ဒီရက်ပိုင်း နေလို့ မကောင်းပေမယ့် တချိန်လုံး အပြင်ထွက်နေရတယ်။ ဖေဖေ ရောက်နေလို့  ။ အခုတော့ ပြန်သွားပြီ။ ဒီမနက် 2 AM flight နဲ့ ။ ဒီနေ့  အလုပ်မသွားဘူး၊ မနက်ပိုင်း ဆေးခန်းသွားပြီး အိမ်မှာ နားတယ်။ ဆေးသောက်ပြီး တစ်နေကုန် အိပ်တယ်။ အခုတော့ အတော်လေး သက်သာပြီ၊ မနက်ဖြန်မှာတော့ အလုပ်သွားနိုင်မယ် မျှော်လင့်တယ်။
၁၁ ရက်နေ့  နေ့ လယ်ပိုင်းက ဖေဖေ ရောက်ပြီလို့  ဖုန်းဆက်တယ်။ကျွန်မစီမှာ မတည်းဘူး ဟိုတယ်မှာ တည်းမယ် လုပ်ပေမယ့် cousin တွေက သွားကြိုပြီး သူတို့ အိမ်ခေါ်သွားတာနဲ့ အဲဒီမှာပဲ တည်းဖြစ် သွားတယ်။ ရောက်တဲ့ ညနေပိုင်း မေမေ ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေ သွားယူတယ်။ အစားအသောက်တွေ သိပ်မပါဘူး ၊ စာအုပ်တချို့ ပဲပါတယ်။ ဘာစားချင်လဲ၊ ဘာလိုချင်လဲ မေးတုန်းက ဘာမှမစားချင်ဘူးလို့  ဖြေခဲ့တယ်လေ။ အဲဒီညက အိမ်ပြန်ရောက်တော့ ၁၁ ကျော်နေပြီ။
သောကြာနေ အလုပ်က ခွင့်ယူတယ်။ နေလို့  သိပ်မကောင်းဘူး။ နေမကောင်းပေမယ့် အပြင်ထွက်ရတယ်။ ဖေဖေ ကို ကူလုပ်ပေးစရာတွေ ရှိနေတယ်။ တစ်နေကုန် ဖေဖေ နဲ့ အပြင်သွားပြီး လုပ်စရာ ရှိတာတွေ လိုက်လုပ်တယ်။ တစ်နေကုန် မိုးမရွာဘူး။ ရာသီဥတုက ပူတယ်။ အဲယားကွန်းတွေက အေးတယ်။ တစ်နေကုန် ပူလိုက်၊ အေးလိုက်နဲ့  ညနေပိုင်းရောက်တော့ လူက ဖိန်းတိန်းရှိမ်းတိန်းနဲ့  ဖျားမယ် လက္ခဏာတွေ ပြနေပြီ။ အဲဒီညက ညစာကို ယိုးဒယားစား သွားစားတယ်။ စားလို့ မ၀င်တော့ဘူး။ အအေးလောက်ပဲသောက်ဖြစ်တယ်။
ညပိုင်း အပြန်မှာ ဖေဖေ နဲ့  စကားတွေပြော၊ ဆုံးမညွန်ကြားတာတွေ နားထောင်ဖြစ်တယ်။ စကားတွေ နားထောင်ရင်း ကောင်ကင်မှ သာနေတဲ့ လက အကြီးကြီး ဖြစ်နေတာ သတိထားလိုက်မိတယ်။ အိမ်ရောက်မှ သိတယ်၊ အဲဒီညက လဟာ ကမ္ဘာနဲ့  အနီးဆုံးနေရာကို လရောက်တဲ့ အချိန်တဲ့။ ကံကောင်းတယ် ပြောရမလား၊ ကံဆိုးတယ်ပြောရမလား၊ အဲဒီညက ရေတွင်းထဲ ခုန်ချဖို့  မသိမရခဲ့ဘူး။
စနေ့ နေ့ လည်း တစ်နေကုန် အပြင်ထွက်တယ်။ မနက်ပိုင်း ဘဏ်သွားတယ်။ လုပ်စရာရှိတာ အားလုံး အချိန်မှီ ပြီးသွားလို့ တော်သေးတယ်။ အားသွားတာနဲ့  ဘယ်သွားမလဲဆိုတော့ Vivo City နည်းနည်း ပတ်ပြီး ဆန်တိုစာ သွားဖြစ်တယ်။ ဖေဖေလည်း ရောက်ဖူးပြီးသားမို့  ဆန်တိုစာထဲမှာ နေရာအနှံ့  မသွားဖြစ်ဘူး။ ဟိုနားဒီနား နည်းနည်းသွားပြီး လူတွေ ထိုင်ကြည့်နေတာ များတယ်။ ပြောင်းလည်းနေတာတွေ အများကြီးပဲ။ လူတွေစီက ပိုက်ဆံကို ဘယ်လိုယူရမယ်ဆိုတာတော့ သိကြသားပဲ။
ညပိုင်းတော့ Song of the Sea ကြည့်ဖြစ်တယ်။ ပထမဆုံး အကြိမ် ကြည့်ဖူးခြင်းပဲ။ S$8 ပေးရတယ်။ ပိုက်ဆံပေးရပြီး အရင် အလကားကြည့်ရတဲ့ Musical Fountain လောက်လည်း မကောင်းဘူး။ မီးတွေကတော့ လှပါတယ်။ ဒါပေမယ့် နောက်ဆုံးပိုင်းမှာ ဘိုင်ဘိုင်လုပ်ပြီး ဆိုတဲ့ သီချင်းလား ... ဘယ်သူ ဘာဖြစ်တယ် ဆိုလား.. နားထောင်ပြီး မြန်မာပြည်နဲ့  သိပ်မကွာပါလား ခံစားလိုက်ရတယ်။
