး။ တစ်ယောက်တည်း တစ်ခန်း ကလည်း ရှာရခက်တယ်။ ၁ လ အလွန်ဆုံး ၂ လ လောက်ပဲနေမှာ ဆိုတော့ ပိုခက်တယ်။ စင်္ကာပူမှာ အိမ်ခန်းရှာရတဲ့ ဒုက္ခ ဘယ်တော့ မသေးဘူး။ ကိုယ့်အတွက်ရှာရ သူများအတွက် ရှာပေးရတာနဲ့ ။ မလွယ်ပါဘူး။ ဒါဆို အိမ်ဝယ် လိုက်ပါလားလို့ မပြောနဲ့ ။ အိမ်ပိုင်တဲ့ ဒုက္ခကလည်း နည်းမယ် မထင်ဘူး၊ နောက်ပြီး ၀ယ်ဖို့  ကိုယ်ပိုင် ပိုက်ဆံလည်း အလုံအလောက် မရှိဘူး။

ခုတလော လောကကြီး ကြည့်ရတာ ပိုပြီး မရှင်းမရှင်း ဖြစ်ချင်နေတယ်။ မျက်မှန်ပါဝါ သွားစမ်း ရအုံးမယ်။ အလုပ်မှာဆို တစ်ချိန်လုံး ကွန်ပြူတာရှေ့ မှာ၊ အိမ်ရောက်တာနဲ့  ကွန်ပြူတာဖွင့်၊ ကွန်ပြူတာရှေ့ မနေရင် TV ကြည့်၊ TV မကြည့်တဲ့ အချိန် စာဖတ်ဆိုတော့ကား ဒီမျက်လုံးလည်း ခံနိုင်ရည် မရှိတော့ဘူး ထင်ပါတယ်။

ဒါနဲ့  ဟိုတလောက သူငယ်ချင်းတချို့ နဲ့  အပြင်ထွက်ဖြစ်လို့  ဓာတ်ပုံတချို့ ရိုက် ဖြစ်တယ်။ မရိုက်ချင်ပါဘူး ပြောတာကို ရိုက်ပါပြောနေလို့  အားနာတာနဲ့  ဓာတ်ပုံ တစ်ပုံ ၂ ပုံလောက် အရိုက်ခံ လိုက်တယ်။ သူတို့ ပို့ ပေးတဲ့ ပုံတွေကြည့်ပြီး ပိန်သွားပါလား သိလိုက်ရတယ်။ ဒါနဲ့ ပုံတွေ အကုန် ဖျက်ပစ်လိုက်တယ်။ စိတ်ချမ်းသာ သွားတာပေါ့။ အခုပိန်သွားတယ် ပြောတော့ အရင်ကရော ၀လို့ လားဆို မ၀ပါဘူး။

အဲဒီနေ့ က အပြင်ထွက်တာ ပစ္စည်း သွားယူတာ့ပါ။ သွားတယ်၊တွေ့ တယ်၊ စားတယ်၊ လျှောက်သွားတယ်၊ ဓာတ်ပုံတွေ လျှောက်ရိုက်တယ်၊ စကားတွေ ပြောတယ်၊ ပြီးတော့ အိမ်ပြန်လာတယ်။ ပစ္စည်း ယူဖို့ မေ့သွားတယ်။ အဲလိုမေ့တာကို အိမ်အပြန် ရထားပေါ်ရောက်မှ သတိရတယ်။ ကိုယ် မေ့တတ်လာပြီပဲ။ အဲဒီ ပစ္စည်းတွေ အခု အချိန်အထိ မယူရသေးဘူး။ ကိစ္စ မရှိပါဘူး။ အဲဒီ အစ်မကို ပေးဖို့ ပစ္စည်းတချို့ ကိုယ်စီရောက်နေတာ ၁ နှစ်လောက် ရှိပြီ၊ အခုထိ မပေးရသေးဘူး။ အခု ကိုယ့်အတွက် သူ ၀ယ်လာပေးတဲ့ ပစ္စည်းကို သူသိမ်းထားပေးရတာ ၁ လ တောင် မရှိသေးဘူး။ အေးဆေးပေါ့။ နောက်မှယူတော့မယ်။

လူကြုံတောင်မှာပြီး ၀ယ်ခိုင်းရတယ်ဆိုတော့ ဘာတွေများလဲ။ ပုဝါလေးတွေ။ ကိုယ့်အတွက်၊ ကိုယ်သုံးဖို့ မဟုတ်ဘူး။ လူကြီးတွေ အတွက်၊ ကိုယ်တိုင်လည်း မ၀ယ်တတ်လို့  ခရီးသွားတဲ့ အစ်မတစ်ယောက်ကို အဆင်ပြေရင် ၀ယ်လာခဲ့ပေးပါလို့  မှာလိုက်တာ။ ယူပြီးရင်၊ ရန်ကုန်မပို့ ခင် ဓာတ်ပုံရိုက်ပြီး ဒီမှာ တင်အုံးမယ်။ လှတယ်ဆို ၀ယ်လာပေးတဲ့ အစ်မကို ချီးကျူးပါ။

အခုအလုပ်မှာပဲရှိသေးတယ်။ အလုပ်တစ်ခုအပြီး နောက်တစ်ခုလည်း မစချင်၊ အိမ်ပြန်ရဖို့  ကလည်း လက်တစ်လုံးလောက် လိုနေတာနဲ့  စိတ်ထဲရှိတာတွေ ချရေးလိုက်တယ်။ ဒီနေ့  ၆ နာရီထိုးတာနဲ့  အိမ်ပြန်ပြီပဲ။

February 27, 2010

Weekend - Kdrama

ပျင်းနေတယ်၊ အချိန်ရတယ်ဆို ကြည့်ဖို့  ကိုရီးယား ဒရမ်မာ ဇာတ်လမ်းတွဲတွေ။ ကြည့်မယ်ဆို စိတ်ရှည်ဖို့ တော့ လိုမယ်။ အကုန်လုံးက လက်ရှိ ထုတ်လွှင့်နေဆဲ ဇာတ်လမ်းတွဲ တွေကြီးပဲဆိုတော့ တထိုင်ထည်း အပြီး ကြည့်လို့ မရဘူး။ တကယ်ဆို အင်တာနက်ပေါ်က ကြည့်မယ်ဆို ခုလိုအချိန်မျိုး ကြည့်တာ အကောင်းဆုံး ပါပဲ၊ နောက်ကြာမှဆို ဟိုလင့်ကကြည့်မရ ဒီလင့်ကပျက်နဲ့  အဆင်မပြေဘူး။

