Pages

September 26, 2013

Singapore Daisy

မိုးရွာအပြီးမှာ.. တွေ့ လိုက်ရတဲ့ စင်္ကာပူ ဒေစီ...
From Nature


From Nature


ဒီလို ပန်းလေးတွေမြင်ရင် လက်ထဲမှာရှိနေတဲ့ ဖုန်းကို အသုံးမချပဲ မနေနိုင်ဘူး။

[Wiki] Sphagneticola trilobata, commonly known as the Singapore Daisy, Creeping-oxeye, Trailing Daisy, and Wedelia.

September 15, 2013

10 Things Sisters Are Good For

From Others

 10. Loving..

ညီမ၊ အစ်မ ရှိတဲ့သူတွေ ဒီထဲက တစ်ခု ထက်မကကို ကြုံဖူး၊ ပြုလုပ်ဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ညီမ၊ အစ်မ မဟုတ်ပါဘူး၊ မောင်နှမ ရှိတဲ့သူတိုင်း ဒီထဲက အချက်တွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ ကျွန်မတို့ အိမ်မှာ မောင်နှမတွေ အတူရှိချိန်တွေမှာ ၁၊ ၂၊ ၄၊ ၅၊ ၆၊ ၉ ကို လုပ်နေကြပဲ။ အနေနီးနီး ဝေးဝေး အမြဲမှန်တာက နံပါတ် ၁၀ ပါပဲ။

We all love our brothers and sisters. Yes, I love my brothers and sister :-)

September 12, 2013

20130912

From Everything

ဒီနေ့ နေ့ လည်စာ ထမင်းဘူး ယူဖြစ်တယ်။ ထုံးစံအတိုင်း ခပ်လွယ်လွယ်ပဲ။ စားတာများသွားလား မသိဘူး၊ နေ့ လည်စာစားပြီး အိပ်ချင်နေတယ်။

September 05, 2013

Rainy day in Singapore

စင်္ကာပူမှာလည်း ဒါမျိုးတွေ ကြုံရတယ်။
From Singapore
ဒီမနက် အလုပ် အလာလမ်းမှာ ကြုံလိုက်ရတာ။ အောချက်လမ်းမှာ ရေကြီးတယ်ဆိုတဲ့ ဓာတ်ပုံတွေ မြင်ဖူးပေမယ့် ကိုယ်နေတဲ့ နေရာ၊ အလုပ်အသွားလမ်းမှာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါပထမဆုံးပဲ။

September 02, 2013

Avocado Juice

From Everything
ဒီနေ့  နေ့ လည် သိပ်မဆာတာနဲ့ ထောပတ်သီး ဖျော်ရည်တစ်ခွက်နဲ့  မာလကာသီး နည်းနည်းစား ဖြစ်တယ်။ ထောပတ်သီး ဖျော်ရည်ဆိုတာ အမေနဲ့  ညီမလေးက အကြိုက်ပဲ။

ရန်ကုန်မှာ ထောပတ်သီး ပေါ်ချိန်ဆို ထောပတ်သီး စိမ်းတွေ ၀ယ်ပြီး နို့ ဆီနဲ့ ခေါက်ပြီး စားကြ၊ ဖျော်ရည် ဖျော်သောက်ကြတယ်။ သူတို့ ဘယ်လို တိုက်တိုက် အီလို့ ဆိုပြီး သောက်လေ့ မရှိခဲ့ဘူး။ အမြဲ ငြင်းခဲ့တယ်။ ခုတော့လည်း တခါတလေ ထမင်မစားချင်စိတ်မရှိရင် သောက်ဖြစ်တယ်။

NUS PGP Canteen က ထောပတ်သီး ဖျော်ရည်သောက်လို့  ကောင်းတယ်။ တခြား တွေ၊ တခြား ကင်တင်းတွေက ထောပတ်သီးဖျော်ရည်တွေလို ထောပတ်သီး အနံ့  ပါတယ်ဆိုယုံ ထည့်ထားတာမျိုး မဟုတ်ဘူး။ ထောပတ်သီး အရသာပေါ်တယ်။ တစ်ခွက်ကို SG$2.80။ ချောကလက် မပါနဲ့  မပါတာဆို နှစ်မျိုး ရှိတယ်။ ဈေးတူတူပဲ။ ချိုတာ မကြိုက်လို့ ချောကလက်မပါတာပဲ သောက်လေ့ ရှိတယ်။

