Pages

March 02, 2007

နံနက်ခင်း

"သမီးရေ.. မထသေးဘူးလား။ အိပ်ရေးဝရဲ့လား။ ဒီမနက်စာ ဘာမုန့် စားချင်လဲ ပြော။ အပြင်သွားပြီး မစားချင်ဘူးဆို ဖေဖေကို မုန့် ဝယ်ခဲ့ဖို့  မှာလိုက်မယ်"..... ခုရက်ပိုင်း နံနက်စောစော ကြားနေရတဲ့ စကားသံတွေပါ။ သြော် ဒီလို အသံမျိုးတွေနဲ့  မနိုးထရတာ အတော်ကြာခဲ့ပြီမို့  ခုရက်ပိုင်း မနက်တိုင်း ကြားနေရတဲ့ အသံတွေကို တန်ဖိုးထား နားထောင်နေမိတယ်။

နံနက်ခင်းခြင်းတူပေမယ့် ဟိုကျွန်းနိုင်ငံလေးမှာ ကြုံရတဲ့ နံနက်ခင်းတွေနဲ့  အမေ့ အိမ်မှာ ကြုံရတဲ့ နံနက်ခင်းတွေဟာ အတော်လေး ကွာခြားပါလားနော်။ ဟိုနိုင်ငံမှာဆို မနက်မိုးလင်း၊ နိုးစက်မြည်သံကြားတာနဲ့  ကြုံးရုန်းထ၊ ရေအမြန်ချိုး၊ အ၀တ်လဲ ပြီး အပြေးအလွှား အလုပ်ချိန်မှီအောင် မနည်းသွားရတယ်။ မနက်စာတောင် လမ်းမှာ ၀ယ်သွားပြီး အလုပ်ရောက်မှ အမြန်စားရတယ်။ တချို့ ရက်ဆို အိပ်ရာထ နောက်ကျသွားလို့  မနက်စာ ၀ယ်ဖို့  အချိန်မမှီတာနဲ့  မစားဖြစ်တဲ့ ရက်တွေကလည်း ရှိသေးတယ်။

ခုများတော့ မနက်ဆို ချိုချိုသာသာလေး အိပ်ရာနိုးမယ့် အမေက နဲ့  စားချင်တာ စားဖို့  လိုက်ပို့ ပေးမယ့် အဖေက ဘေးမှာ။ မနက် အမေလာနိုးတဲ့ အချိန်မှာ အိပ်ရေးမ၀သေးလို့  မထချင်ပါဘူးဆို အမေရေ.. သမီး ဘာမုန့် လေးစားချင်တယ်လို့  ပြောပြီး ပြန်အိပ်လို့  ရသေးတယ်။ အိပ်ရေးဝလို့  နိုးလာပြီဆို စားချင်တယ် ပြောထားတဲ့ မုန့် က အဆင်သင့်ပဲ။ အဲ... အိပ်ရေးဝလို့  စောစောထဖြစ်တယ် ဆိုရင်လည်း ဘယ်နားက၊ ဘာဆိုင်က၊ ဘာမုန့် စားချင်တယ်လို့ သာပြောလိုက် စားချင်တာ စားလို့ ရအောင် အဖေနဲ့  အမေက လိုက်ပို့  ပေးတယ်။ အင်း.. ဘယ်လောက်များ ကောင်းလိုက်သလဲနော်..

အိမ်ပြန်ရောက်ပြီး နောက်တရက် မနက်စာ သွားစားတုန်းက ရိုက်ထားတဲ့ ပုံလေးပါ။ နောက်ရက်တွေ သွားစားတာတွေ တော့ camera ယူဖို့  မေ့တာများလို့  ဓာတ်ပုံ မရိုက်ဖြစ်ဘူး။



8 comments:

Myo Kyaw Htun said...

ဟာဗျာ။ သွားရေကျအောင် လုပ်ပြန်ပြီ။

Soe Moe said...

နေနေနိုင်တို့ ရန်ကုန်ပြန်ပြီး အတော်လေးကို ကောင်းစားနေတယ်ဗျာ။ လူတွေမနာလိုအောင်လဲ ဓာတ်ပုံတွေ တင်ထားပါလား။ ၀မ်းသာပါတယ်ဗျာ။

Nay Nay Naing said...

ကောင်းစားနေတာတော့ အမှန်ပါပဲ။ မပူပါနဲ့  အင်တာနက်ရသွားပြီဆိုတော့ ဓာတ်ပုံတွေ အမြဲ တင်ပေးပါဦးမယ် :D

ThuHninSee said...

ဒီပုံအတိုင်းသာဆို ပြန်လာရင် အတော်ဝလာမလားမသိ

မေ said...

နေနေရေ ... ပိုစားခဲ့ ... ပိုပျော်ခဲ့နော်

Anonymous said...

who is u in the photo???? If u don't wanna answer in this blog, pls send mail to me ( doddulim@yahoo.com) if u care...
just wanna know who u r... not to disturb u... just wanna be proud of u..

MYO HAN HTUN said...

နေနေနိုင် ကိုတော့ မမြင်ဖူးတော့ ဘယ်သူမှန်းလဲ လို့တော့ မသိပါ .. ဒါပေမယ့် အောက်ဆုံးပုံထဲက မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်လို့တော့ ထင်မိပါတယ်။ :)

အံ့ပါရဲ့ဗျာ .. ပိန်သာပိန်တယ် .. တော်တော်စားနိုင်တာပဲ ဗျ .. :D

Nay Nay Naing said...

မမွန်နဲ့  မမေ ရေ... ဒီမှာ ကြိုးစားပြီး စားနေပေမယ့် "၀" မလာတာက ခက်တယ်။

ကိုတိုး.. တခါတလေမှာ ပိန်တဲ့ သူတွေက ပိုစားနိုင်တယ်လေ.. မသိဘူးလား :D