Stars Falling From The Sky (Wish Upon a Star)
ဒီဇာတ်လမ်းတွဲ စကြည့်တုန်းက မင်းသမီးက ပြာယာခပ်နေတာကြည့်ပြီး သိပ်မကြိုက်ဘူး။ နောက်ပိုင်းတော့ သဘောကျလာတယ်။ ဇာတ်လမ်းတွဲထဲမှာ ပါတဲ့ ကလေး ၅ယောက် သရုပ်ဆောင်တာကြည့်ရတာ ရီရတယ်။ ပေါ့ပေါ့ပါးပါးနဲ့  ကြည့်လို့ ကောင်းတယ်။ အပိုင်း ၂၀ ရှိတာ အခု ၁၄ ပိုင်းပြပြီးပြီ။ ဒီဇာတ်လမ်းတွဲကို Viikii ကနေ ကြည့်ဖြစ်တယ်။ Viikii က တင်တာမြန်တယ် ဆိုတော့ တနင်္လာနဲ့  အင်္ဂါမှာ ကိုရီးယားမှာပြလိုက်တဲ့ အပိုင်းတွေရဲ့ အင်္ဂလိပ်စာတန်းထိုးကို ကြာသာပတေးလောက်ဆို အင်တာနက်ပေါ်မှာ ကြည့်လို့ ရနေပြီ။

ဇာတ်လမ်းတွဲတွေကို တခြားနေရာမှာ ကြည့်ရတာထက်စာရင် Viikii က ကြည့်ရတာကို သဘောပိုကျတယ်။ ဘာလို့ လည်းဆိုတော့ သူများတွေ ရေးထားတဲ့ ကွန်မန့် တွေ့ကို ဖတ်ရတာ တခါတလေ ပိုရီရတယ်။


The Woman Who Still Wants To Marry (Still, Marry Me)
ဒီဇာတ်လမ်းကတော့ လူပြောများလို့  ကြည့်ဖြစ်တာ။ တကယ်ကြည့်တော့ အဲဒီထဲက မင်းသမီး ၃ ယောက်လုံး သရုပ်ဆောင်တာကို သဘောကျတယ်။ သူတို့ ကိုကြည့်ပြီး ရီနေရတယ်။ အမှန်ပြောရရင် ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ရင် ပေါ့ပေါ့ပါးပါး ရီရတဲ့ အခန်းမျိုးပဲ သေချာကြည့်တယ်။ ဘာမှန်းမသိ ရှုပ်ရှက်ခပ်တဲ့ အပိုင်းမျိုးရောက်လာရင် ကျော်ကြည့်လိုက်တယ်။ အေးရော။


ဒီဇာတ်လမ်းကို ViiKii ကနေကြည့်လို့  မရဘူး။ စင်္ကာပူကဆို Viikii မှာ "Translator only in your area" လို့ ပေါ်နေတဲ့ အတွက် DramaSub ကနေ ပြီးကြည့်တယ်။ ၁၆ ပိုင်းရှိတာ အခု ၁၂ ပိုင်းအထိ ပြပြီးပြီ။


Pasta
နောက်တစ်ကားက Pasta ဆိုတဲ့ ဇာတ်လမ်း။ အဓိက ဇာတ်ဆောင်မင်းသားကို အရင် Coffee Prince မှာ ကြည့်ဖူးထဲက မကြိုက်ဘူး။ စိတ်ထဲ သူ့ ကိုကြည့်ရတာ နွဲ့ နေသလိုပဲ။ အထူးသဖြင့် လမ်းလျှောက်ရင်။ မင်းသမီးကလည်း အရမ်း မချောပါဘူး။ ဒါပေမယ့် မင်းသမီး သရုပ်ဆောင်တာကို သဘောကျတယ်။ အဓိက စွဲဆောင်နိုင်တာက မီးဖိုချောင်၊ Chefs တွေ အစားအသောက် ပြင်ဆင် ချက်ပြုတ်တာတွေ ကြည့်ရတာ သဘောကျတယ်။ ဒါမျိုး အပြင်မှာ မြင်ခွင့်မရနိုင်လို့ ကြည့်ဖြစ်တယ်။

ဒါလည်း ViiKii မှာ ကြည့်လို့ မရလို့  Dramasub ကနေပြီး ကြည့်ဖြစ်တယ်။ ဒီဇာတ်လမ်းကြည့်ဖြစ်တိုင်း၊ ဇာတ်လမ်းထဲက Pasta ပွဲတွေတွေ့ တိုင်း သေးလိုက်တာ ပန်းကန်ထဲမှာ ထည့်ပေးတာက နည်းလိုက်တာ ၀မှာမဟုတ်ဘူး လို့  အမြဲ တွေးမိတယ်။


ခေါင်းစဉ်မှာ WeekEnd လို့ တပ်ထားပေမယ့် ဒီဇာတ်လမ်းတွေကို Weekend မှာ ကြည့်ဖြစ်တာ မဟုတ်ဘူး။ ကြားရက်တွေမှာ အချိန်ရတယ်ဆိုမှ နည်းနည်းချင်း ကြည့်ဖြစ်တာ များတယ်။ တစ်ပိုင်းတစ်ပိုင်းမှ ၇ မိနစ်၊ ၈ မိနစ်လောက်ကြာတာဆိုတော့ ကြည့်ချင်တဲ့အခါ အချိန်ရရင် ၁ ပိုင်း ၂ ပိုင်း ကြည့်လိုက်တယ်။ ဟိုးအရင်လို ဇာတ်ကားတစ်ခုလုံး တစ်ထိုင်တည်းပြီးအောင် ကြည့်မယ်ဆိုတဲ့စိတ် မဖြစ်ဘူး။ တခြားအရေးကြီးတာတွေကို ပိုဦးစားပေးနေမယ်လေ။

