Pages

June 18, 2011

အနံကြီးကွင်းကျယ်

အနံကြီးကွင်းကျယ်
တေးရေး/ဆို - စိုးလွင်လွင်

ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး
ဒီအိမ်ရှေ့ကို နောက်တစ်ခါ ဘယ်တော့မှ မဖြတ်တော့ဘူး
အနံကြီးပြီး ကွင်းကျယ်တဲ့ လူတွေနဲ့ မဆက်ဆံချင်ဘော့ဘူး

ဒီမျက်နှာကို နောက်တစ်ခါ ဘယ်တော့မှ မကြည့်တော့ဘူး
ဒီမိန်းမကို နောက်တစ်ခါ ဘယ်တော့မှ မလွမ်းတော့ဘူး
ဟန်ရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်နဲ့ မဆက်ဆံချင်တော့ဘူး

စဉ်းစားမိရင် ဒေါသဖြစ်တယ် ဘယ်တော့မှမလာတော့ဘူး
လမ်းမှာတွေ့ရင် ဒေါသဖြစ်တယ် ဘယ်တော့မှမကြည့်တော့ဘူး
နောက်တစ်ခါ ဒီလမ်းထဲကို နောက်တစ်ခါ ဒီအိမ်ဘက်ကို
ဘယ်နည်းနဲ့ မှ လုံးဝ မကြည့်တော့ဘူး

ဒီအသိုင်းအ၀ိုင်းကိုနောက်တစ်ခါ ဘယ်တော့မှ မ၀င်တော့ဘူး
ပိုက်ဆံရှိတဲ့ လူတစ်ချို့ဟာ အနှစ်မရှိတတ်ကြဘူး
အားနည်းချက် ရှာနှိမ်တတ်တဲ့ လူတွေနဲ့ မပတ်သက်ချင်တော့ဘူး

၃၅ လမ်းထဲကို ဘယ်တော့မှမလာတော့ဘူး...
ပိုက်ဆံရှိတဲ့ လူတစ်ချို့ဟာ အနှစ်မရှိတတ်ကြဘူး
အားနည်းချက် ရှာနှိမ်တတ်တဲ့ လူတွေနဲ့ မပတ်သက်ချင်တော့ဘူး

June 12, 2011

♪ စာနာတတ်သူမို့  .. မင်းအတွက်အသက်ရှင်

ဒီနေ့  အခန်းထဲမှာ ဟိုရှင်းဒီရှင်း ရှင်းလို့ ရတာတွေ အကုန်ရှင်းရင်း မြန်မာ သီချင်း CD အဟောင်းတွေကို ကွန်ပြူတာထဲ ပြန်ထည့်ကြည့် ဖြစ်တယ်။ CD တွေက အတော်တော့ ကြာပြီ။ ကျောင်းတတ်တုန်းကဆိုတော့ ၁၀ စုနှစ် တစ်ခုနီးပါရှိနေပြီ။ CD တွေမှာပါတဲ့ သီချင်းတွေကတော့ စုံနေတာပဲ။ သီချင်းတချို့ ပြန်နားထောင်ဖြစ်တယ်။

၂၀၀၁ ခုနှစ်က CD တစ်ချပ်ထဲမှာ ကိုမှိုး ရဲ့ သီချင်း ၃ ပုဒ်တွေ့ တယ်။ သူတို့ ငယ်ငယ်တုန်းက ကိုမှိုး ကို သိပ်ကြိုက်ခဲ့တယ်လို့  Facebook ထဲမှာ ပြောနေတဲ့ မမ များကို သတိရသွားမိ ပါတယ်။


စာနာတတ်သူမို့  - ကိုမှိုး (Download)

♥ ♥ ♥
နွေးထွေးတဲ့အပြုံးလေးများနဲ့  ရင်ထဲက သောကများဝေးလွင့်သွားအောင် ဖယ်ရှားပေးတယ်..
နူးညံ့တဲ့မင်းလေးအပြုံးကို ရွှေချသိမ်းထားချင်တယ်..
ကြမ်းတမ်းတဲ့ကိုယ့်ရဲ့လက်ကိုအတူတွဲလို့  ခြောက်သွေ့ တဲ့ကိုယ့်ဘ၀ထဲကို ၀င်လာရဲတဲ့
အကြင်နာတွေအတွက် ကျေးဇူးပါပဲကွယ်..

