Pages

February 14, 2013

20130214

မိုးနဲ့  ကိုယ်နဲ့  အဆင်မပြေ...
From Others
တစ်ခုကို အစာမစားမှီသောက်ပါ။ တစ်ခုကို အစားစားပြီး သောက်ပါ။ ၅ ရက်စာ ကုန်အောင်သောက်ပါ။

ခုရက်ပိုင်း မိုးရွာလိုက် နေပူလိုက်။ မိုးရွာတာ အတော်ဆိုးတယ်။ ရန်ကုန်က မိုးတွင်းလိုပဲ။ လေတိုက်၊ သည်းသည်းမဲမဲရွာယုံမက၊ တချို့ ရက်တွေဆို မိုးချိန်းတာ ဆူညံနေတာပဲ။ ပိုဆိုးတာက အဲ့ဒီမိုးက နေ့ လည်ထမင်းသွားစားချိန်၊ အလုပ်ပြန်ချိန်ဆို သည်းကြီးမည်းကြီး ပိုရွာတယ်။

အဲဒီလို ရာသီဥတုက မကောင်းတော့ လူလည်း ကျန်းမာရေး မကောင်းတော့ဘူး။ ဖျားတာက ပြီးခဲ့တဲ့ စနေနေ့ ကတည်းက။ ၄ ရက် အလုပ်ပိတ်တာမှာ ၂ ရက်ကျော်ကလောက်က ဖျားတယ်။ ဆေးသောက်လိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ ။ အိမ်ထဲက အိမ်ပြင်မထွက်ဖြစ်ဘူး။ အစားအသောက်တွေကလည်း တရုတ်နှစ်ကူးဆိုင်တွေပိတ်မှာဆိုပြီး လုံလုံလောက်လောက်ဝယ်ထားမိလို့ တော်သေးတယ်။ အကောင်းဖက်က တွေးရင် ပိတ်ရက်အတွင်း ဘာမှပင်ပင်ပန်းပန်းမလုပ် ဖြစ်ဘူးဆိုရမယ်။ မနေ့ က အလုပ်သွားခဲ့ပေမယ့် ဒီနေ့ တော့ မသွားနိုင်တော့ဘူး၊ ခွင့်ယူလိုက်တယ်။ အဖျားမရှိပေမယ့် ချောင်းဆက်တိုက်ဆိုးနေတော့ ဘယ်လိုမှ အလုပ်လုပ်လို့ မဖြစ်ဘူး။

ခုလည်း မိုးတွေက သည်းကြီးမည်းကြီးရွာနေပြန်ပြီ။
From Singapore

February 11, 2013

Burmese Salad (အသုတ်စုံ)

Chinese New Year Long Holiday ရဲ့ ပထမဆုံးနေ့  (စနေနေ့ )က အိမ်မှာ အသုတ်စုံလုပ်စားကြတယ်။ မိုးလေး တစိမ့်စိမ့်မှာ အသုတ်စုံစပ်စပ်ကို ဟင်းခါးပူပူလေးနဲ့  တွဲဖက်စားရတာ အတော်လေး လိုက်ဖက်တယ်။
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

ပုံတွေက ဟိုတခါ သုတ်စားတုန်းက ပုံတွေပါ။ စနေနေ့ တုန်းကတော့ အစားအသောက်ကို စားဖို့ ပဲ စိတ်ဝင်စားနေတာနဲ့  ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။ ဓာတ်ပုံရိုက်ဖြစ်တုန်းက အသုတ်မှာ တို့ ဖူး ပါတယ်။ မနေ့ က အသုန်မှာတော့ ကျောက်ပွင့်ပါတယ်။ ဒီနှစ်ခုကွာတာကလွဲရင် ကျန်တာ အကုန် အတူတူပဲ။  အသုတ်ဆို ကြက်သွန်စိမ်းနဲ့  နံနံပင် မပါဘူးဆို ဘယ်လို သုတ်သုတ် ကြိုက်တာများတယ်။ ချဉ်ချဉ်စပ်စပ်လေး ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အသုတ်စားရင် ဟင်းခါးပါမှ။ အသုတ်က ခပ်အေးအေး အစားအသောက်ဆိုတော့ ဟင်းခါးပူပူလေးပါမှသာ စားလို့ ကောင်းတယ်။ ဟင်းခါးမှာလည်း ခုလို ပုဇွန်ခြောက်၊ ကြွက်နားရွက်မှိ၊ ပဲပင်ပေါက် နဲ့  ဗူးသီးကို ငရုတ်ကောင်း မွှေးမွှေးလေး ခပ်ထားတဲ့ ဟင်းခါးမျိုးဆို အကြိုက်ဆုံးပဲ။

တစ်ပန်ကန်းခြင်း သုတ်စားရတာ အားမရလို့ ခုလို ၃-၄ ပန်ကန်စာ တခါးတည်း သုတ်စားကြတယ်။
From BurmeseSalad

February 08, 2013

All the best!