February 25, 2010

♦ Cartoons : IT Security Awareness - Poison Letter

ဒီအီးမေးကို တွေ့ တော့ အင်တာနက် Wireless သုံးတယ်ဆို Secured ဖြစ်အောင် Password တွေ ဘာတွေ ထည့်ထားရဲ့လား မေးမိရင်၊ မလိုပါဘူး၊ အင်တာနက်ပဲ သုံးချင်တဲ့သူတွေ ၀င်ချိတ်သုံးကြပါစေ ဆိုပြီး အလှူပေးသလို ပြောလေ့ရှိသူတွေကို သတိရသွားတယ်။

Secure ဖြစ်အောင် လုပ်မထားတဲ့ ကိုယ့်အင်တာနက် ကွန်နက်ရှင်ကို သူများဝင်သုံးရင် အင်တာနက်နှေး သွားတာလောက်ပဲ အလွန်ဆုံးဖြစ်နိုင်တယ် ထင်နေကြလို့ လား မသိဘူး။ တကယ်ဆို ဒီထက်မက ကိုယ့်ကို အန္တရာယ် ပေးနိုင်တာတွေ အများကြီး။



အရင်က ဒီမှာ Wireless ကွန်နက်ရှင်ယူဖို့  ဖွင့်လိုက်ရင် Unsecured Network အတော်များများ တွေ့ ရလေ့ ရှိတယ်။ အခုနောက်ပိုင်းမှာတော့ အရင်ကလောက်များများ မတွေ့ ရတော့ပေမယ့် Unsecured Wireless Network တွေ တွေ့နေရတုန်းပါပဲ။

Source : the Infocomm Development Authority of Singapore (IDA).

Other Related Post:
♦ Cartoons : IT Security Awareness - Be Careful
♦ Cartoons : IT Security Awareness - Ghost Writer!!
♦ Cartoons : IT Security Awareness - Backup your files!!
♦ Cartoons : IT Security Awareness - Power Down!
♦ Cartoons : IT Security Awareness

February 22, 2010

ဈေးဝယ်ထွက်ခြင်း

ဒီလိုလေး ရေးမှတ်ထားတော့ နောင်တချိန်ပြန်ကြည့်တဲ့အခါ ဈေးတွေ သိရတာပေါ့။ အဲဒီနေ့ က ဈေးဝယ်တာ အားလုံး GST ပါအပြီးမှာ S$30.65 ကျပါတယ်။ GST က 7% မပါဘူးဆို ကုန်ကျစာရိတ်က S$28.68။



China Cauliflower (S$2.13), Tomato (S$ 1.13), China BeijingCarbage (S$ 0.79)
Lemon (S$ 1.25), Garlic 500G (S$ 1.55), Old Ginger ( S$0.30)

From Everything
Chicken Wings (S$4.50) , Minced Pork (S$ 2.45),
Grey Prawn (S$ 3.14), Fried Crisp (S$ 5.95)

ဓာတ်ပုံရိုက်တဲ့ အထဲမှာ မပါတာက ဆန် နဲ့  ကြက်ဥ။ ဆန်ဈေးတွေ အတော်တက်သွားမှန်း အဲဒီနေ့  ဆန်ဝယ်ဖြစ်မှ သိလိုက်ရတယ်။ မ၀ယ်တာလည်း အနည်းဆုံး ၁ နှစ်ကျော်မကတော့ဘူး ထင်တယ်။ အမှတ်မမှားဘူးဆို ဟိုးအရင် ကျွန်မ ၀ယ်နေကြဆန်က 5KG တစ်ထုတ်ကို S$9 ကျော်လောက် ပေးရတယ်။ အခု ဆန်ဝယ်တော့ 2.5 KG တစ်ထုတ်ကို S$ 6.25 ပေးရတယ်။ အရင်ဆန်လောက်လည်း မကောင်းဘူး။ ကြက်ဥကတော့ ၁၀ လုံးကို S$ 1.25။ သစ်သီးနဲ့  အအေး မ၀ယ်ဖြစ်ဘူး။ သည်နိုင်မယ် မထင်တော့ဘူးဆိုတာ ကိုယ့်ဘာသာသိတယ်။

တရုတ်နှစ်ကူး မတိုင်ခင် သောကြာနေ့  (2010-02-10) က ၀ယ်ဖြစ်တာတွေပါ။ အလုပ်အပြန် NTUC တန်းသွားပြီး ၀ယ်လိုက်တာ၊ ပစ်စည်းတွေက လေး၊ ရာသီဥတုက ပူ၊ ၀တ်ထားတာကလည်း အနက်ရောင် အင်္ကျီလက်ရှည်၊ ချွေးအအေးမိသွားတယ် ထင်ပါရဲ့၊ နောက်နေ့ ကစပြီး နှာရည်တွေကျပြီး ဖျားတော့တာပဲ။ အရင်ထဲက အားနည်းနေတာလဲပါမယ် ထင်တယ်။ စနေ၊ တနင်္ဂနွေ၊ တနင်္လာ နဲ့  အင်္ဂါ တရုတ်နှစ်ကူး ပိတ်ရက်တွေမှာ အစာ စားလိုက်၊ ဆေးသောက်လိုက် အိပ်လိုက် နဲ့  အိမ်မှာပဲ အနားယူလိုက်တယ်။ အဖျားအကြီးလို့  ၀ယ်ထားတာလေးတွေ ချက်စားနိုင်တာ တော်ပါသေးတယ်။ မဟုတ်ရင် ဆိုင်တွေကပိတ်၊ ဘာမှစားစရာမရှိ နဲ့  အတော်ဒုက်ခရောက်အုံးမယ်။