အေးချမ်းတဲ့အားပေးစကားတွေ ရင်ထဲအရောက် နှလုံးသားထဲ စီးဆင်းသွားအောင် ချိုလွန်းလို့ ကွယ်
ပြောတတ်တဲ့ နှုတ်ခမ်းပါးလေးကို ရွှေချသိမ်းထားချင်တယ်..
အခက်အခဲနဲ့ အတားအဆီးများကို ကျော်ဖြတ်ဖို့  စွမ်းအားတို့ ဖြည့်လို့ ပေးတဲ့ အချစ်ဆုံးလေး
စေတနာတွေအတွက် ကျေးဇူးပါပဲကွယ်

ကျေးဇူးပဲ အချစ်ရယ် ကျေးဇူးပဲ..

မင်းလေး မင်းလေးရဲ့ မေတ္တာတွေ တို့  ရင်ထဲမှာ အေးလိုက်နွေးလိုက်နဲ့ 
အချစ်လေးရေ ဆွေးရအောင်တော့ ဝေးဖို့  မစဉ်းစားပါနဲ့ ..

အမြဲတမ်းပဲ မင်းရဲ့အနားမှာ အရိပ်လေးအဖြစ် စောင့်ရှောက်ခွင့်ပြုတော့ အချစ်ရေ တစ်သက်လုံးပေါ့
်ကိုယ့်ဘ၀နဲ့  ကိုယ့်ရဲ့အချစ်ကို သိပ်ပြီး သိတတ်သူမို့ .
တို့ ရဲ့ နှလုံးသားထဲက လမင်းလေးလို အလင်းတမ်းများပေးလို့  ကိုယ့်ကို စာနာလွန်းတဲ့
ကြင်နာသူရယ် ကျေးဇူးပါပဲကွယ်...
♥ ♥ ♥


မင်းအတွက်အသက်ရှင် - ကိုမှိုး (Download)

♥ ♥ ♥
အရာရာကိုပြောင်းလဲစေနိုင်တဲ့အချစ်ရယ်.. အရာရာဟာ မင်းပဲပေါ့ကွယ်...
ခင်တွယ်သူမင်းရှိရင် အကုန်လုံးပြည့်စုံ.. ကျန်တာတွေ မလိုအပ်ဖူးကွယ်..
ရင်ခုန်တဲ့နှလုံးသာဟာ မင်းပဲအချစ်ရယ်.. ကိုယ်မင်းအတွက် အသက်ရှင်တယ်..

ဝေဒနာတွေပျောက်ပျက်စေနိုင်တဲ့အချစ်ရယ်.. အကြင်နာတွေနွေးထွေးလွန်းတယ်..
တချိန်ချိန် ကိုယ်ဆွေးရမှာကို တွေးတိုင်းလည်း.. ငိုချင်တယ် အကြင်နာဆုံးရယ်
နေချင်တာ မင်းနားမှာ အမြဲတမ်းအချစ်ရယ် ခွဲထွက်မသွားပါနဲ့ ...

ဘယ်အချိန်မှာဝေးမယ်.. ဘယ်လိုကိုယ်ဆွေးမယ်.. မတွေး.. မတွေး.. မတွေးရဲဘူးကွယ်
ဒီရင်ခွင်ထဲမှာ ကြင်နာသူသဘောကွယ်.. နေပါတော့ အချစ်ဆုံးရယ်
ဘာတွေလာပေးပေး မလိုချင်ဘူး အချစ်ရယ်.. လိုနေတာမင်းပဲပေါ့ကွယ်...
ခင်တွယ်သူမင်းရှိရင် အကုန်လုံးဖြစ်တယ်... ပျော်နိုင်တယ် အချစ်ဆုံးရယ်

ရင်ခုန်တဲ့နှလုံးသားဟာ မင်းပဲပေါ့ကွယ်..
ကိုယ်မင်းကြောင့် အသက်ရှင်တယ်..
ကိုယ်မင်းအတွက် အသက်ရှင်တယ်..
♥ ♥ ♥

June 11, 2011

Would you tell me, please, which way I ought to go from here?

