Pages

March 27, 2009

သီချင်းများနဲ့  နေ့ စွဲများ..

တစ်သက်လုံး သီချင်းတွေ နားထောင်လာ ခဲ့တယ်။ တကယ်ဆို နားထောင်ဖူးတဲ့ သီချင်းတွေက အများကြီး၊ ကြိုက်ခဲ့တဲ့ သီချင်းတွေကလည်း အများကြီး။ တချို့  သီချင်းတွေကိုဆို နားမထောင်တာ ကြာတော့ မေ့နေပြီ။ တစ်နေရာရာမှ ပြန်ကြားလိုက်မှသာ ဒီသီချင်းလေး ဟိုးအရင်က ဘယ်လို နားထောင်ပြီး၊ ဘယ်လို ကြိုက်ဖူးတာလို့  ပြန်ပြီး သတိရတတ် လာတယ်။ အခုနောက်ပိုင်း အဲဒီလို့  ကြုံရတာ များများလာပြီ။

အထူးသဖြင့် အင်္ဂလိပ်သီချင်းဆို ဘယ်သူဆိုတာမို့  ကြိုက်တယ် ဆိုမျိုးထက်စာရင် နားထောင်ရလို့  ကိုယ်စိတ်နဲ့  တွေ့ တာမျိုးဆို အကုန်ကြိုက်ခဲ့တယ်။ နာမည်တွေကို မှတ်တဲ့ နေရာမှာ အားနည်း၊ ကြိုက်တဲ့ သီချင်းတွေ ဆိုပြီး သီးသန့်  စုထားတာလည်း မရှိ( မတည်မြဲခြင်းသဘော) ဆိုတော့ တခါတလေ သီချင်းတွေ နားထောင်ချင်ရင် လိုက်ရှာရတာ အတော် ပင်ပန်းတယ်။ ဘာနားထောင်ချင် မှန်းမသိလို့  ပင်ပန်းတာ ပိုရပါတယ်။ ခေါင်းစဉ် ဒါမှမဟုတ် ဆိုတဲ့ အဆိုတော် သိမယ်ဆို ရှာလို့ ရနိုင် သေးတယ်။

ခုရက်ပိုင်း သီချင်းဟောင်းတွေကို နားထောင်ဖို့  ပိုပြီး အာသီသ ရှိနေတာနဲ့  အင်တာနက်ပေါ် လိုက်မွှေကြည့်ရင်း ယူအက်စ် Billboard မှာ ထိပ်ဆုံးနေရာ ရခဲ့တဲ့ သီချင်းတွေရဲ့ နာမည်တွေကို စုစည်းပေးထားတဲ့ နေရာ တစ်ခုတွေ့ တယ်။ ၁၈၉၁ ကနေ စလို့  အခု အချိန် အထိ။ စိတ်ကြိုက် ဖြစ်သွားတယ်။ သီချင်းနာမည်တွေ လိုက်ရှာလိုက်၊ နားထောင်ကြည့်လိုက် လုပ်ဖြစ် နေတယ်။ သီချင်းတွေကို YouTube မှာ လိုက်ရှာ နားထောင် သလို၊ အမ်ပီသရီး ရှာပြီးလည်း နားထောင်ဖြစ်တယ်။

#1 Song in the U.S.A. on Any date in History
According to Billboard Magazine

သီချင်းဟောင်း၊ သီချင်းကောင်းလေးများကို ပြန်လည်ရှာဖွေ နားဆင်ခံစားလိုသူများ အတွက် အသုံးဝင်မယ် ထင်ပါတယ်။ တခြားနိုင်ငံအတွက် အဲလိုလုပ်ထားတဲ့ ဆိုဒ်များ ရှိမလားဆိုပြီး လိုက်ရှာကြည့်တာတော့ မတွေ့ ဘူး။ အဲဒီဆိုဒ်မှာ ရက်စွဲ အလိုက် လိုက်ရှာကြည့်လို့ ရတဲ့အတွက် စိတ်ဝင်စားတယ်ဆို ကိုယ့်စိတ်ထဲမှာ မှတ်မှတ်သားသား ရှိနေတဲ့နေ့ ရက်တွေမှာ နံပါတ် ၁ ဖြစ်ခဲ့တဲ့ သီချင်းက ဘာလည်းဆိုပြီး ကြည့်လို့ ရတယ်။