ပုံက ဒီနေ့  ရိုက်တာ မဟုတ်ဘူး၊ ရိုက်ထားတာ အတော်ကြာပြီု။ ဘာမှ မပါတာထက်စာရင် ချောကလက်ပါတဲ့ ခွက်က ပိုလှတယ်ထင်လို့  သူများတွေ သောက်တုန်း ရိုက်ယူထားဖြစ်ခဲ့တယ်။

August 28, 2013

In love with Nexus 7

မအားတဲ့ ပိုစ့်ရယ် ၊ စားတဲ့ ပိုစ့်ရယ် ၊ ကြွားတဲ့ ပိုစ့်ရယ် ဒါတွေ အရေးများတယ်။

ခုလည်း တစ်ခုခု ရေးမယ် တွေးလိုက်တဲ့အခါ ခေါင်းထဲကို အရင်ဆုံးရောက်လာတာက အလုပ်များတဲ့ အကြောင်း၊ မအားတဲ့ အကြောင်း။ ခေါင်းရှုပ်စရာတွေမို့  အဲ့ဒါတွေ မရေးတာကောင်းတယ် ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ခုက စားတဲ့အကြောင်း၊ သွားတဲ့အကြောင်း။ ခုနောက်ပိုင်း ဘယ်သွားသွား ဘာစားစား အရင်လို စိတ်ကြည်ကြည်လင်လင် မရှိတာများလို့ မရေးချင်သေးဘူး။ နောက်ဆုံးတော့ လွယ်လွယ်ကူကူ ကြွားတဲ့ပိုစ့်လေးပဲ ရေးတော့မယ် ဆုံးဖြတ်လိုက်တယ်။

ကြွားဖို့ ဝယ်တာတော့ မဟုတ်ဘူး။ လိုချင်လို့ ဝယ်ပြီး၊ ၀ယ်ဖြစ်လို့  ကြုံကြွားလေး လုပ်လိုက်မိပါတယ်။ 

Tablet လိုချင်နေတာ ၃-၄ လလောက် ရှိပြီ။ ဘာလုပ်ဖို့ လဲဆို ရုပ်ရှင်ကြည့်ဖို့ ၊ ဂိမ်းဆော့ဖို့ ။ ဆယ်ခါတစ်ခါလောက်တော့ စာဖတ်ဖို့ သုံးဖြစ်မယ် ထင်တယ်။ အရင်က လုံးဝ မလိုချင်ဘူး။ ကွန်ပြူတာသုံးရတာ ပိုကြိုက်တယ်၊ ဒါပေမယ့် အလုပ်များပြီး ပင်ပန်းတော့ အိမ်ပြန်လာရင် ကွန်ပြူတာရှေ့  ထိုင်မသုံးနိုင်တော့ဘူး။ iPad မကြိုက်ဘူး လေးလို့  မလိုချင်ဘူး၊ iPad Mini လည်း အဲ့လောက် ပိုက်ဆံမသုံးသင့်ဖူး ထင်လို့  မ၀ယ်ချင်ဘူး။

ဒါနဲ့  July 2013 မှာ Nexus 7 အသစ်ထွက်တာနဲ့  ၀ယ်ဖြစ်သွားတယ်။

Nexus 7 (2013 version) အရွယ်အစားကလည်း အဆင်ပြေတယ်၊ ဈေးကလည်း သင့်တော်တယ်၊ android devices လည်းတခါမှ မသုံးဖူးတော့ အတွေ့ အကြုံရတာပေါ့လို့ တွေးမိတယ်။

From In Love With

From In Love With

ထွက်ထွက်ချင်း ရအောင် ၀ယ်ပေးတဲ့သူ၊ ယူအက်စ်ကနေ ဒီရောက်အောင် သယ်လာပေးတဲ့သူ နှစ်ယောက်လုံးကို အထူး ကျေးဇူးတင်ပါတယ်။

