Pages

October 27, 2007

They're shooting monks in Burma

William F. DeVault ရေးထားတဲ့ "A Poem in Memory of the Monks of Myanmar" ကဗျာကိုဖတ်ပြီး တခြား ကဗျာတွေကို လိုက်ရှာဖတ်ကြည့်ရင်း William F. DeVault နဲ့  သူ့ ရဲ့ ဂီတအဖွဲ့ " The Gods of Love" သီဆိုထားတဲ့ သီချင်းတစ်ပုဒ် နဲ့  အဲ့ဒီသီချင်းအကြောင်းကို ရှင်းပြထားတဲ့ audio file တစ်ခုကို ရှာတွေ့ ပါတယ်။

ဒါနဲ့  ဒီနေ့ ဟာ သတင်းကျွတ်လပြည့်နေ့ ပါ။ ပြီးခဲ့တဲ့ တော်သလင်းလပြည့်နေ့ မှာ စစ်အစိုးရလက်ချက်နဲ့  ပတ္တနိက္ကုဇ္ဇန ကံဆောင်၊ ငြိမ်းချမ်းစွာ လမ်းလျှောက်၊ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြတဲ့ သံဃာတော်တွေရဲ့ သွေး မြေကျခဲ့ရတာ ဆိုတော့ ဒီနေ့ ဆိုရင် တစ်လတင်းတင်းပြည့်ခဲ့ပြီပေါ့။ ခုလက်ရှိ စစ်အစိုးရဟာ သူတို့  အာဏာတည်မြဲဖို့ ဆို မလုပ်ရဲဘူးဆိုတာ ဘာမှမရှိ၊ မလုပ်သေးဘူး ဆိုတာသာ ရှိတယ်ဆိုတဲ့ အကြောင်း နဲ့  ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ သူတို့ ရဲ့ ဘာသာတရားမရှိ၊ ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းမှု့တွေကို မြန်မာပြည်သူတွေသာ မက၊ ကမ္ဘာကပါ သိလိုက်ရတာ တစ်လပြည့်တဲ့ နေ့ ပါပဲ။

အခု ကျွန်မ ရှာတွေ့ တဲ့ သီချင်းနာမည်က "They're shooting monks in Burma" တဲ့။ ကျွန်မရင်ထဲမှာရှိနေတဲ့ စကားတွေကို ရေးသားပြဖို့ လည်း စကားတွေရှာမရတာနဲ့  နားထောင်ဖြစ်တဲ့ သီချင်းလေးအကြောင်းကိုပဲ ဒီနေ့ အတွက် ရေးတင် လိုက်တော့တယ်။ ဒီသီချင်းကို သာမက အဲဒီသီချင်း ရေးသားသီဆိုသူရဲ့ ရင်ထဲက စကားသံတွေကိုလည်း နားဆင်ကြည့် နိုင်ပါတယ်။ ကျွန်မ သီချင်းစာသားကိုပါ လိုက်ရှာ မှတ်ထားလိုက်ပါတယ်။


Source : City of Legands

No comments: