Pages

April 29, 2008

New Cell Phone

ဒီရက်ပိုင်း ဖုန်းအသစ် ပြောင်းကိုင်ရင် ကောင်းမလား စဉ်းစားနေလို့  ဖုန်းတွေကို နည်းနည်း သတိထားကြည့်မိတယ်။ လက်ရှိသုံးနေတဲ့ ဖုန်း နဲ့  ဖုန်းလိုင်းက ၂ နှစ် စာချုပ်ပြည့်သွားတာ အတော်ကြာဆိုတော့ ဖုန်းလိုင်းကို renew လုပ်ရင်း ဖုန်းအသစ်ပြောင်းကိုင်လို့ ရနေပြီ။ ခုနောက်ပိုင်း ထွက်တဲ့ ဖုန်းတွေက ကောင်းသလို၊ ပါတဲ့ function တွေက အတော်များတော့ ဘယ်အမျိုးအစား၊ ဘယ်မော်ဒယ်ကို ၀ယ်ရမှန်းမသိ ဖြစ်နေတာတဲ့ အချိန်မှာ ဒီကာတွန်းဖတ်ပြီး အရမ်း သဘောကျသွားတယ်။

ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ သုံးလို့ ရတာ မရတာ အသာထား၊ အခု ဟန်းဖုန်းတွေမှာ ပါနိုင်သမျှ function တွေ အကုန်၊ ကိုယ်ကိုင်တဲ့ ဖုန်းမှာ အစုံပါစေချင်တယ်တဲ့။ ကာတွန်းဇာတ်ကောင်လဲ အဲဒီလိုပဲ function အစုံပါတဲ့ ဖုန်းမျိုး လိုက်ရှာရင်း လိုက်ရှာရင်း နောက်ဆုံးမှာ Ring ကလွဲရင် ကျန်တာ အကုန်ပါတဲ့ ဖုန်းမျိုး ၀ယ်ဖြစ်သွားတာ ဖြစ်မယ် ထင်တယ်...

4 comments:

Ko Boyz said...

ဟိ .. သူပြောချင်တာက ဖန်ရှင်အစုံပါတဲ့ ဖုန်းတော့ ဟုတ်ပါရဲ့ ...။ ဖုန်းသံမြည်ဖို့ ခေါ်သူ တစ်ယာက်ေယောက်လောက် လိုနေတာလို့ ဆိုလိုချင်သလား မသိဘူးနော်...။ ဂါးဖီးလ်က ပြောတယ်လေ... လိုနေတာ အပေါင်းအသင်း မိတ်ဆွေ တဲ့...။ ဟိ

Nay Nay Naing said...

အဟတ်.. အဟတ်.. ကိုဘွိုင်း ... လာမှ ရေးပါ့မလားလို့  စိုးရိမ်နေတာ.. :D ဒါနဲ့  ကိုဘွိုင်းရဲ့ ဖုန်းကိုရော ခေါ်မယ့်သူရှိလားဟင်င်...

Ko Boyz said...

ကိုဘွိုင်းဇ်ဖုန်းက အပြင်ကို ဆက်ဖို့ လိုမှ ဖုန်းကိုဖွင့်တာ...။ ဖုန်းတောက်လျှောက်ဖွင့်ထားရင် အူဝဲက ဆက်လာလိုက် ၊ ခင်လေးနွယ်က ဆက်လာလိုက်နဲ့.. မအားရဘူး..။ အလုပ်ပျက်လို့ ဖွင့်မထားပဲ ပိတ်ထားလို့...။

Nay Nay Naing said...

အဲဒီလိုကြီးလား... :P..
ကိုရီးယားမင်းသားနဲ့ တူတဲ့ ခပ်ချောချော ခပ်ထောထော သဘောကောင်းကောင်း အစ်ကိုကြီးဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့လေ..
ဒါနဲ့  ထိုင်းဆိုင်မှာ လိုက်ကျွေးမယ်ဆို. .. ဘယ်တော့ ကျွေးမှာလဲဟင် :D