From In Love With

ဒါက လက်ရှိသုံးနေတဲ့ ဖုန်းနဲ့ ယှဉ်ကြည့်ထားတာ။

ကိုယ်အမြဲသုံးမယ့် ပစ်စည်းတွေက အလေးချိန်နဲ့  အရွယ်အစား အချိုးက ကိုယ့်အကြိုက်ဖြစ်ဖို့ လိုတယ်။ အူကြောင်ကြောင် အကျင့်လို့ ပြောရမယ် ထင်တယ်။ ပစ်စည်းတစ်ခုက ဘယ်လောက်ကောင်ကောင်း အလေးချိန်နဲ့  အရွယ်အစား အချိုးမကျဘူးထင်ရင် မသုံးဖြစ်ဘူး။ ဆိုဒ်ကြီးပြီး အရမ်းပေါ့နေတာ။ ဆိုဒ်သေးပြီး အရမ်းလေးနေတာ မျိုးဆို လုံးဝ မကြိုက်ဘူး။ ဒါကြောင့် ဖုန်း၊ camera ကိုယ်ပိုင်သုံးဖို့ ဝယ်မယ်ဆို မ၀ယ်ခင်မှာ ပစ်စည်းတွေကို လက်မှ သေချာ ဆကြည့်၊ ကိုင်ကြည့်၊ ဘယ်လို ခံစားရလဲ၊ ကြိုက်တာ သေချာမှ ၀ယ်ဖြစ်တယ်။  ၀ယ် တုန်းက အပြင်မှာ မထွက်သေးတော့ စမ်းခွင့်မရ လိုက်ပေမယ့်  အကြိုက်နဲ့  ကိုက်လို့ တော်သေးတယ်။ မကြိုက်ရင် ဆက်သုံးဖြစ်မှာ မဟုတ်တာ သေချာတယ်။ အလေးချိန် အရွယ်အစား နှစ်ခုလုံးက ကိုယ့်အတွက် အဆင်ပြေတဲ့အတွက် Nexus 7 ကို ကိုယ်ပိုင် Tablet အနေနဲ့ သုံးဖြစ်နေပါတယ်။

August 16, 2013

Be Back Soon

This blog has not been updated for some time. 
I am thinking to update it soon ...

June 25, 2013

[Game] My Own Kingdom (epic)

Yes, it is time to build up my own kingdoms within the game ;)

အသိတစ်ယောက် ဆော့တာတွေ့ ပြီး ဒီဂိမ်းကို ဆော့ဖြစ်တယ်။ ဒီဂိမ်းကို လူတိုင်းတော့ ကြိုက်မယ် မထင်ဘူး။ မကြိုက်တဲ့ သူတွေအတွက်တော့ အတော် ပျင်းဖို့ ကောင်းမယ် ထင်တယ်။ EPIC ကာတွန်းကြိုက်တဲ့ သူတွေတော့ သဘော ကျလောက်ပါတယ်။ အဲ့ဒီ ကာတွန်းကြည့်ပြီး ကြိုက်လို့  ဒီဂိမ်းကို တွေ့ တွေ့ ခြင်း ဒေါင်းလုတ်လုပ် စမ်းကြည့်ဖြစ်ခဲ့တာ။

ခုလက်ရှိ ကိုယ့် စိတ်အခြေအနေနဲ့  အံဝင်ခွင်ကျဖြစ်လို့  ဆက် ဆော့ဖြစ်နေတယ်။ ခေါင်းရှုပ်လို့  ဘာမှ မစဉ်းစား ချင်ဘူး။ ဒီဂိမ်းကလည်း ဘာဆို ဘာမှ စဉ်းစားနေစရာ မလိုဘူး။ ဂိမ်းထဲက Task တွေကို တစ်ခုပြီးတစ်ခု လိုက်လုပ်သွားရုံတယ်။ ပုံတွေကြည့်ရတာ ကာတွန်းထဲကလိုပဲ လှတယ်။ စိမ်းစိမ်းစိုစို ရှိတယ်။ ဆော့နေတာ ၂ ရက် ရှိပြီ။ လယ်ဗယ် ၁၄ ရောက်ပြီ။


ကာတွန်းထဲမှာ Grub & Mub ကို သဘောအကျဆုံးပဲ။ ကောင်မလေး က Talking snails ဆိုပြီးပြောတဲ့အချိန်မှာ Mub ပြန်ပြောတဲ့အခန်းကို သဘောကျတယ်။
Mub: What's going on, baby girl?
Mary Katherine: Talking snails.
Mub: Actually, he's a snail. I'm a sluuuug. No shell over here, baby. It just slows me down.

The official game inspired by the 3D animated action-adventure movie (EPIC).
GooglePlay for Android
iTunes Store for iPhone and iPad


June 19, 2013

Haze In Singapore Hits New High - "hazardous"

အလုပ်ကအပြန် ၈ နာရီကျော်က PSI  190 ရှိရာကနေ ည ၉ နာရီမှာ PSI 290၊ အခု ည ၁၁ နာရီမှာ PSI 321 ရောက်သွားပြီ။