တနင်္ဂနွေမှာတော့ တပေါင်းလ မတိုင်ခင် တလအလို ဖြစ်နေပြီ။ မိုးတွေကလည်း ရွာနေတယ်။ ဒါပေမယ့် သွားဖို့ ရှိတာ သွားရမှာပဲမို့  အပြင်ထွက်ဖြစ်တယ်။ စစ်တီးဟောသွား ဖေဖေ သွားသမျှ လိုက်ရတယ်။ ၀ယ်စရာရှိတာတွေ ၀ယ်တယ်။ ညနေပိုင်း အဖေတည်းတဲ့ နေရာသွားတယ်။ အဲဒီမှာ ရောက်တော့ ဆေးသောက်ပြီး အလည်ရောက်နေတဲ့ တူဝမ်းကွဲလေးနဲ့  ဆော့ဖြစ်တယ်။ သူ့ အဖေနဲ့ မတူပဲ အမေနဲ့ ပိုတူလို့ လားမသိဘူး ခလေးလေးက ချစ်စရာလေး။ အလည်လေးပေမယ့် ဂျစ်ကန်ကန် အမြင်ကပ်စရာ ပုံမပေါက်ဘူး၊ စကားကလည်း တတ်တယ်။
ညပိုင်းတော့ ဖေဖေကို လေယာဉ်ကွင်းလိုက်ပို့ ဖြစ်တယ်။ ရန်ကုန်ကို ဖုန်းဆက်တုန်းက မေမေက နေမကောင်းတဲ့သမီးကို အိမ်ပြန်နားလို့ မှာပြီး၊ သူတူတွေကို လိုက်ပို့ ခိုင်းလိုက်လို့  ပြောတယ်။ မထူးပါဘူးဆို ကိုယ့်ဘာသာပဲ လိုက်ပို့ ဖြစ်တော့တယ်။ ပစ္စည်းတွေ များနေရင် ပြန်ယူရမှာတွေ ရှိနိုင်သေးတယ်လေ။ ကံကောင်းတယ်။ ၄၀ ကီလိုရတယ် ဆိုတော့ ဘာမှပြန်ယူဖို့  မလိုတော့ဘူး။ ညဘက် အပြန် တက်ဆီခ S$25 ကုန်သွားတယ်။ နောက် ၄ လလောက်မှာ အဆင်ပြေရင် ဖေဖေ နဲ့  မေမေ လာအုံးမယ် ပြောတယ်။
ဒီနေ့ မနက်တော့ နေလို့ မကောင်းတာနဲ့  အလုပ် မသွားဖြစ်တော့ဘူး။ မနေ့ ညက ၁ နာရီကျော် လောက်မှ အိမ်ပြန်ရောက်တယ်။ မိုးမိထားတော့ ရေချိုးတာ ဘာညာနဲ့  ၃ နာရီလောက်မှ အိပ်ဖြစ်ခဲ့တယ်။ ဒီနေ့  ဆေးခွင့်ယူ ဆေးသောက်ပြီး တစ်နေကုန် အိပ်နေဖြစ်တယ်။
ဒီနေ့  ဒီရက်ပိုင်း ကြုံရတာလေးတွေ ချရေး ဖြစ်တယ်။ မထူးခြားပါဘူး။ ဟိုရောက် ဒီရောက်၊ စိတ်ကူးတည့်ရာ ရေးမှတ် ထားတာပဲ။ ဦးနှောက် ပုံမှန် အလုပ် မလုပ်ဘူး။ ဘာမှ မစဉ်းစားနိုင်ဘူး။ လူက နုံးနေတယ်။
လူနုံးနေလို့ ဒိုင်ယာရီတွေ ချရေးနိုင်တယ်။
ReplyDeleteနုံးများ မနုံးရင် ဘယ်လောက် ရေးမလဲ မသိဘူး...။
နေကောင်းအောင်နေ နေနေရေ
ReplyDeleteနေမကောင်းတဲ့သူ သွားထားတဲ့ခရီးစဉ်ကလဲ ဘုရား ဘုရား
ReplyDeleteနေမကောင်းလို့ သာပေါ့ နေများကောင်းရင်တော့ အင်းးး
n3,
ReplyDeletei also agree with u about"song of the sea"show, i can not feel better than water fountain last 3 yrs ago.This "song of the sea" show also quite long already, i think they will change sooner or later....
မီယာ >> ကျေးဇူးပါ။ နားလိုက်တော့ သက်သာသွားပြီ။
ReplyDeleteအမည်မသိ >> ဒီတစ်ခါ နေမကောင်းတာ အိမ်မှာ မှာမနေပဲ (အိပ်ချိန်ကလွဲရင်) အပြင်မှာ ကြီးပဲ။ မသွားမဖြစ် ဆိုတော့လည်း သွားရတာပါပဲ။
Ko Boyz >> ရေးလိုက် အိပ်လိုက်၊ တစ်နေကုန်မှ ဒါလေးပဲ ပြီးတာ။
Life is for Success >> ကိုယ်တစ်ယောက်တည်း မကောင်းဘူးထင်တာလားလို့ ။ အခုတော့ အဖော်ရှိပြီ။ အခု" Song of the Sea" ဇာတ်လမ်းက လုံးဝ မကောင်းဘူး။ တခြားဟာ အမြန်ပြောင်းသင့်ပြီ။