From Everything
ဝက်သားကို လုံးကြော်လိုက်တော့ ဒီလောက်ပဲရတယ်။

From Everything

ပန်းဂေါ်ပွင့်တွေက သူငယ်ချင်းတွေကို သတိရလို့  ၀ယ်လာတာ။ လန်ဒန်မှာ ကျောင်းပိတ်ရက် သွားနေတဲ့ အချိန်က ညသန်းခေါင်းကျော် ဗိုက်ဆာတယ်ဆို ကိုဇာနည်က ပန်းပွင့်ကြော် ကျွေးလေ့ ရှိတယ်။ စားလို့  ကောင်းမှကောင်း။ ကိုဇာနည် ချက်တာ အဓိက လုစားခဲ့တာ ကျွန်မ နဲ့  LKH ဖြစ်မယ် ထင်တယ်။ တခါတလေ သားငယ်လည်း ပါမယ်။ မိကော်၊ စုစု နဲ့  KKT ရောပါသလား။ ကျောင်းတတ်တုန်းက အကြောင်းတွေ စိတ်ကူးပေါ် အချိန်ရမှ သတိတရ ရေးမှတ်ထားရအုံးမယ်။

From Everything
ဒီပုဇွန်ပန်းကန်ကိုတွေ့ ရင် တစ်စုံတစ်ယောက်ကတော့ နည်းနည်းလေး စားရတာ နံကြားတောင် ကပ်မှာ မဟုတ်ဘူးလို့  ပြောလာနိုင်တယ်။ ဒီတစ်ခေါက် ပုဇွန်က ၁၅ ကောင်လား မသိဘူး။ တစ်ပတ်ပဲ ရှိသေးတယ်၊ မေ့သွားပြီ။ ကျွန်မ အကျင့်ကလည်း တမျိုး၊ ဒီမှာ ပုဇွန်ဝယ်ရင် ထည့်တဲ့အချိန်မှာ အကောင် အရေအတွက် စိတ်ထဲက မှတ်ပြီး ၁၀၊ ၁၅၊ ၂၀ အဲလိုမျိုး နံပါတ်တွေ ကောက်ထည့်ဖြစ်တာ များတယ်။
From Everything

February 17, 2010

25 Most Dangerous Programming Errors

Software Developement နဲ့  သက်ဆိုင်တဲ့ နေရာတွေမှာ လုပ်ကိုင်နေသူတိုင်း ဖတ်သင့်ပါတယ်။


The 2010 CWE/SANS Top 25 Most Dangerous Programming Errors is a list of the most widespread and critical programming errors that can lead to serious software vulnerabilities. They are often easy to find, and easy to exploit. They are dangerous because they will frequently allow attackers to completely take over the software, steal data, or prevent the software from working at all.

February 14, 2010

OK 0122L

OK 0122L ဆိုတာ Look 122 ( ဖေဖော်ဝါရီ ၁၂ ရက်နေ့  ) လို့  ပြောချင်တာဖြစ်တယ်လို့  ကြားဖူးပါတယ်။


စိုင်းထီးဆိုင် ဆိုထားတဲ့ ဗားရှင်း ရမယ်ဆိုရင် လိုချင်တယ်။


ဘီးနံပါတ် OK 0122 L

ပိုင်ရှင်သစ်အတွက် လမ်းသစ်ကိုပြေးနေပြီလားဟင်..
ပိုင်ရှင်ဟောင်းနှင့် ကွဲသွားတဲ့ ဘီးကလေးရယ်..
အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ မမေ့..
မင်းသခင်မလေးခမျာလေ သိပ်ကို စွဲလမ်းရှာတယ်
ပြန်ရွေးလို့ ရခဲ့ရင် ပြန်ရွေးလို့ ပေးလိုက်ချင်တယ်.
ဘီးနံပါတ် OK 0122L

ဘယ်နေရာဖြစ်ဖြစ် မိန်းမစီးဘီးတွေ့ တယ်ဆိုခဲ့ရင်
ငါတို့ ဘီးလား အပြေးအလွှားပဲကြည့်မိတယ်
စိတ်ထဲမှာတအုံနွေးနွေး အဆုံးမခံနိုင်သေး..
မင်းသခင်မလေးခမျာလေ စောင့်မျှော်မြဲစောင့်နေတယ်
သခင်သစ်စီခွင့်တောင်းကာ သခင်ဟောင်းစီလိုက်ခဲ့ပါလား..
ဘီးနံပါတ် OK 0122L

ငယ်ကစပြီးရင်းနှီးတဲ့ မင်းနေရာလေးမှာ
ကြင်နာသူတောင် အစားထိုးလို့ မရဘူးရယ်..
မင်းလာရင်လာပါ မင်းမလာရင်လေ...
မင်းသခင်မ အမျက်တော်ဟာ ငါ့အပေါ်ပဲကျလာမှာ..
မင်းသခင်သစ်သာသိတတ်ရင် သူငါ့ကိုခွင်လွှတ်မှာပါ
ဘီးနံပါတ် OK 0122L


Thanks to Ko M W Zaw for SHS version

February 11, 2010

Google Buzz 101

Buzz… Buzz… Buzz..
Google.. Google.. Google..
Buzz… Buzz… Buzz..

ဒီနေ့  အဖို့  နေရာတကာတွေ့ နေရတာ Buzz ပါပဲ။ တကယ်ဆို မနေ့ ကတည်းက စတယ်လို့ ပြောနိုင်တယ်။ ကိုယ်က အလုပ်မှာ ဆိုတော့ ညနေပိုင်းမှ တစ်ချက်ကြည့်ဖြစ်တယ်။ ဒါလည်း ဖုန်းကနေပဲ သုံးလို့ ရတယ်။ Gmail မှာ ပေါ်မလာသေးဘူး။ ညနက်ပိုင်းတစ်ချက် email ၀င်စစ်တော့ ၀င်ဝင်ခြင်းမှာပဲ Buzzကို ရောက်သွားတာ တွေ့ လိုက်ရတယ်။ ဟိုကြည့်ဒီကြည့် နည်းနည်း ကြည့်ပြီး စိတ်ထဲ သဘော သိပ်မတွေ့ သေးတာနဲ့  မနက်မှပဲ သေချာ စမ်းတော့မယ်ဆို ထားလိုက်တယ်။ဒီမနက် သေချာကြည့်မှာ Buzz ကို သုံးတာ Privacy အတွက် သိပ်မကောင်းတာ တွေ့ ရတယ်။ ဒါနဲ့  စမ်းမသုံးခင်မှာ သေချာလိုက်ကြည့်ဖြစ်ခဲ့တယ်။ အသစ်ဆိုတော့ စမ်းကြည့်ချင်တာပေါ့လေ။