Dear WX, 
Congratulations and good luck for the future! 
Wish you all the best for your career ahead and hope you find a lot of success! 


အခုအလုပ်မှာ ဒီဇင်ဘာအတွင်း ထွက်စာတင်ရင် ၁၃ လစာ မရဘူးဆိုတဲ့ rule ကရှိနေတော့ ထွက်မယ့်သူတွေအားလုံးက ဇန်န၀ါရီ ၂ ရက်နေ့ မှ ထွက်စာတင်ကြတယ် ထင်တယ်။ ကျွန်မတို့  အဖွဲ့ မှာတင် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ နောက်ဆုံးနေ့ အနေနဲ့  အလုပ်ထွက်သူ ၂ ယောက်ရှိတယ်။

လဆန်းပိုင်းမှာ အလုပ်ထွက်သွားတဲ့ သူတွေ အတွက် နှုတ်ဆက်ပွဲ အနေနဲ့  စားဖြစ်ခဲ့တဲ့ နေ့ လည်စာ..

From Farewell Lunch

From Farewell Lunch

From Farewell Lunch

From Farewell Lunch
From Farewell Lunch
ဒီနေ့  နေ့ လည်စာ ထွက်မစားဖြစ်ဘူး။ ပျင်းလို့ ။ ညီမလေးတစ်ယောက်က အသီးဝယ်ခဲ့ပါမှာပြီး အသီးပဲစားတော့မယ်။ တရုတ်နှစ်ကူးဆိုတော့ ဒီမှာ နောက် ၄ ရက် ဆက်တိုက် ရုံးပိတ်မယ်။

January 24, 2013

[Game] Tasty, Sweet, Divine or Delicious!!

ခုနောက်ပိုင်း ကစားဖြစ်နေတဲ့ ဂိမ်း။ အဲဒီ ဂိမ်းကို ဆော့နေတာ ၂-၃ လလောက် တော့ရှိပြီ။ လက်ရှိ ရောက်နေတဲ့ Level က 102။ 

ဒီဂိမ်းကို ဖုန်းမှာ ဆော့လို့ ရသလို Facebook မှာလည်း ဆော့လို့ ရတယ်။ ကျွန်မကတော့ ဖုန်းနဲ့ ဆော့ဖြစ်တာ များတယ်။ စဆော့တုန်းကတော့ Facebook က စတာပါပဲ။ သူငယ်ချင်းတစ်ယောက် Facebook Wall မှာတွေ့ လို့  စမ်းကြည့်ရတာကနေ သဘောကျတာနဲ့  ဆက်ကစားဖြစ်သွားတယ်။ 

ဂိမ်းထဲမှာ အမှတ်များများရတဲ့ အခါ ကြားရတဲ့ " Tasty, Sweet, Divine or Delicious" ဆိုတာလေးတွေကို သဘောကျတယ်။

စပြီး ကစားတုန်းက သူငယ်ချင်းထဲမှာ ကစားတဲ့သူ ၃ ယောက်မပြည့်လို့  ကိုယ်နိုင်ရာ သူငယ်ချင်းတစ်ယောက်ကို အတင်းကစားခိုင်းပြီး လိုတဲ့အခါ Tickets ပို့ ခိုင်းရတယ်။ တချို့  Level တွေ ရောက်သွားရင် ဆက်စကားဖို့   ဂိမ်းထဲက စကားနဲ့ ပြောရရင်တော့ ခရီးဆက်ထွက်ဖို့ အတွက် ရထားပေါ်တတ်ဖို့  ကားပေါ်တတ်ဖို့  Ticket 3 ခု လိုတယ်လေ။ သူငယ်ချင်း ၃ ယောက်ဆီက အကူအညီ လိုတယ်ပေါ့။ ၃ ခုနဲ့  ရပ်လို့ သာ ဒီဂိမ်းကို ဆက် ကစားဖြစ်နေတာပါ၊ တချို့ ဂိမ်းတွေလို့ လူ ၁၀ယောက်၊ ၁၅ ယောက်စီကနေ အကူအညီခေါ်မှ ရမယ်ဆို  ဆက်ဆော့ဖြစ်မယ် မထင်ဘူး။ ခုနောက်ပိုင်းတော့ သူငယ်ချင်း တချို့  ဒီဂိမ်းကို ကစားလာတာ တွေ့ မိတယ်။ နာမည်ကြီးလာတယ် ထင်တယ်။