အခန်းထဲမှာ တံခါးတွေ ပြူတင်းပေါက်တွေ အလုံပိတ် အဲယာကွန်းဖွင့်ထားလို့ ရလို ခံသာသေးပေမယ့် အဲယားကွန်း မရှိတဲ့ အိမ်တွေ၊ အခန်းတွေမှာ ဘယ်လိုနေကြမလဲ မသိဘူး။ ခုနက မီဖိုချောင်ထဲ ခဏသွားတာ လည်ချောင်းတွေ ချက်ချင်းယားတတ်လာပြီ မရပ်မနား ချောင်းဆက်တိုက်ဆိုးတာနဲ့  ချက်ချင်း အမြန် အခန်းထဲ ပြန်ဝင်လာရတယ်။ ရင်ကြပ်အခံ နည်းနည်းရှိတော့ မီးခိုးနံ့ရတာနဲ့  ချောင်းဆိုးတော့တာပါပဲ။

ဒီမနက် အလုပ်သွားချိန်တုန်းက အဲ့လောက် မဟုတ်သေးဘူး။ ဒါပေမယ့် နေ့ လည်စာ စားချိန်လောက်ကတည်းက PSI 170 လောက် ရောက်နေပြီ။ ဒီရက်တွေမှာ နေ့လည့် အပြင်မထွက်ရအောင် ထမင်းဘူးယူသွားတော့ အဲ့ဒီ ပူတယ်၊ နေရ အတော်ခက်နေပြီ ဆိုတာကို  သူများအပြောနဲ့ ပဲ သိလိုက်တာ။

အလုပ်မှာ တနေကုန် အဲယာကွန်းတွေနဲ့ မို့  မသိသာဘူး။  ဒီညနေ အလုပ်အပြန် ကားဂိတ်မှာ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတော့မှ အတော် အီစိမ့်သွားတယ်။ ကိုယ်တိုင်ခံစားရမှ အရမ်းဆိုးပါလား သိတော့တယ်။ မီးခိုးတွေတင်မကဘူး ပူကလည်း အရမ်းပူတယ်။ ဆိုးတယ်။ မီးဖိုဘေးက နေရသလို ပူစပ်ပူလောင်ကြီနဲ့  ပူတာ။ ဒါတောင် အဲဒီအချိန်က 190 ပဲရှိသေးတယ်။ ခုလို ၃၀၀ ကျော် ဆို ဘယ်လို ပိုဆိုးမယ်။

ခု ဒီတိုင်း ထိုင်နေရင်းတောင် လည်ချောင်းတွေယားလာတယ်။ အိပ်မှ ဖြစ်မယ်။  အခြေအနေ ဒီထက်ပို ဆိုးမလာပါစေနဲ့ လို့ ပဲ ဆုတောင်းရတော့မှာပါပဲ။

---
ဒီညနေ အပြင်သွားစရာရှိတာ သူငယ်ချင်းတစ်ယောက် အကူအညီပေးလို့  သွားဖို့ မလိုပဲ အိမ်တန်းပြန်လာလို့ ရသွားတယ်။ သူသာ မကူညီရင် မလွယ်ဘူး။ ရာသီဥတု အခြေအနေက ဆိုးရတဲ့အထဲ ညနေအလုပ်ပြန်ချိန်မှာ ရထား MRT (NEL) ခရမ်းရောင်လိုင်းကပျက်တော့ လူတွေအကုန် လမ်းပေါ်ရောက်ပြီး ကားလမ်းတွေ တော်တော် ပိတ်သွားတယ်လို့ ပြောတယ်။ ဒီလို မီးခိုး အခြေအနေနဲ့  အပြင်မှာ ၃-၄ နာရီနေလိုက်ရမယ်ဆို အတော်ခံလိုက်ရမှာ။ သူငယ်ချင်းကြီးကို  ကျေးဇူးအထူးတင်ပါကြောင်း. SINGAPORE'S air is now "hazardous" as the Pollutant Standards Index soared to 321 at 10pm, the worst reading in its history.

Air becomes "hazardous" when the index passes 300. The previous worst reading was 226, in 1997. (StraitsTimes)

June 18, 2013

My Lunch Box - 18 June 2013

From Everything

နေ့ လည်အပြင်မထွက်ချင်လို့  ဒီနေ့  ထမင်းဘူးထည့်လာတယ်။ ငါးမုတ်ကြော်တယ်။ ကြက်ဥကို ကြက်သွန် နဲ့  ချယ်ရီ ခရမ်းချဉ်သီးလေးတွေနဲ့ ရောမွှေကြော်ပြီး ချခါနီးတော့ ငရုတ်သီးစိမ်းညှပ်ထည့်လိုက်တယ်။ ထမင်းကို ငါးကြော်ဆီဆမ်းလာတယ်။ ၇း၅၀ အိပ်ရာထ အားလုံးချက်ပြုတ်ပြီး ရေမိုးချိုးလို့  အိမ်က ထွက်တဲ့အချိန် ၈း၃၀။