Buzz ကို သုံးမယ်ဆို ပထမဆုံးအနေနဲ့  Profile တစ်ခုအရင် ဆောက်ရတယ်။ မဟုတ်ရင် ဘာမှ တင်လို့ မရဘူး။ အဲ့ဒီလို လုပ်တဲ့ အချိန်မှာ သတိမထားပဲ သူပေးထားတဲ့ Default setting အတိုင်းလုပ်လိုက်မယ်ဆို ကိုယ့်ရဲု့Post သမျှတွေ၊ ကိုယ်ဘယ်သူတွေကို Follow လုပ်နေတယ်၊ ကိုယ့်ကို ဘယ်သူတွေက Follow လုပ်တယ် ဆိုတာကို အဲဒီ ကတစ်ဆင့် လူတိုင်း မြင်နိုင်သွားလိမ့်မယ်။ Buzz မှာ Post လုပ်တဲ့ အခါ Private/Public လုပ်မယ်ဆိုတာ မြင်လွယ်တော့ တချို့  အနေ နဲ့  အဲလို လုပ်လို့ ရတယ် ဆိုတာ သိနိုင်ပေမယ့် ကိုယ့်ရဲ့ Profile ကနေ ကိုယ် Follow လုပ်သမျှလူတွေကို တခြားသူတွေ သိခွင့်ရသွားနိုင်တာကိုတော့ လူတိုင်း သတိထားမိချင်မှ သတိထားမိနိုင်တယ် ထင်ပါတယ်။ Profile က Public ဖြစ်နေအုံမယ်ဆို အင်တာနက်ပေါ်က လူတိုင်း ကြည့်လို့ ရသွားမှာ ဖြစ်တဲ့ အတွက် ပိုမကောင်းသေးတယ်။ ကိုယ်နဲ့  ဘယ်သူတွေ အဆက်အသွယ်ရှိနေလဲ လူတိုင်းသိသွားမှာမျိုး ကျွန်မတော့ မကြိုက်ဘူး။ Google အနေနဲ့  Profile မှာ Default Setting ကို Follow လုပ်သမျှ တခြားလူတွေ မြင်ခွင့်ပေးမယ်ဆိုတာ မထားသင့်ဘူးလို့ ထင်တယ်။

ကိုယ်ရဲ့ Follow လုပ်တဲ့ Info တွေကို သူများတွေကို မမြင်စေချင်ဘူးဆို အောက်မှာလို default check လုပ်ထားတာလေးကို uncheck လုပ်ပေးဖို့ လိုပါတယ်။
Profile လုပ်တုန်းက Screen ယူထားလိုက်တာလေးတွေပါ။


Click "View all and Edit" and uncheck the box..

Public မှာ ဘယ်လိုတွေ မြင်နေရတယ်ဆိုတာ သိချင်ရင် ကိုယ့် List မှာရှိနေတဲ့ လူတစ်ယောက်ယောက်ရဲ့ Profile ကို ကြည့်လိုက်ပါ။ အခု အချိန်မှာ လူ အတော်များများရဲ့ တွေက Public ဖြစ်နေတာတွေ့ မိတယ်။

Profile လုပ်တုန်းက မသိလိုက်လို့  မပြောင်းလိုက်ရလို့  ကို သူများတွေ မမြင်အောင် ပိတ်ချင်တယ်ဆို Edit Profile မှာ သွားပြင်လို့ ရပါတယ်။ အောက်ကပုံကို နှိပ်ပြီး အကြီးချဲ့  ကြည့်ပါ။

Buzz ကို သဘောကျလို့  သုံးမယ်ဆို ကိုယ်ရေးတာတွေ အင်တာနက်ပေါ်မှာ လူတိုင်းကြည့်နိုင်တယ် ဆိုတာမျိုး မဖြစ်အောင် သတိထားကြဖို့ လိုပါတယ်။ Buzz မှာ Post လုပ်တဲ့ အခါ ဘယ်လို တင်မယ်ဆိုတာကို ဒီလိုမျိုးလေး ရွေးလို့ ရပါတယ်။
ကိုယ်မသိလိုက်လို့  ကိုယ် Information တွေသူများတွေ သိသွားရတယ် ဆိုတာ မကောင်းဘူး။ ဒါတွေ အရေးမကြီးဘူး လူတွေသိလေ ပိုကောင်းလေ ဆိုရင်တော့လည်း ဒါတွေ ဂရိုစိုက်နေစရာမလိုဘူးပေါ့လေ။

Buzz Buzz Buzz..

နောက်ပြီး အစက မသိလို့  လူတိုင်းကို Follow လုပ်ခွင့်ပေးလိုက်မိတယ်၊ ခု သိသွားပြီ၊ Follow လုပ်ခွင့်မပြုချင်တော့ဘူး ပြန်ဖြုတ်ချင်တယ်ဆိုရင်လည်း Block လုပ်လို့ ရပါတယ်။ Block လုပ်ချင်သူရဲ့ Profile ကိုသွားကြည့်လိုက်ရင် ဒါမျိုးလေးတွေ့ ရမယ်.... Block နှိပ်လိုက်ရင်ရပြီ...
လက်ရှိ Gmail မှာ Buzz က Default အနေနဲ့  ပေါ်နေပါတယ်။ ဘယ်လောက်တောင် Buzz နေတယ်ဆိုတာ မျိုးပြပေးတယ်။


မသုံးချင်ဘူး၊ မကြိုက်လို့  ဖြုတ်ထားချင်တယ် ဆိုလည်း အလွယ်တကူ ဖြုတ်ထားလို့  လုပ်ထားလို့ ရပါတယ်။ Gmail Page ရဲ့ အောက်ဆုံးမှာ Turn Off Buzz ဆိုတာလေးရှိပါတယ်။