Alice noticed the Cheshire-Cat sitting in a tree nearby. It saw Alice and grinned.

Cheshire Puss,’ ... ‘Would you tell me, please, which way I ought to go from here?’

That depends a good deal on where you want to get to,’ said the Cat.

I don’t much care where —’ said Alice.

Then it doesn’t matter which way you go,’ said the Cat.

‘— so long as I get somewhere ,’ Alice added as an explanation.

Oh, you’re sure to do that,’ said the Cat, ‘if you only walk long enough.

*** Alice in Wonderland by Lewis Carroll (1865)

June 09, 2011

Uncle Penyet

Uncle Penyet ကိုရောက်ခဲ့တုန်းကပါ။ ပုံမှန်ဆို Ayam Penyet စားနေကြ။ အဲဒီနေ့ ကတော့ Pomfret Penyetစားဖြစ်ခဲ့တယ်။ ငါးက အစာကြေလွယ်တယ်။ ငါးတစ်ကောင်တည်းနဲ့  အာသာမပြေဖြစ်မှာစိုးလို့  ကြက်တောင်ပံပါ ထပ်မှာဖြစ်တယ်။ ပိုနေရင်သာ မသိသာတာ၊ လိုနေတာ မကောင်းဘူး။ အဲဒီက ငရုတ်သီး စပ်ပြီး စားလို့ ကောင်းတယ်။

တစ်ကောင်တည်း ငါး... (Pomfret Penyet - S$ 4.50)
From Singapore

တောင်ပံတွေသာပါမယ်ဆိုရင်....(Chicken Wing Penyet - S$2.80)
From Singapore


တိုက်ဆိုင်မှု့ တွေ သိပ်များသွားတယ်။
From Singapore



Ayam Penyet with Rice (S$4.00)
Pomfret Penyet with Rice (S$4.50)
Udang Penyet with Rice (S$4.00)
Dory Penyet with Rice (S$3.50)
Chicken Wing Penyet with Rice (S$2.80)

Uncle Penyet @ NUS Science Canteen,
21 Lower Kent Ridge Road
Singapore, 119077

May 31, 2011

WhatsApp for iPhone (free for today)

Whatapps for iPhone is free for today.
Grab it before it going paid again.

  • WhatsApp Messenger is a smartphone messaging app which allows you to exchange messages with your friends and contacts without having to pay for SMS.
  • WhatsApp Messenger is cross platform and available for iPhone, BlackBerry, Android and Nokia (beta) and yes, those phones can all message each other!
  • To send and receive messages, WhatsApp utilizes your existing smartphone internet data plan: 3G/EDGE (or Wi-Fi when available)
Thanks Ko Boyz for the info. :)

May 24, 2011

Eat With Your Family Day 2011 (27-May-2011)

Eat With Your Family Day 2011 (27-May-2011)

- Get off work earlier on Eat With Your Family Day
- Cook a scrumptious meal for your family, or treat them to a meal.

If your company doesn’t know about Eat With Your Family Day, point out the day to your bosses. Who knows, you may just be supportive of the cause, and you’ll get to leave work early and spend more time with your family! ...

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
Yes! Our Organisation supports
Eat With Your Family Day 2011.
♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦


ဒီနေ့ မနက် HR ကနေ "Early Release on 27 May 2011 at 5 pm for Eat with Family Day" ဆိုပြီး အီးမေးပို့ တာတွေ့ တယ်။ subject to exigencies of service ဆိုတာလေးလည်း ပါတာပေါ့။

အလုပ်တိုင်းကတော့ စောပြန်ခွင့်ပြုတယ် မထင်ဘူး။ လိုက်ရှာကြည့်တာ List တွေ့ တယ်။ ကိုယ်တွေလုပ်နေတဲ့ Company အဲ့ဒီ မှာ မတွေ့ မိဘူး။ နာမည်မပါလည်း အကြောင်း မဟုတ်ဘူး။ အဲဒီနေ့ မှာ စောပြန်ခွင့်ရှိဖို့ ၊ စောပြန်ရဖို့  က အဓိက။