February 14, 2013

20130214

မိုးနဲ့  ကိုယ်နဲ့  အဆင်မပြေ...
From Others
တစ်ခုကို အစာမစားမှီသောက်ပါ။ တစ်ခုကို အစားစားပြီး သောက်ပါ။ ၅ ရက်စာ ကုန်အောင်သောက်ပါ။

ခုရက်ပိုင်း မိုးရွာလိုက် နေပူလိုက်။ မိုးရွာတာ အတော်ဆိုးတယ်။ ရန်ကုန်က မိုးတွင်းလိုပဲ။ လေတိုက်၊ သည်းသည်းမဲမဲရွာယုံမက၊ တချို့ ရက်တွေဆို မိုးချိန်းတာ ဆူညံနေတာပဲ။ ပိုဆိုးတာက အဲ့ဒီမိုးက နေ့ လည်ထမင်းသွားစားချိန်၊ အလုပ်ပြန်ချိန်ဆို သည်းကြီးမည်းကြီး ပိုရွာတယ်။

အဲဒီလို ရာသီဥတုက မကောင်းတော့ လူလည်း ကျန်းမာရေး မကောင်းတော့ဘူး။ ဖျားတာက ပြီးခဲ့တဲ့ စနေနေ့ ကတည်းက။ ၄ ရက် အလုပ်ပိတ်တာမှာ ၂ ရက်ကျော်ကလောက်က ဖျားတယ်။ ဆေးသောက်လိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ ။ အိမ်ထဲက အိမ်ပြင်မထွက်ဖြစ်ဘူး။ အစားအသောက်တွေကလည်း တရုတ်နှစ်ကူးဆိုင်တွေပိတ်မှာဆိုပြီး လုံလုံလောက်လောက်ဝယ်ထားမိလို့ တော်သေးတယ်။ အကောင်းဖက်က တွေးရင် ပိတ်ရက်အတွင်း ဘာမှပင်ပင်ပန်းပန်းမလုပ် ဖြစ်ဘူးဆိုရမယ်။ မနေ့ က အလုပ်သွားခဲ့ပေမယ့် ဒီနေ့ တော့ မသွားနိုင်တော့ဘူး၊ ခွင့်ယူလိုက်တယ်။ အဖျားမရှိပေမယ့် ချောင်းဆက်တိုက်ဆိုးနေတော့ ဘယ်လိုမှ အလုပ်လုပ်လို့ မဖြစ်ဘူး။

ခုလည်း မိုးတွေက သည်းကြီးမည်းကြီးရွာနေပြန်ပြီ။
From Singapore

February 11, 2013

Burmese Salad (အသုတ်စုံ)

Chinese New Year Long Holiday ရဲ့ ပထမဆုံးနေ့  (စနေနေ့ )က အိမ်မှာ အသုတ်စုံလုပ်စားကြတယ်။ မိုးလေး တစိမ့်စိမ့်မှာ အသုတ်စုံစပ်စပ်ကို ဟင်းခါးပူပူလေးနဲ့  တွဲဖက်စားရတာ အတော်လေး လိုက်ဖက်တယ်။
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

ပုံတွေက ဟိုတခါ သုတ်စားတုန်းက ပုံတွေပါ။ စနေနေ့ တုန်းကတော့ အစားအသောက်ကို စားဖို့ ပဲ စိတ်ဝင်စားနေတာနဲ့  ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။ ဓာတ်ပုံရိုက်ဖြစ်တုန်းက အသုတ်မှာ တို့ ဖူး ပါတယ်။ မနေ့ က အသုန်မှာတော့ ကျောက်ပွင့်ပါတယ်။ ဒီနှစ်ခုကွာတာကလွဲရင် ကျန်တာ အကုန် အတူတူပဲ။  အသုတ်ဆို ကြက်သွန်စိမ်းနဲ့  နံနံပင် မပါဘူးဆို ဘယ်လို သုတ်သုတ် ကြိုက်တာများတယ်။ ချဉ်ချဉ်စပ်စပ်လေး ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အသုတ်စားရင် ဟင်းခါးပါမှ။ အသုတ်က ခပ်အေးအေး အစားအသောက်ဆိုတော့ ဟင်းခါးပူပူလေးပါမှသာ စားလို့ ကောင်းတယ်။ ဟင်းခါးမှာလည်း ခုလို ပုဇွန်ခြောက်၊ ကြွက်နားရွက်မှိ၊ ပဲပင်ပေါက် နဲ့  ဗူးသီးကို ငရုတ်ကောင်း မွှေးမွှေးလေး ခပ်ထားတဲ့ ဟင်းခါးမျိုးဆို အကြိုက်ဆုံးပဲ။

တစ်ပန်ကန်းခြင်း သုတ်စားရတာ အားမရလို့ ခုလို ၃-၄ ပန်ကန်စာ တခါးတည်း သုတ်စားကြတယ်။
From BurmeseSalad

February 08, 2013

All the best!