ခုတော့ ဒီလောက်ပါပဲ။ အနားယူဖို့  အချိန်ရောက်ပြီ။ လိုတာ ပိုတာ ထပ်သိတာ ရှိရင် နောက်မှပြင်တော့မယ်။

February 10, 2010

အိုင်ပက်.. အိုင်ပက်

ဟိုနေရာတွေ၊ ဒီနေရာတွေ့ တွေ့ နေတဲ့ အိုင်ပက် အကြောင်း တွေရင်း၊ စဉ်းစားရင်း ဟိုးငယ်ငယ်က အမေ မရှိတုန်း အိုင်ပက်ပြီး ငါးသွားဖမ်းလို့  ဒဏ်ပေးခံရတာ သတိရသွားတယ်။

မိုးအကုန်၊ ဆောင်းအကုန်၊ နွေဦးပေါက် အချိန် အင်းအိုင်တွေ၊ ချောင်းတွေ မြောင်းတွေမှာ ရေတွေနည်းလာတဲ့ အခါ အိုက်ပက်ပြီး ငါးဖမ်း ၀မ်းစာရှာကြတယ် ဆိုတာမျိုး ကြားဖူးကြမှာပါ။ ကိုယ်တွေကတော့ ၀မ်းစာရှာတာ မဟုတ်ဘူး ဆော့တာ။ တကယ်တော့ မိုးအကုန်လောက်မှာ ခြံထဲမှာရှိတဲ့ ရေမြောင်းပိတ်ပြီး ငါးဖမ်းတိုင်းဆော့တာမျိုး။ အမေက ကျွန်မတို့ ကို အိမ်မှာထားခဲ့ရမယ်ဆို သူအပြင်မသွားခင် ဘာတွေ မလုပ်ရမှာတွေမျိုး သေချာမှာ သွားလေ့ရှိတယ်။ အဲဒီထဲမှာ ငါးမဖမ်းရဘူးဆိုတာ ထိပ်ဆုံးက ပါတာပေါ့။ ဒါကို မောင်နှမ နှစ်ယောက် အမေ မရှိတုန်းလေး ဆိုပြီး မိုးဖွဲဖွဲလေးမှာ ဆင်းဖမ်းတာ၊ ပြန်လာတော့ ဒဏ်ပေးခံရတော့တာပဲ။ တခြားသူတွေဆော့တာ တွေ့ တော့ ကိုယ်တွေလည်း ဆော့ချင်တာပေါ့။

ငယ်ငယ် ၁ တန်း ၂ တန်းလောက်နေ ၆-၇ တန်းလောက်ထိ မိသားစုတွေ ဆွေမျိုးတွေ စုနေတဲ့ ခြံတခြံထဲမှာ ရှိတဲ့ အိမ်တစ်အိမ်ရဲ့ အောက်ထပ်မှာ ကျွန်မတို့  မိသားစုက ငှါးနေခဲ့တယ်။ ခြံထဲမှာ အသက် သိပ်မကွာတဲ့ ရွယ်တူတွေ အများကြီးဆိုတော့ အားလပ်ရက်တွေဆို အားလုံး စုပြီးဆော့ကြတာ ပျော်စရာသိပ်ကောင်းတယ်။ ပြောရရင် အဲဒီခြံထဲမှာ ရေမြောင်းတွေ အတော်များများ ရှိတယ်။ အကြီးကြီးတွေ မဟုတ်ပါဘူး၊ ရေစီးအောင် အိမ်တွေဘေးပတ်လည်မှာ လုပ်ထားတာဆိုတော့ သိပ်လည်း မနက်ဘူး။ မိုးတွင်းဆိုရင်တော့ ကလေးတွေအတွက် ခါးလောက် ရှိမှာပေါ့။ အဲဒီနေရာက မြစ်နဲ့  သိပ် မဝေးဘူး။ အရမ်းလည်း မနီးပါဘူး။ ဒါပေမယ့် ရန်ကုန်က ရေသွားရေလာ စနစ်တွေသိတဲ့ အတိုင်း မိုးရွာနည်းနည်း များပြီဆို ခြံထဲမှာ ရေတွေ တတ်လာရော။ မိုးတွင်းဆို မိုးရေတဖွေးဖွေးနဲ့  နေခဲ့ရတာပေါ့။ တခါတလေ မိုးများရင် အိမ်ထဲတောင် ရေတွေဝင်တယ်။ အဲလို ရေတတ်တဲ့ အတွက် ငါးတွေလည်း ပါလာတယ်။ မြစ်ကလာတဲ့ ငါးတွေလား ရွံ့ တွင်းအောင်းနေရာက ထွက်လာတဲ့ ငါးတွေလားတော့ သေချာမသိဘူး။ မိုးမများတော့ဘူးဆို ခြံထဲမှာရှိတဲ့ ရေစပ်စပ် ကျန်ခဲ့တဲ့ မြောင်းတွေထဲဆင်း၊ပိတ် အိုင်တွေလုပ်ပြီး ငါးဖမ်းကြတယ်။ မှတ်မိသလောက် အဲဒီတုန်းက သူများတွေ ငါးဖမ်းရင် ဘာတွေ ရလဲဆို ငါးရံ့ ခေါင်းတိုတွေ နဲ့  တလားဘီးယားတွေ။ ငါးရံ့ ခေါင်းရှည်တွေလည်း တခါတလေတွေ့ ရတယ် ထင်တယ်။ မြောင်းစပ်က တွင်းတွေမှာ ငါးရှဥ့် ဖမ်းတာလဲ တွေ့ ဖူးတယ်။ အမေက တခြားနည်းတွေ ကစားရင် ဘာမှမပြောပေမယ့် ငါးဖမ်းတာဆို လုံးဝမကြိုက်လို့  မကစားရဘူး။ တကယ်ဆို ကလေးဆိုတော့ ငါးရအောင် ဖမ်းချင်တာ အဓိက မဟုတ်ဘူး ရွှံတွေထဲ ဆင်းဆော့ ချင်တာ အဓိက ဖြစ်မယ်။ ဒူးလောက်ရှိတဲ့ ရေတွေရွံတွေထဲဆင်းပြီး လက်ခုပ်ထဲမှာ လှုပ်နေတဲ့ ငါးတွေကို ခပ်ကြောက်ကြောက်နဲ့  လိုက်ဖမ်းရတယ်ဆိုတဲ့ အရသာကိုမျိုး။ အဆူခံရတဲ့ နေ့ က ငါးဖမ်းလို့ ရလား၊ ရတယ်ဆို ဘယ်နှစ်ကောင် ဘယ်ငါးတွေရလဲ ဆိုတာတော့ မမှတ်မိတော့ပါ။ ငါးဖမ်းတဲ့အတွက် ဒဏ်ပေးခံရတယ် ဆိုတာတစ်ခုပဲ သတိရတယ်။