အင်တာနက်ပေါ်က တချို့ နေရာလေးတွေမှာ ဒီဆိုဒ်လေး သုံးပြီး ကိုယ်ရဲ့မွေးနေ့ မှာတုန်းက ဘယ်သီချင်းက ထိပ်ဆုံး ရောက်နေတာ၊ သီချင်းရဲ့ အဓိပ္ပါယ်က ဘယ်လို ဆိုပြီး ပြောနေတာမျိုး တွေ့ မိတယ်။ တစ်စုံတစ်ယောက်က မွေးနေ့ မေးလို့  တိုက်ရိုက်မပြောချင်ရင် သီချင်းလေးပြောပြီး မွေးနေ့ ဘာလည်း ကိုယ့်ဘာသာရှာကြည့်လို့  ပြောလို့ ရတယ်။ သီချင်းက #1 US Billboard မှာ ရက်အတန်ကြာ ရှိနေတယ်ဆိုရင်တော့ တခြား Hints လေးတွေပါ ထည့်ပေးဖို့ လိုလိမ့်မယ်။

သီချင်း နာမည်ကြည့်ပြီး အမ်ပီသရီး ရှာနားထောင်ချင်တယ်ဆို ဒီဆိုဒ်တွေ သုံးရှာကြည့်လို့ ရတယ်။
SkreemR
SeekMp3

13 comments:

  1. thanks for sharing the sites.

    ReplyDelete
  2. ရှာရှာဖွေဖွေ ရှာတွေ့ပြီး
    ဝေမျှပေးတာ
    ကျေးဇူး။
    ဖွင့်ကြည့်လိုက်အုံးမယ်။

    ReplyDelete
  3. ကျေးဇူးပဲနေနေ။ အခုပဲဝင်ရှာနေပြီ။

    ReplyDelete
  4. သူဖျားနေတယ်။ ............

    ReplyDelete
  5. ဟေးးးးး...နေနေကွ။ ကျေးဇူး..ကျေးဇူး ကြည့်ပစ်လိုက်အုံး မယ်။

    ကြည်

    ReplyDelete
  6. လာလည်သွားတယ် ညီမရေ http://www.nyinyimyanmar.co.cc/

    ReplyDelete
  7. မြန်မြန်နေကောင်းပါစေ အစ်မ

    ReplyDelete
  8. gmail auto pilot might be april fool

    ReplyDelete
  9. အသစ်မတက်တာ အတော်ကြာနေပြီဖြစ်ကြောင်း သတိလာပေးရင်းနဲ့ နေထိုင်ကောင်းပါရဲ့လားလို့ လာကြည့်သွားတယ်

    ReplyDelete
  10. http://myanmarblogreader.blogspot.com/

    ReplyDelete
  11. သူဖျားနေတာနဲ့ဘဲ မရေးတော့ဘူးလား။ ဒါပံဳ မွန္မဟုတ္ဘူးး မွာေးနတယ။် တစ်ခုခု

    ReplyDelete
  12. ညီမလေးရေ..ဘာဖြစ်နေ? သဉ္ဖာဆီမှာ ဂိမ်းဆော့တဲ့အကြောင်းကွန်မက်ထားသွားတာတွေ့မိတယ်။နေမကောင်းတာတော့ မဟုတ်လောက်ပါဘူးနော်။

    ReplyDelete
  13. အားလုံးပဲ နေကောင်းပါကြောင် :-) အလုပ်တွေရှုပ်၊ အားတဲ့အချိန်လေး ဂိမ်းကစား မအားမလပ်တွေ ဖြစ်နေတာကြောင့် ဘာမှမရေးဖြစ်တောင်ပါ။

    ReplyDelete