Dear WX, 
Congratulations and good luck for the future! 
Wish you all the best for your career ahead and hope you find a lot of success! 


အခုအလုပ်မှာ ဒီဇင်ဘာအတွင်း ထွက်စာတင်ရင် ၁၃ လစာ မရဘူးဆိုတဲ့ rule ကရှိနေတော့ ထွက်မယ့်သူတွေအားလုံးက ဇန်န၀ါရီ ၂ ရက်နေ့ မှ ထွက်စာတင်ကြတယ် ထင်တယ်။ ကျွန်မတို့  အဖွဲ့ မှာတင် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ နောက်ဆုံးနေ့ အနေနဲ့  အလုပ်ထွက်သူ ၂ ယောက်ရှိတယ်။

လဆန်းပိုင်းမှာ အလုပ်ထွက်သွားတဲ့ သူတွေ အတွက် နှုတ်ဆက်ပွဲ အနေနဲ့  စားဖြစ်ခဲ့တဲ့ နေ့ လည်စာ..

From Farewell Lunch

From Farewell Lunch

From Farewell Lunch

From Farewell Lunch
From Farewell Lunch
ဒီနေ့  နေ့ လည်စာ ထွက်မစားဖြစ်ဘူး။ ပျင်းလို့ ။ ညီမလေးတစ်ယောက်က အသီးဝယ်ခဲ့ပါမှာပြီး အသီးပဲစားတော့မယ်။ တရုတ်နှစ်ကူးဆိုတော့ ဒီမှာ နောက် ၄ ရက် ဆက်တိုက် ရုံးပိတ်မယ်။

January 24, 2013

[Game] Tasty, Sweet, Divine or Delicious!!

ခုနောက်ပိုင်း ကစားဖြစ်နေတဲ့ ဂိမ်း။ အဲဒီ ဂိမ်းကို ဆော့နေတာ ၂-၃ လလောက် တော့ရှိပြီ။ လက်ရှိ ရောက်နေတဲ့ Level က 102။ 

ဒီဂိမ်းကို ဖုန်းမှာ ဆော့လို့ ရသလို Facebook မှာလည်း ဆော့လို့ ရတယ်။ ကျွန်မကတော့ ဖုန်းနဲ့ ဆော့ဖြစ်တာ များတယ်။ စဆော့တုန်းကတော့ Facebook က စတာပါပဲ။ သူငယ်ချင်းတစ်ယောက် Facebook Wall မှာတွေ့ လို့  စမ်းကြည့်ရတာကနေ သဘောကျတာနဲ့  ဆက်ကစားဖြစ်သွားတယ်။ 

ဂိမ်းထဲမှာ အမှတ်များများရတဲ့ အခါ ကြားရတဲ့ " Tasty, Sweet, Divine or Delicious" ဆိုတာလေးတွေကို သဘောကျတယ်။

စပြီး ကစားတုန်းက သူငယ်ချင်းထဲမှာ ကစားတဲ့သူ ၃ ယောက်မပြည့်လို့  ကိုယ်နိုင်ရာ သူငယ်ချင်းတစ်ယောက်ကို အတင်းကစားခိုင်းပြီး လိုတဲ့အခါ Tickets ပို့ ခိုင်းရတယ်။ တချို့  Level တွေ ရောက်သွားရင် ဆက်စကားဖို့   ဂိမ်းထဲက စကားနဲ့ ပြောရရင်တော့ ခရီးဆက်ထွက်ဖို့ အတွက် ရထားပေါ်တတ်ဖို့  ကားပေါ်တတ်ဖို့  Ticket 3 ခု လိုတယ်လေ။ သူငယ်ချင်း ၃ ယောက်ဆီက အကူအညီ လိုတယ်ပေါ့။ ၃ ခုနဲ့  ရပ်လို့ သာ ဒီဂိမ်းကို ဆက် ကစားဖြစ်နေတာပါ၊ တချို့ ဂိမ်းတွေလို့ လူ ၁၀ယောက်၊ ၁၅ ယောက်စီကနေ အကူအညီခေါ်မှ ရမယ်ဆို  ဆက်ဆော့ဖြစ်မယ် မထင်ဘူး။ ခုနောက်ပိုင်းတော့ သူငယ်ချင်း တချို့  ဒီဂိမ်းကို ကစားလာတာ တွေ့ မိတယ်။ နာမည်ကြီးလာတယ် ထင်တယ်။