အတွေးထဲ ငယ်ငယ်ကအကြောင်း၊ မိုးရာသီ အကြောင်းဝင်လာပြန်တော့ အဲဒီခြံထဲမှာနေခဲ့စဉ် မိုးရာသီရောက်ပြီဆို သွားရလွယ်အောင် ချထားတဲ့ အုတ်နီခဲတွေ အကြားမှာ ဟောတစ်ကောင် ဟောတစ်ကောင် ဆိုသလို တွေ့ ရလေ့ရှိတဲ့ ရေမြွေ အ၀ါနဲ့  အနက်ကြားလေးတွေကို သတိရသွားပြန်တယ်။ ငယ်ငယ်က ဆို မြွေတွေ့ လို့ လည်း မကြောက်ဘူး။ အမြဲနီးပါးတွေ့ နေကြဆိုတော့ ရိုးနေပြီ။ ရေမြွေဆိုတာ အဆိပ်မရှိဘူး ပြောတာပဲ။ အဆိပ်ရှိတဲ့ မြွေတွေကတော့ တွေ့ ရခဲ ပါတယ်။ လုံးဝ မတွေ့ ခဲ့ဘူးတာတော့ မဟုတ်ဘူး။ မြွေပွေး၊ မြွေဟောက်တွေလည်း တွေ့ ဖူးတယ်။ တခါတလေလည်း မြွေ ကပြားလေးတွေကို တွေ့ ရတယ်။ မြွေသံချိတ်ဆိုလား မဲနက်နက် ခေါင်းပြားပြားနဲ့ မြွေတွေလည်း တွေ့ ရတယ်။ ငယ်ငယ်တုန်းက တခြားမြွေတွေကို ကြောက်စိတ်မပေါ်ဘူး။ ခြေထောက်ကို ခုနှစ်ပတ် ပတ်မိတာနဲ့ သေတတ်တယ် ဆိုတဲ့ မြွေကိုတော့ လန့် တယ်။ တွေ့ ဖူးလားဆိုတော့ မတွေ့ ဖူးဘူး၊ တကယ်ရှိ မရှိတောင် မသိဘူး။ သူများအပြော၊ ကိုယ့်အတွေးနဲ့  လန့် တာ။ ထူးဆန်းတယ်။ အခုရော ဘာလန့် လဲဆို ကိုယ့်လာ မကိုက်သ၍ ဘာကောင်မှ မလန့် ဘူးလို့ ပြောရမယ်။ အခု လက်ရှိ ကိုယ်နေတဲ့ နေရာတွေမှာက မြွေဆိုတာမျိုးကို တွေ့ ချင်တိုင်း လွယ်လွယ်ကူကူ တွေ့ ရတာ မဟုတ်ဘူး။ အချိန်ကုန်ခံ ပိုက်ဆံပေးသွားကြည့်ပါမှ တွေ့ နိုင်တာမျိုးလည်း ဖြစ်နေတယ်။ စားမယ်ဆို ပိုဈေးကြီးသေးတယ်။ အင်း... အသက်တွေ ကြီးလာလေလေ ဟိုးငယ်ငယ်ကဆိုပြီး သတိရစရာ၊ ပြန်ပြောင်း အောက်မေ့စရာတွေ များလေလေဆိုတာ သိပ်မှန်တာပဲ။ သိပ်မတွေးပဲနေမှ။

အင်တာနက်ပေါ်မှာ တွေ့ ရသမျှ အိုင်ပက်နဲ့  ပတ်သက်တာတွေ ထဲမှာ ပန်းသီးရဲ့ အိုင်ပက်အပေါ် ဟစ်တလာ ဘယ်လိုတုန့် ပြန်တယ် ဆိုတာကို အကြိုက်ဆုံးပဲ။ အမူအရာနဲ့  စာတွေက ကွတ်တိပဲ။ ရယ်ရတယ်။

February 08, 2010

Lost Generation by Jonathan Reed

Which generation do you belong in?

Jonathan Reed's - Lost Generation from Rock Church


I am part of a lost generation
and I refuse to believe that


There is hope.

And all of this will come true unless we choose to reverse it .

February 07, 2010

07 February 2010


ဒီနေ့  တနင်္ဂနွေနေ့ ။ ဒါပေမယ့် အလုပ်လာရတယ်။ ၂၀၁၀ အတွင်း ပထမဆုံး အလုပ်လာရသော တနင်္ဂနွေနေ့  ပါ။ အလုပ်ကို ၁၀ နာရီလောက် ရောက်တယ်။ ၂ နာရီလောက်မှာ ကိုယ့်အပိုင်းတွေ Test လုပ်တာ ပြီးသွားတယ်။ ကြီးကြီးမားမား ပြဿနာ မရှိဘူး။ မိုင်တာနာ ဒေတာတစ်ခု တစ်နေရာမှာ မပြတာ တွေ့ တယ်ဆိုလို့  တစ်ချက် ပြင်လိုက်ရတယ်။ မြန်ပါတယ်။ အားလုံး ပြင်တာ စမ်းတာမှ ၅ မိနစ် လောက်ပဲ ကြာတယ်။ တစ်ခြား တစ်ယောက်ရေးတဲ့ အပိုင်းမှာလဲ မိုင်နာအယ်ရာ ၂ ခုတွေ့ တယ်လို့  ပြောတယ်။ တကယ်ဆို ဒါတွေကို UAT မှာ ကတည်းက တွေ့ သင့်တယ် ဆိုပေမယ့် ကိုယ်တွေအချိန်လု လုပ်ရသလို ၊ သူတို့ တွေလည်း အချိန်သိပ်မရတာ သိတယ်ဆိုတော့ နားလည်ပေးလိုက်ကြ ပါတယ်။ ပုံမှန်ဆို ဒီလို အချိန်မှာမှ ရှာတွေ့ တဲ့ အယ်ရာကို ကြီးကြီးမားမား ပြဿနာမဟုတ်ရင် ပြင်ပေးလေ့ မရှိဘူး။