ဟိုးအရင်လို သောကြာနေ့ ညနေ အလုပ်ပြီးချိန်မှာ သူငယ်ချင်းတွေနဲ့ တွေ့  အပြင်သွား ထမင်းစား၊ စကားပြောတာမျိုး မလုပ်ဖြစ်တာ အတော်ကြာပြီ။ အလုပ် အရမ်းများတယ်၊ အိမ်ပြန်ချိန် နောက်ကျတယ်။ နေ့ တိုင်း နီးပါးပဲ။ သောကြာနေ့ ဆို ပိုပြီး အလုပ်များတတ်တယ်။

May 17, 2011

ခိုင်မြဲသောသစ္စာဖြင့်

ယုံကြည်မှုတွေနဲ့  ခိုင်မာတဲ့အချစ်နဲ့ တို့ နှစ်ဦးရဲ့နေ့ တွေလှပခဲ့
တွယ်တာမှုတွေနဲ့  သာယာမယ့်နေ့ တွေအတွက် စိုသောလက်မခြောက်စေနဲ့ 
ရင်ခွင်ထဲ ကြိတ်မှိတ်ကာ သံသယလေးများ မထားပါနဲ့ 
ဒါ အမုန်းဆိုတဲ့ မီးတောက်အတွက် အမှိုက်တွေပဲ
မချင့်မရဲ တိတ်ဆိတ်စွာ နေထိုင်ဖို့ မကြိုးစားပါနဲ့ 
မလွန်ခင်မှာဖြေရှင်းမယ် အချစ်ကလေးရယ်
စာနာမှုတွေနဲ့ ရင်ခွင်ထဲနားလည် အသက်ဆုံးထိတို့ ချစ်သွားမယ်
ကြင်နာမှုတွေနဲ့ အဖြူစင်ဆုံးငြိတွယ်...
ခိုင်မြဲသောသစ္စာနဲ့



ခိုင်မြဲသောသစ္စာဖြင့်
တေးရေး - ညီညီသွင်
တေးဆို - ဘိုဘို ကော်နီ
Download

May 09, 2011

16 Doodles from Google



ဒီနေ့  မနက် Google ရဲ့ Logo ပြောင်းထားတာတွေ့ မိလိုက်တယ်။
Little Miss Magic အရုပ်လေးဆိုတော့ စိတ်တော့နည်းနည်း ၀င်စားမိတယ်။ ဒါပေမယ့် ရဲ့ထုံစံ တစ်ခုခု အတွက် အနေနဲ့ ပြောင်းထားတာနေမှာ ဆိုပြီး သေချာ ဂ၇ုစိုက် ဆက်မကြည့်မိဘူး။ Google သုံးရင်း သုံးနေရင်း Logo လေးတွေ တစ်ခုထဲ မဟုတ်ပဲ တမျိုးပြီးတစ်မျိုး ပြောင်းသွားတာ သထိထားမိပြီး သဘောကျသွားတယ်။ လိုက်ရှာကြည့်ဖြစ်တယ်။ ပုံတွေက အများကြီးပဲ။ အားလုံးပေါင်း ၁၆ ပုံရှိတာ တွေ့ မိပါတယ်။

Google Celebrates Roger Hargreaves' 76th Birthday with 16 Doodles
















May 06, 2011

ရေ...


Photo: liveearth.org
ရေဆာတယ်။ ရေအေးအေး အားပါးတရ သောက်ချင်စိတ်ရှိနေတယ်။
သောက်ကြည့်တယ် ဒါပေမယ့် ရေသောက်ရတာ မတင်းတိမ်ဘူး၊ အဆင်မပြေဘူး။
ရေတွေက အရသာ မရှိဘူး။

အမှတ်ရမိတယ်။ ပြောတုန်းက သိပ်နားမလည်ခဲ့ဘူး။
သောက်ရေသန့် ချင်း အတူတူ ဘာများကွာလို့ လဲ တွေးမိခဲ့တယ်။
ကိုယ်တိုင်ခံစားရမှ စာနာတတ်တယ် ဆိုတာ သိပ်မှန်တယ်။
နောက်တခါဆို ပြောမှ သိတာမျိုးမဟုတ်ပဲ၊ သောက်ရတာ အဆင်ပြေတယ်ဆိုတဲ့ ရေမျိုးပဲ သေချာရွေးဝယ်တိုက်တော့မယ်။