ကစားရတာ အရမ်း အချိန် မကုန်ဘူး။ အစွဲအလမ်းမထားပဲ အမြဲတမ်း မကစား ဖြစ်လို့ လားတော့ မသိဘူး။ ခေါင်းရှုပ်ရင်၊ စဉ်းစားရတာများလို့  စိတ်ရှုပ်လာရင် အားရုံပြောင်းတဲ့ အနေမျိုးနဲ့  အဲ့ဒီ ဂိမ်းကို ၄-၅ မိနစ်လောက် ၀င်ဆော့ဖြစ်တာ များတယ်။ တစ်နေ့  အများဆုံး ဆော့ဖြစ်မှ ၃-၄ ကြိမ် ထက် မပိုဘူးဆိုတော့ အရင်ဂိမ်းဆော့တာတွေနဲ့  ယှဉ်မယ်ဆို ဒီဂိမ်းကို ကစားတဲ့အချိန် အတော်နည်းတယ် ပြောရမယ်။

ကစားပြီးသမျှ Level တွေထဲမှာ အကြာဆုံး ကစားလိုက်ရတာ Level 92 ပဲ။ ၄-၅ ရက်လောက် ဆော့တာ မနိုင် နိုင်တာနဲ့  ၁ ပတ်ကျော်လောက် လုံးဝ မဆော့ပဲ ပစ်ထားပြီး ပြန်ဆော့မှ အဲဒီ Level ကျော်နိုင်ခဲ့တော့တယ်။ အရင် စပြီး ကစားစတုန်းကတော့ Level တစ်ခုကို 3 Stars ရအောင် ကစားမယ် ဘာညာ လုပ်သေးတယ်၊ ခုနောက်ပိုင်း Level တစ်ခု ပြီးရင် ပြီးတာပဲ ဆိုတဲ့ စိတ်နဲ့ ပဲ ကစားဖြစ်ပါတော့တယ်။

Play on Facebook
Dwonload at iTune - for iPhone, iPad and iPod Touch
Download at Google Play - for Android

January 16, 2013

16 January 2013

မနေ့ ညနေပိုင်း ထုံးစံအတိုင်း မိုးကမှိုင်းမှိုင်း၊ ရာသီဥတု မသာယာ၊ နေလို့ မကောင်း၊ အိမ်ပြန်ရောက်၊ ညစာစားပြီးတန်းအိပ်၊ အစာမကြေဖြစ်၊ အိပ်ရေးမ၀၊ အိပ်ယာထ နောက်ကျ၊ မနက်စာ မစားဖြစ်၊ ရေတောင်မသောက်၊ တမနက်လုံး အလုပ်ရှုပ်၊ ခုမှ နေ့ လည်စာ သွားစားဖြစ်တယ်။



Spaghetti မှာ Spaghetti Aglio E Olio တစ်ခုပဲစားလို့ ရတယ်။ တခြားဟာ တွေ မကြိုက်။ အထူးသဖြင့် ခရမ်းချဉ်သီးဆော့ နဲ့  ဆို ပိုစား မ၀င်ဘူး။ Coke သောက်တာ ကျန်းမာရေးရှု့ ဒေါင့်ကကြည့်ရင် မကောင်းဘူး၊ လျှော့သောက်မယ် စိတ်ကူးပေမယ့် တစ်နေ့  နှစ်နပ်အပြင်မှာ စားဖြစ်တယ်ဆို တစ်ခါလောက်မှာတော့  သောက်ဖြစ်နေတုန်းပဲ။

နေ့ လည်စာ စားချိန်ကုန်လို့  အလုပ်ပြန်စဖို့  အချိန်ရောက်ပြန်ပြီ။ နောက် ၄-၅ နာရီလောက် အလုပ်လုပ်ရအုံးမယ်။ ဒီနေ့ ညနေ ၇ နာရီမခွဲမှီ အိမ်ပြန်ဖို့ စိတ်ကူးတယ်။ ၆ နာရီ ပြန်လို့ ရရင်တော့ အကောင်းဆုံးပေါ့။

January 14, 2013

Back to Blogging..