တခြားသူတွေ အပိုင်းတွေ Test လုပ်နေတာ မပြီးသေးလို့  မပြန်ရသေးဘူး။ User တွေစီက အားလုံး အဆင်ပြေတယ်ဆိုမှ ပြန်လို့ ရမယ်။ ၂ လကျော် ၃ လ နီးပါး စိတ်ပန်းလူပန်း ဖြစ်နေစေတဲ့ အလုပ်တစ်ခုပြီး သွားပြီဆိုတော့ စိတ်ချမ်းသာသွားတယ်။ အခု အီးမေး ပြန်စရာရှိတာလေးတွေ ပြန်ရင်း၊ တချက်တစ်ချက် ဖေ့ဘုတ်ဝင်ပြီး ဂိမ်းဆော့နေတယ်။ တနင်္ဂနွေမို့ လားမသိဘူး အလုပ်က အင်တာနက်က သိသိသာသာ မြန်နေတယ်။ ဂိမ်းဆိုလို့  တခြားဂိမ်းတွေ မဆော့နိုင်ပါဘူး။ Wall ပေါ်မှာ ပေါ်လာတဲ့ PS က သူများပေးတဲ့ နှင်းဆီးပန်းလေးတွေ ၀င်ဝင်ယူတာပါ။ ၁၂ ရောင်ရှိတယ် ပြောထားတာ၊ ရောင်စုံ အကုန်မရသေးဘူး။ ၁၀ မျိုးပဲ ရသေးတယ်။

ဒီနေ့  ဘယ်အချိန်ပြန်လို့  ရမလဲ မပြောနိုင်သေးဘူး။ သိပ်တော့ ကြာမယ် မထင်ဘူး။ ကြာလည်း ကိစ္စ မရှိပါဘူး။ ကိုယ့်အပိုင်းတွေ ပြီးသွားပြီဆိုတော့ စိတ်ပူစရာလည်း မရှိ၊ လုပ်စရာရှိတာလေးတွေ လုပ်ရင်း ဂိမ်းလေးဆော့လိုက် ဟိုဖတ်ဒီဖတ်လုပ်လိုက်နဲ့ ပဲ ပြန်ရမယ့် အချိန်စောင့်နေလိုက်တော့မယ်။ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။

February 04, 2010

To Have Fun in Pet Society

Pet Society Game (FaceBook) က ပုံတွေပါ။ အဲဒီ အထဲက Items တွေ Shops မှာ တရားဝင် မရောင်းသေးပါဘူး။ လာမယ့် တနင်္လာ (8th-Feb-2010) မှ ရောင်းမှာ။ အသစ်လေးတွေက လည်းဖြစ်ပြန် လှလည်းလှဆိုတော့ PS ဆော့တဲ့သူတွေ မြင်အောင် ဒီနေရာမှာ ကြွားခြင်း ဖြစ်ပါတယ်။ ပစ္စည်းတွေရထားတာ ၂ ရက်လောက်နေပြီ၊ ဒီနေ့ မှပဲ ကြွားအားတော့တယ်။ ;)
Love, Be Mine, I Love You!

Romantic Room
အချိန်သိပ်တဲ့ အတွက်ကြောင့် အခန်းတွေ လှအောင် မပြင်နိုင်ဘူး။ အရင်နှစ်က အရုပ်တွေ၊ ပစ္စည်းတွေနဲ့  တောင် အခန်းမဆင်အားဘူး။ ဒီနှစ်အတွက် အသစ်ထွက်တဲ့ ပစ္စည်းတွေကလည်း များတယ်။ ထွက်သမျှ အသစ် အကုန်ပါအောင် စိတ်ကူးတည့်သလို ကြိုးစားထည့်ပြီး လူများမြင်အောင် ပြလိုက်ပါတယ်။ (ပစ္စည်းတွေများ နေတယ်။ မလှဘူးပြော မှာစိုးလို့  ကြိုကန်ထားတာပါ။)



Red.. Red.. Red..


အလုပ်တွေများ မအားတဲ့ကြားက ဒီလို အချိန်မရမက ယူပြီးကြွားနိုင်တဲ့ ကိုယ့်ကိုကိုယ် ချီးကျူးပါတယ်။ တဆက်တည်း သူများ PS က အကောင်လေးနဲ့  ဆက်ကြွားပါမယ်။

အန်တီထက်ထက် ရဲ့ မိကျားလေး..
အန်တီနေနေလက်ဆောင် အင်္ကျီအသစ်လေး နဲ့  လှနေသူလေးမိကျား

မိကျားရဲ့ နောက်ဆုံး အလှဆင်ထားတဲ့ အခန်း
(Room with full of love and joy)

မိကျားက အတော် ချမ်းသာတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေအများကြီးနဲ့  အခန်းတွေလည်း အများကြီး ပိုင်တယ်။ ချစ်သူခင်သူပေါတဲ့ မိကျားက အန်တီသက်စုဆီက လက်ဆောင်လေးလည်း ရထားသေးတယ်။ အဲဒီ လက်ဆောင်က ၁၄ ရက်နေ့ မှ ဖွင့်လို့ ရမယ်တဲ့။ PS မှာ ဒါမျိုးလေးတွေကလည်း ရှိပါတယ်။ ဘာလေးရမလဲ သိချင်လို့  လက်ဆောင်ထုတ်ဖွင့်ရရင် ကြွားပါအုံးလို့  မိကျားကို သေချာမှာထားတယ်။ ;)

မိကျားနဲ့ အတူ ဓာတ်ပုံအရိုက်ခံထားတာ။ :D


Other Related Post:
X'mas at Pet Society