April 21, 2011

Durian Puff

Durian lovers... This post is dedicated to you!!!
Durian Fiesta 2011
1 March - 17 July 2011

Google: GoodWood Park Hotel - Durian Puff
From Everything

April 20, 2011

IRIS

ဒီမနက် Bus ကားပေါ်မှာ၊ အပေါ်ဘက် လက်ကိုင်တန်းတွေနားမှာ ချိတ်ထားတဲ့ ကြော်ငြာတွေကို သတိထားလိုက် မိတယ်။
From Singapore

ရေးထားတာက IRIS... ကိုယ် IRAS လို့ ဖတ်မိသွား စိတ်ဝင်စားသွားတယ်။ ပူပူနွေးနွေး ဟိုတလောကမှာ ဒီက အစိုးရကို အခွန်ပေးဖို့  IRAS ဆိုဒ်ဝင်ပြီး လိုတာတွေ လုပ်ထားရတာ မဟုတ်လား။ စိတ်ထဲ ဒီစာလုံး စွဲနေတယ်။ နောက်တစ်ခါ သေချာထပ်ကြည့်မှ SBS Transit ရဲ့ IRIS မှန်း သိလိုက်ရတယ်။ App Store မှာ ရှာကြည့်လိုက်တာမှာ အခု သိပ်မကြာခင်ကမှ အသစ်ထွက်တဲ့ Application ဆိုတာနဲ့ Install လုပ်လိုက် ပါတယ်။ စမ်းကြည့်ရတာပေါ့။

IRIS မှာ iris NextBus နဲ့  iris Journey Planner ဆိုပြီး နှစ်ခုပါတယ်။ ကောင်းမကောင်း၊ ကိုယ့်အတွက် အသုံးဝင်မ၀င် သေချာသိချင်ရင်တော့ စင်္ကာပူက အိုင်ဖုန်းသုံးသူတွေ ဖုန်းမှာ Install လုပ် စမ်းသုံးကြည့်ကြပါ။ Install လုပ်ရတာ လွယ်သလို၊ မလိုချင်ရင် ပြန်ဖျက်ဖို့ ကလည်း ခက်တဲ့အရာမှ မဟုတ်တာ။

From Singapore

April 19, 2011

.....

1.
From Blog Template

2.
From Blog Template

3.
From Blog Template

4.
From Blog Template


5. To be continued....




အချိန်ဖြုန်းတယ် ပြောမလား။ အလုပ်မရှိ အလုပ်ရှာပြီး Blog ရဲ့ Template ကို လျှောက်ပြောင်းကြည့်ဖြစ်တယ်။ Google မှာ လိုက်ရှာ၊ တွေ့ တာတွေထဲက မျက်စိသင့်ရာ Template တွေ တစ်ခုပြီးတစ်ခု ပြောင်းကြည့်တယ်။ သူများတွေ အဆင်သင့် ရေးတင်ထားတာတွေကို သုံးတာဆိုတော့ ပြောင်းရတာ သိပ်မြန်တယ်။ ၄ ခုမြောက် Template ကို စမ်းအပြီးမှာ အိပ်ချိန် ရောက်လာတာနဲ့ ဒီနေ့ အတွက် နောက်ဆုံး စမ်းသပ်ခြင်းအနေနဲ့  လက်ရှိ Template ကို ပြောင်းတင်ထား လိုက်တယ်။ အခုဟာက ခပ်ရှင်းရှင်းဆိုတော့ နောက်နေ့  အချိန်မရရင်တောင်မှ ဒီအတိုင်း ခန ထားလိုက်လို့ ရတယ်။

April 17, 2011

Angry Birds for PC

ဟိုးအရင်က ၂၀၁၀ နှစ်ဆန်းပိုင်းလောက်က ဖုန်းမှာ ဒီဂိမ်း ၀ယ်ဆော့ခဲ့ဖူးတယ်။ ဟိုတနေ့က သူငယ်ချင်း တစ်ယောက်ရဲ့ ဖေ့ဘုတ်က တစ်ဆင့် ဒေါင်းလုပ်လုပ်ဖို့  လင့်တွေ့ လိုက်တာနဲ့ ကွန်ပြူတာမှာ သွင်းပြီး ခုရက်ပိုင်းမှာ ဒီဂိမ်းကို နည်းနည်း ပြန်ဆော့ဖြစ်တယ်။