ကစားရတာ အရမ်း အချိန် မကုန်ဘူး။ အစွဲအလမ်းမထားပဲ အမြဲတမ်း မကစား ဖြစ်လို့ လားတော့ မသိဘူး။ ခေါင်းရှုပ်ရင်၊ စဉ်းစားရတာများလို့  စိတ်ရှုပ်လာရင် အားရုံပြောင်းတဲ့ အနေမျိုးနဲ့  အဲ့ဒီ ဂိမ်းကို ၄-၅ မိနစ်လောက် ၀င်ဆော့ဖြစ်တာ များတယ်။ တစ်နေ့  အများဆုံး ဆော့ဖြစ်မှ ၃-၄ ကြိမ် ထက် မပိုဘူးဆိုတော့ အရင်ဂိမ်းဆော့တာတွေနဲ့  ယှဉ်မယ်ဆို ဒီဂိမ်းကို ကစားတဲ့အချိန် အတော်နည်းတယ် ပြောရမယ်။

ကစားပြီးသမျှ Level တွေထဲမှာ အကြာဆုံး ကစားလိုက်ရတာ Level 92 ပဲ။ ၄-၅ ရက်လောက် ဆော့တာ မနိုင် နိုင်တာနဲ့  ၁ ပတ်ကျော်လောက် လုံးဝ မဆော့ပဲ ပစ်ထားပြီး ပြန်ဆော့မှ အဲဒီ Level ကျော်နိုင်ခဲ့တော့တယ်။ အရင် စပြီး ကစားစတုန်းကတော့ Level တစ်ခုကို 3 Stars ရအောင် ကစားမယ် ဘာညာ လုပ်သေးတယ်၊ ခုနောက်ပိုင်း Level တစ်ခု ပြီးရင် ပြီးတာပဲ ဆိုတဲ့ စိတ်နဲ့ ပဲ ကစားဖြစ်ပါတော့တယ်။

Play on Facebook
Dwonload at iTune - for iPhone, iPad and iPod Touch
Download at Google Play - for Android

January 16, 2013

16 January 2013

မနေ့ ညနေပိုင်း ထုံးစံအတိုင်း မိုးကမှိုင်းမှိုင်း၊ ရာသီဥတု မသာယာ၊ နေလို့ မကောင်း၊ အိမ်ပြန်ရောက်၊ ညစာစားပြီးတန်းအိပ်၊ အစာမကြေဖြစ်၊ အိပ်ရေးမ၀၊ အိပ်ယာထ နောက်ကျ၊ မနက်စာ မစားဖြစ်၊ ရေတောင်မသောက်၊ တမနက်လုံး အလုပ်ရှုပ်၊ ခုမှ နေ့ လည်စာ သွားစားဖြစ်တယ်။



Spaghetti မှာ Spaghetti Aglio E Olio တစ်ခုပဲစားလို့ ရတယ်။ တခြားဟာ တွေ မကြိုက်။ အထူးသဖြင့် ခရမ်းချဉ်သီးဆော့ နဲ့  ဆို ပိုစား မ၀င်ဘူး။ Coke သောက်တာ ကျန်းမာရေးရှု့ ဒေါင့်ကကြည့်ရင် မကောင်းဘူး၊ လျှော့သောက်မယ် စိတ်ကူးပေမယ့် တစ်နေ့  နှစ်နပ်အပြင်မှာ စားဖြစ်တယ်ဆို တစ်ခါလောက်မှာတော့  သောက်ဖြစ်နေတုန်းပဲ။

နေ့ လည်စာ စားချိန်ကုန်လို့  အလုပ်ပြန်စဖို့  အချိန်ရောက်ပြန်ပြီ။ နောက် ၄-၅ နာရီလောက် အလုပ်လုပ်ရအုံးမယ်။ ဒီနေ့ ညနေ ၇ နာရီမခွဲမှီ အိမ်ပြန်ဖို့ စိတ်ကူးတယ်။ ၆ နာရီ ပြန်လို့ ရရင်တော့ အကောင်းဆုံးပေါ့။

January 14, 2013

Back to Blogging..

