Pages

March 11, 2009

♠ နေ့ လယ်စာ...

ဒီနေ့  နေ့ လယ်စာ ဟိုတရုတ်ဆိုင်မှာ ထမင်းသွားစားဖြစ်တယ်။ အဲဒီဆိုင် မရောက်တာတောင် အတော်ကြာပြီ။ အလုပ်က လုပ်ဖော်ကိုင်ဖက် ၂ ယောက်က သူတို့  ထမင်းဘူး ယူမလာဘူး၊ နေ့ လယ်စာ အတူသွား စားရအောင် ပြောလာတာနဲ့  တရုတ်၊ ဖိလစ်ပီနိုး နဲ့  ဗမာ အားလုံး စားနိုင်မယ့် အဲဒီဆိုင်ကို သွားစား ဖြစ်ခဲ့တယ်။ ဒီနေ့ လယ် မိုးလည်း မရွာဘူးလေ။ အရင်မှာလေ့ ရှိတာထဲက မဟုတ်ပဲ ဟင်းအသစ်တွေ စားဖြစ်တယ်။ ဒီတော့ ကျွန်မရဲ့ Food Menu ကို Update လုပ်ဖို့ ဖြစ်လာပြီပေါ့။

ဒါလေးက ချဉ်ချဉ်စပ်စပ်လေး သုတ်ထားတာ။ ကြော်ထားတာတုန်းကလည်း စားလို့ ကောင်းသလို အခုလို သုတ်ထားတာလည်း စားကောင်းတယ်။ စပ်စပ်လေးဆိုတော့ မိုးအေးအေး အချိန်မှာ စားလိုက်ရတော့ ပိုပြီး ခံတွင်းမိန်သွားတယ်။

ဒါကတော့ ခရမ်းသီးနဲ့  အားလူး။ ဒါလည်းစားလို့ ကောင်းပါတယ်။

ဒီအောက်က ပုံကတော့ ကြက်သား။ စားလို့ လုံးဝ မကောင်းဘူး။ ကျွန်မ တစ်ယောက်တည်းမှ မဟုတ်ဘူး။ တခြား ၂ ယောက် လည်း မကောင်းဘူးဆိုတာ ထောက်ခံတယ်။ နောက်ဘယ်တော့မှ ဒီဟင်းကို မှာ မစားတော့ဘူးလို့  ၃ ဦးသဘောတူ ဆုံးဖြတ် လိုက်ကြတယ်။

သီချင်းတွေ နားထောင်မယ်၊ ကာတွန်းတွေ ဖတ်မယ်... အဲ.. ပြီးတော့ အစားအသောက် ကောင်းကောင်းလေးတွေ လျှောက်စားလိုက်နဲ့  ဘ၀ကြီးက ငြိမ်းချမ်းနေ လိုက်တာ။

ဒါနဲ့  လူတစ်ယောက်က အခက်အခဲတွေ အကြောင်းမပြောတိုင်း ဒီလူမှာ အခက်အခဲ မရှိဘူးလို့  ယူဆလို့  မရနိုင်ပါဘူး။ တစ်ယောက်နဲ့  တစ်ယောက် ဘ၀ကို ရင်ဆိုင်တဲ့ ပုံစံခြင်းမှ မတူကြတာ။ လူတိုင်းရဲ့ ဘ၀မှာ အခက်အခဲဆိုတာ ရှိတာကြီးပဲ။ ဘ၀ကို ဘယ်လို ရင်ဆိုင် မလဲ။ ဘယ်လို ရင်ဆိုင်သလဲ။ ဘာပဲဖြစ်နေနေ... ကိုယ့်ရဲ့ စိတ်က အေးချမ်းနေပြီး၊ ကိုယ်ရဲ့ ခန္စာမှာလည်း အားအင်အပြည့်ရှိနေမှသာ ဘ၀မှ ကြုံတွေ့ ရတဲ့ ဆိုးမှု့ ကောင်းမှု့ မှန်သမျှကို ဖြတ်သန်းကျော်ဖြတ်နိုင်မယ်၊ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့ အရာတွေကို ရရှိနိုင်မယ်လို့  ထင်တယ်။ လူဘ၀ကြီးက တိုတိုလေးပါ။ လိုချင်တာတွေ ရအောင် ကြိုးစားပါ။ ဒါပေမယ့် ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ကြိုးစားကြတာပေါ့။


ဒီအောက်ကတော့ Update လုပ်ထားတဲ့ Menu အသစ်။


Other Related Posts :
♠ စားမှာပဲ..
♠ Northern Chinese Cuisine

5 comments:

  1. ပုံတွေကြည့် ပြီး သရေကျ သွားပါတယ်။ ရှလွတ်....။

    ReplyDelete
  2. အားကျတယ်ကွာ။ အဲလိုလေး သီချင်းလေးနားထောင်လိုက်၊ ကာတွန်းကားကြည့်လိုက်၊ အစားအသောက်တွေစားလိုက်နဲ့ နေချင်တာ တကယ်ပဲ..

    ကြည်

    ReplyDelete
  3. အားကျရင် ဒီအမြဲလာ ပြီး သီချင်းလေးတွေ နားထောင်၊ ကာတွန်းလင့်လေးတွေ လိုက်ကြည့်၊ အစားအသောက်တော့ ကိုယ်ဘာသာ ၀ယ်စားနော်.. :D

    ReplyDelete
  4. "အခက်အခဲတွေ အကြောင်းမပြောတိုင်း ဒီလူမှာ အခက်အခဲ မရှိဘူးလို့  ယူဆလို့  မရနိုင်ပါဘူး "
    အဲဒီ့ စကားစုလေးကို သဘောကျမိတယ်။ လူတိုင်း အခက်အခဲဆိုတာကတော့ ကြီးကြီးငယ်ငယ်ရှိနေကြတာပဲ။ ဘယ်လိုဖြေရှင်း ကျော်လွှားတယ်ဆိုတာ သူတို့ရဲ့ ခံယူချက်နဲ့ဆိုင်သွားတယ်နော်။

    ခပ်မြင့်မြင့်

    ReplyDelete
  5. ဟုတ်တယ်။ တခါတလေ ကိုယ့်အခက်အခဲတွေကို ပြောပြပြီး စိတ်သက်သာရာရသွာတာတွေ ရှိသလို၊ တခါတလေ ဘယ်သူမှ မပြောပဲ နေလိုက်တာမျိုးလည်း ရှိတယ်။ တစ်ယောက်တည်းတောင် ဘယ်လိုပုံစံဆိုပြီး တသမတ်ထည်း မှတ်ယူထာလို့ မရဘူး။ :-)

    ReplyDelete