Credit to Kelvin

April 05, 2011

နေ့ - မိုဃ်းဇော်

နေ့

မုသားတွေကို
အနံ့မထွက်ဘဲပြောဖို့
ကျွန်တော်တို့  သွားတိုက်ကြတယ်။

တစ်ယောက်ကိုတစ်ယောက်
မျက်နှာပြောင်ပြောင် ပြစ်မှားဖို့
ကျွန်တော်တို့ မျက်နှာသစ်ကြတယ်။

ကာမဂုဏ်အမျိုးမျိုးနဲ့
ခေါက်ရိုးကျိုးနေတဲ့ ခန်ဓာကိုယ်ကြီးကို ဆပ်ပြာတိုက်
ရေမိုးချိုး
ခေါက်ရိုးမကျိုးသေးတဲ့ အ၀တ်အစားတွေဖုံးလွှမ်းပြီး
လမ်းမတွေပေါ်
ကျွန်တော်တို့ ထွက်ခွာလာကြတယ်။

အို.....
ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း၌
သန့်ရှင်းသူတို့အား ကြိုဆိုလော့။

မိုဃ်းဇော်
[ပန်းအင်္လကာ၊ ဇူလိုင်လ၊ ၂၀၀၈]

March 13, 2011

Distance And Time

No matter how far you are
no matter how long it takes him
through distance and time
I'll be waiting


Download

March 05, 2011

င ငါးပိထောင်း ... စားလို့ ကောင်း

From Burmese Food

င.. ငါးပိထောင်း စားလို့ ကောင်း...

ပုံတွေ့ ရတာနဲ့ တင် အနံ့ လေးတွေ မွှေးလာသလို ခံစားရပြီ ဗိုက်ဆာလာတယ်။ တချို့ ကတော့ ပြောတယ်.. ဒီလို ငါးပိထောင်း တစ်ခွက်နဲ့  တောင် ထမင်း ၂ပန်းကန် ၃ ပန်းကန် စားနိုင်ပါတယ်တဲ့.. ပြောကြတာပဲ။ တကယ်ဟုတ် မဟုတ် အခွင့်အရေးကြုံမှ ငါးပိထောင်းတစ်ခွက်ထဲနဲ့  ထမင်းကျွေးကြည့်ပါအုံးမယ်။

ဒါနဲ့  အခု ငါးပိထောင်း ထောင်းတဲ့သူက အတော်လေးတော်တယ်။ ခပ်စပ်စပ်လေး နဲ့  စားလို့ ကောင်းတယ်။ ဘယ်သူလဲ မသိဘူး။ နောက်မှ နည်းမေးကြည့်အုံးမယ်။ အခုတော့ ဘယ်သူ ဘယ်လိုထောင်းတာလဲတောင် မမေးမိဘူး။ စားဖို့ ပဲသိတယ်။
From Burmese Food
ငါးပိထောင်းလောက် လူကြိုက်မများပေမယ့် ၀က်သားချဉ်ကြော်လည်း စားလို့ ကောင်းပါတယ်။ ကိုယ်တိုင် အချဉ်တယ်ထားတာ မဟုတ်ပါ။ ၀ယ်လာတဲ့ ၀က်သားချဉ်ကို ဆီလေးနဲ့ အနံ့ ပျောက်အောင် လှိမ့်ပြီး ကြော်သလို လုပ်ထားတယ်။

မပြည့်ချက်တဲ့ ဟင်းရည်သောက်က ငါးနဲ့  ကန်စွန်းရွက် ချဉ်ဟင်း။ ကိုယ့်ဘာသာဆို ဒါမျိုး ယောင်လို့ တောင် ချက်စားမှာ မဟုတ်ဘူး။ ချဉ်ဟင်းတစ်ခွက် ချက်တာ ရှုပ်တယ်ထင်တယ်။ စားရတာနဲ့  မကာမိဘူး။ ဒီမနက်မှ မပြည့်ဟင်းချက်နေတာကြည့်ပြီး စဉ်းစားမိတယ်၊ ကိုယ့်ဘာသာ ချဉ်ဟင်း မချက်ဖြစ်တာ ၁၀ နှစ် ကျော်တောင်ရှိရောမယ်။