ကိုယ့် Blog လေး ပြန်ကြည့်ရင်း ၂၀၁၀-၂၀၁၁-၂၀၁၂ တွေမှာ ကိုယ်ဘာတွေများ လုပ်နေလဲ  ပြန်တွေးကြည့်မိတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ က ကိစ္စတွေကို၊ တွေ့ ကြုံခဲ့ရတာတွေကို မှတ်မိနေသေးပေမယ့် ၂၀၁၀-၂၀၁၁ က အရာတွေကိုတော့ အိပ်တယ်၊ စားတယ်၊ အလုပ်ရှိတဲ့ရက်တွေ အလုပ်သွားတယ် ဆိုတာမျိုးက လွဲရင် ဘာမှ စဉ်းစားမရ၊ ပြန်တွေးမရ သလောက်ဖြစ်နေပြီ။ ဘ၀က ပျင်းစရာ ကောင်းလိုက်တာ။

အရင်က ဟိုးရှေ့ ပိုင်းနှစ်တွေကတော့ နေ့ တိုင်းနီးပါး မဟုတ်တောင် ပုံမှန်လေး ကိုယ်ကြုံတွေ့  နေရတာလေးတွေကို ရေးဖြစ်ခဲ့တယ်။ အဲ့လိုတွေ ရေးဖြစ်ခဲ့လို့ .. ခုလို  ပြန်ကြည့်မိတဲ့ အခါ၊ အဲဒီအချိန်တွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်၊ ကိုယ်ဘာတွေ လုပ်ဖြစ်တယ်ခဲ့တယ်၊ ဘာတွေကို အာရုံရ၊ စိတ်ဝင်စားနေတယ် ဆိုတာလေးတွေ ပြန်ပြီး သိရတယ်။ တချို့  အကြောင်းအရာတွေက အဲ့ဒီအချိန်တွေကသာ အဲ့ဒီလို မရေးဖြစ်ခဲ့ဘူးဆို ခုချိန်မှာ ဘယ်လိုမှ မှတ်မိနိုင်စရာမရှိတာ သေချာတယ်။ စိတ်ညစ်နေတဲ့အချိန်တွေလည်း ရှိနေခဲ့သလို၊  ပျော်နေတဲ့ အချိန်တွေ ရှိခဲ့တယ်။ ဘာပဲပြောပြော နည်းနည်း စိတ်ဝင်စားစရာတော့ ကောင်းသေးတယ်။

ခုနောက်ပိုင်း ဘာလို့  Blog မရေးဖြစ်သလဲ စဉ်းစား ကြည့်မိတယ်။ အလုပ်များလို့ လား၊  အခုမှ အလုပ်များတာ မဟုတ်ပါဘူး။ အရင်ကလည်း သူ့ အတိုင်းအတာနဲ့ သူတော့ အလုပ်များခဲ့တာပဲ။ ကိုယ်ဘာတွေရေးလဲ။ ထူးထူးခြားခြား မဟုတ်၊ ကိုယ်ကြုံတွေ့ ရတာလေးတွေ၊ စိတ်ထဲ တွေးမိတာလေးတွေပဲ  ချရေးတာဆိုတော့ တကယ်ရေးမယ်ဆို ဘာမှ မကြာလှဖူး။ ချရေးချင်တဲ့ စိတ်လေးရှိဖို့ ပဲလိုတယ်။

အချိန်တွေက ဒီလိုပဲ အိပ်လိုက်၊  စားလိုက်၊ အလုပ်လုပ်လိုက်နဲ့  ကုန်သွားမှာပဲ။ အိပ်တာ၊ စားတာ၊ အလုပ်သွားတာ အပြင် ကိုယ်တခြား ကိစ္စတွေလည်း လုပ်ဖြစ်ခဲ့ပါသေးတယ် ဆိုတာမျိုးလေး အမှတ်တရရှိစေဖို့  ၊ ခေါင်းရှုပ်နေတယ်၊ ပျင်းနေတယ်၊ ဖျင်းနေတယ်၊ တော်နေတယ် ပျော်နေတယ် ဆိုတာမျိုး  ကိုယ့်ကိုကိုယ် ပြန်မြင်နိုင်အောင်လို့ Blog လေး ပြန်ရေးတော့မယ် စိတ်ကူးတယ်။