ကိုယ့် Blog လေး ပြန်ကြည့်ရင်း ၂၀၁၀-၂၀၁၁-၂၀၁၂ တွေမှာ ကိုယ်ဘာတွေများ လုပ်နေလဲ  ပြန်တွေးကြည့်မိတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ က ကိစ္စတွေကို၊ တွေ့ ကြုံခဲ့ရတာတွေကို မှတ်မိနေသေးပေမယ့် ၂၀၁၀-၂၀၁၁ က အရာတွေကိုတော့ အိပ်တယ်၊ စားတယ်၊ အလုပ်ရှိတဲ့ရက်တွေ အလုပ်သွားတယ် ဆိုတာမျိုးက လွဲရင် ဘာမှ စဉ်းစားမရ၊ ပြန်တွေးမရ သလောက်ဖြစ်နေပြီ။ ဘ၀က ပျင်းစရာ ကောင်းလိုက်တာ။

အရင်က ဟိုးရှေ့ ပိုင်းနှစ်တွေကတော့ နေ့ တိုင်းနီးပါး မဟုတ်တောင် ပုံမှန်လေး ကိုယ်ကြုံတွေ့  နေရတာလေးတွေကို ရေးဖြစ်ခဲ့တယ်။ အဲ့လိုတွေ ရေးဖြစ်ခဲ့လို့ .. ခုလို  ပြန်ကြည့်မိတဲ့ အခါ၊ အဲဒီအချိန်တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်၊ ကိုယ်ဘာတွေ လုပ်ဖြစ်တယ်ခဲ့တယ်၊ ဘာတွေကို အာရုံရ၊ စိတ်ဝင်စားနေတယ် ဆိုတာလေးတွေ ပြန်ပြီး သိရတယ်။ တချို့  အကြောင်းအရာတွေက အဲ့ဒီအချိန်တွေကသာ အဲ့ဒီလို မရေးဖြစ်ခဲ့ဘူးဆို ခုချိန်မှာ ဘယ်လိုမှ မှတ်မိနိုင်စရာမရှိတာ သေချာတယ်။ စိတ်ညစ်နေတဲ့အချိန်တွေလည်း ရှိနေခဲ့သလို၊  ပျော်နေတဲ့ အချိန်တွေ ရှိခဲ့တယ်။ ဘာပဲပြောပြော နည်းနည်း စိတ်ဝင်စားစရာတော့ ကောင်းသေးတယ်။

ခုနောက်ပိုင်း ဘာလို့  Blog မရေးဖြစ်သလဲ စဉ်းစား ကြည့်မိတယ်။ အလုပ်များလို့ လား၊  အခုမှ အလုပ်များတာ မဟုတ်ပါဘူး။ အရင်ကလည်း သူ့ အတိုင်းအတာနဲ့ သူတော့ အလုပ်များခဲ့တာပဲ။ ကိုယ်ဘာတွေရေးလဲ။ ထူးထူးခြားခြား မဟုတ်၊ ကိုယ်ကြုံတွေ့ ရတာလေးတွေ၊ စိတ်ထဲ တွေးမိတာလေးတွေပဲ  ချရေးတာဆိုတော့ တကယ်ရေးမယ်ဆို ဘာမှ မကြာလှဖူး။ ချရေးချင်တဲ့ စိတ်လေးရှိဖို့ ပဲလိုတယ်။

အချိန်တွေက ဒီလိုပဲ အိပ်လိုက်၊  စားလိုက်၊ အလုပ်လုပ်လိုက်နဲ့  ကုန်သွားမှာပဲ။ အိပ်တာ၊ စားတာ၊ အလုပ်သွားတာ အပြင် ကိုယ်တခြား ကိစ္စတွေလည်း လုပ်ဖြစ်ခဲ့ပါသေးတယ် ဆိုတာမျိုးလေး အမှတ်တရရှိစေဖို့  ၊ ခေါင်းရှုပ်နေတယ်၊ ပျင်းနေတယ်၊ ဖျင်းနေတယ်၊ တော်နေတယ် ပျော်နေတယ် ဆိုတာမျိုး  ကိုယ့်ကိုကိုယ် ပြန်မြင်နိုင်အောင်လို့ Blog လေး ပြန်ရေးတော့မယ် စိတ်ကူးတယ်။

I have decided to back to blogging. :-)

December 30, 2012

Que Sera, Sera

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

November 20, 2012

Obama Embraces Democracy In Burma

London Evening Standard Newspaper Front Page 
19 November 2012