ဟင်းတွေကြည့်ပြီး သွားကျိန်းသွားလောက်တယ်။ ဒါပဲလာဆို မဟုတ်ဘူး။ အမဲသားကို ခရမ်းချဉ်သီးနဲ့ ချက်သေးတယ်။ ဆီပြန်ထက်စာရင် ဒါမျိုးချက်တာလည်း တမျိုးကောင်းတယ်၊ ကြိုက်တယ်ဆိုတော့လည်း နည်းမေး စမ်းကြည့်တာ။ စိတ်ကူးတာတော့ ကိုယ်တိုင်ချက်မလို့ ပဲ.. ဒါပေမယ့် မနေနိုင်တဲ့သူတွေက နည်းပေးလမ်းပြ ၀င်ချက်ပေးသွားတယ်။ အသားတွေတော့ ကိုယ်တိုင် လှီးတာပါ။ ကီလိုဝက် ၀ယ်လာဖြစ်တယ်။ ဒီမနက် တစ်ဝက်လောက်ပဲ ချက်လိုက်တယ်။ ကျန်သေးတယ်။

From Burmese Food
ဟင်းဆို ပုံမှန်ဆို ဆီပြန်ကြိုက်တယ်။ ဒီနေ့ ဟင်းကတော့ ဆီသိပ် မပါဘူး။ ကျန်းမာရေးနဲ့  ညီညွတ်အောင် ဆီလျှော့ စားတယ်ပေါ့။


ဒါပဲလားဆို မဟုတ်ပြန်သေးဘူး။ ဒီနေ့  ထမင်းဝိုင်းမှာ... ငါးကြော် နဲ့  ငါးဖယ်သုတ်လည်းပါ ပါသေးတယ်။ အစားအသောက် များများစားပါ။

February 14, 2011

Yangon 1001

လျှင်မြန်သွက်လက် စိတ်ရှည်ဇွဲသန် လုံ့ လ၀ီရိယရှိမှု့ 
သက်သေဆို လွန်များသွားလေမလား..


လိုက်ရှာလိုက်တာ ဓာတ်ပုံတစ်ပုံထွက်လာတယ်..
From Everything

February 13, 2011

နောက်တစ်ခေါက် ထပ်မြှောက်

ပြီးခဲ့တဲ့အပတ်က တချို့ ရက်တွေမှာ နေ့ လည်ဆို အပြင်သွား၊ လက်တွေ မြှောက်ကြရတယ်။ အောက်ကပုံက အားလုံးရဲ့ လက်တွေ မမြှောက်မှီ အချိန်လေးမှာ ရိုက်ထားလိုက်တာ။ လက်တွေမြှောက်နေတဲ့ပုံ တော့ မရှိဘူး။ အဲ့ဒီအချိန်မှာ ဓာတ်ပုံရိုက်ဖို့  လက်မအားဘူး။
From Everything
မြှောက်ပြီးရင် ဘာလုပ်လဲဆို... မြှောက်ပြီး စားကြသည်။ အမြှောက်အစား ကျွမ်းကျင်တယ်။ တစ်နှစ်တစ်ခါ ဒီအချိန်လေးမှာ မြှောက်ပြီး စားကြတာ ထုံးစံတစ်ခု။
From Everything
အမြှောက်ပြီး အစားရဲ့ နောက်ဆက်တွဲများ..
From Everything
From Everything
အစားအသောက်တွေ အရမ်းများတယ်။ တစ်ဝိုင်း လူ၁၀ ယောက်၊ ဘယ်လိုစားစားမကုန်ဘူး။ နောက်မှ သိရတယ်။ လူ ၁၀ ယောက် တစ်ဝိုင်း ဆိုပေမယ့် အစားအသောက်က ၁၅ ယောက်စာ။ အင်း.... အတွင်းနဲ့ အပြင် ကွာတယ်။
From Everything