I have decided to back to blogging. :-)

December 30, 2012

Que Sera, Sera

Que sera, sera
Whatever will be, will be
The future's not ours to see
Que sera, sera
What will be, will be

November 20, 2012

Obama Embraces Democracy In Burma

London Evening Standard Newspaper Front Page 
19 November 2012

November 07, 2012

Free Movies Online: Watch32

Hari Raya Haji အားလပ်ရက်မှာ အွန်လိုင်းကနေ ရုပ်ရှင်တွေကြည့်ဖြစ်တယ်။ သူငယ်ချင်း တစ်ယောက် ပေးလို့  အဲဒီဆိုဒ်ကို သိခဲ့ရတာတာပါ။ Download လုပ်စရာ မလို၊ (streaming) တိုက်ရိုက်ကြည့်ရတာပါ။ တင်ပေးထားနေရာတွေ များတော့ ကိုယ်အဆင်ပြေတဲ့ နေရာကို ရွေးကြည့်လို့ ရတယ်။ ကျွန်မ ကတော့ Google လင့်ကနေ ကြည့်တာများတယ်။ စောင့်စရာ မလိုဘူး။  အပိုင်းတွေနဲ့ တင်ပေးထားလို့  တစ်ပိုင်းပြီးတပိုင်း ကြည့်ရတာတော့ရှိတယ်။ ခြုံပြောရရင် အတော်လေး အဆင်ပြေပါတယ်။

ရုပ်ရှင်တွေက အစုံပါပဲ။ စိတ်ဝင်စားရင် သွားကြည့် သင့်တယ်။

ကျွန်မကတော့ ပိတ်ရက် ၃ ရက် အတွင်း အဲဒီဆိုဒ်ကနေ ရုပ်ရှင် တော်တော်များများ ကြည့်ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ကြည့်ဖြစ်တာတွေက... Animation တွေ ပါပဲ။

ဒီနှစ်ကားကို ကြည့်ချင်နေတာ အတော်ကြာပြီ၊ ရုံတင်တုန်းက မအားတာနဲ့ သွားမကြည့်ဖြစ်ခဲ့ဘူး။
Brave
Ice Age 4: Continental Drift

ရုံတင်တုန်းက ကြည့်ဖြစ်ခဲ့ပေမယ့် ခုနောက်တစ်ခေါက် ထပ်ကြည့်ဖြစ်တယ်။
Madagascar 3: Europe's Most Wanted

အဟောင်းထဲက ဒါတွေလည်း ကြည့်ဖြစ်ခဲ့သေးတယ်။
Anime: The Girl Who Leapt Through Time
Dr. Seuss' The Lorax
Atlantis: The Lost Empire
Antz

၃ရက် အတွင်းမှာ ဒီလောက်ပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ ရုပ်ရှင်တွေ နဲ့  တခြား Category အောက်က ရုပ်ရှင်တွေတော့ နောက်မှ အချိန်ရရင် ရသလို ဆက်ကြည့်မယ် စိတ်ကူးမိတယ်။

Other related posts:
Watching Dramas
MySoJu : Watch Korean Dramas Online

Special thanks to Kalvin Alexander

August 30, 2012

Cartoons I like

ကြည့်ပြီးကြိုက်လို့ ။ 
ခုနှစ်ပိုင်း ကိုယ့်မျက်နှာက အဲ့ဒီလို ဖြစ်နေတဲ့ အချိန် များနေတယ်။





ဒါကြည့်ပြီး ဒီနေရာကို သတိရလို့  ရောက်လာခဲ့ရပြန်တယ်။

May 11, 2012

It's Friday!


ဒါလေးကြည့်ပြီး သဘောကျမိတယ်။
ဒီနေ့  သောကြာနေ့ ... အခုနေ အလုပ်မှာ တခြားသူတွေ ဘာလာပြောပြော
 I don't care.. Friday!!!
♪We don't care, we don't care, we don't care cuz it's Fri-i-daay!♪

 
လို့ သာ ပြန်ပြောလိုက်ချင်တော့တယ်။

Boss စီကို ဒီ Youtube လင့်လေး ဒါမှာမဟုတ် eCard လေး ပို့ လိုက်ရင် ကောင်းမလား။


Source : Hoops & Yoyo - Office Fun