Pages

December 16, 2008

ခရီးသွားခြင်း...

ပြီးခဲ့တဲ့ စက်တင်ဘာလက ခရီးတစ်ခုသွားဖြစ်တယ်။ အဲဒီခရီး အကြောင်း အခု ပြန်စဉ်းစား ကြည့်တာ တချို့ အကြောင်းအရာတွေ မေ့ချင်ချင် ဖြစ်နေပြီ။ သွားခဲ့တာ ဘာမှ မကြာသေးဘူး။ အချိန်ကြာလာရင် အဲဒီ ခရီးအကြောင်း ဘာဆိုဘာမှကို သတိရတော့မှာ မဟုတ်ဘူး။ နောက်ပိုင်း ပြန်ဖတ်လို့ ရအောင်၊ အမှတ်တရ ဖြစ်အောင် ရေးချမှတ်ထား အုံးမယ်လို့  စိတ်ကူးမိတယ်။

ကျွန်မက မိသားစုနဲ့ ကလွဲရင် ခရီးမထွက်ဖူးဘူး။ အိမ်မှာကလည်း ဖေဖေက အဝေးကို ရောက်နေတဲ့ အချိန်က များတော့ မိသားစုလိုက် ခရီးထွက်ဖြစ်ခဲတယ်။ စက်တင်ဘာတုန်းက သွားဖြစ်ခဲ့တဲ့ ခရီးက သိပ်အဝေးကြီးကို မဟုတ်ပါဘူး။ သိပ်လည်း မကြာဘူး။ သောကြာသွားပြီး တနင်္ဂလာ ပြန်လာတာ။ သွားခဲ့တဲ့ နေရာက မလေးရှား ပီနန်ကိုပါ။ သူငယ်ချင်း မိသားစုတွေနဲ့  အတူ သွားဖြစ်ခဲ့တာပါ။ ကိုယ့်ဘာသာဆို လိုက်ဖြစ်မှာ မဟုတ်ဘူး။ ချစ်သူရဲ့ အဓိက တိုက်တွန်းချက်ကြောင့် အဲဒီ ခရီးကိုသွားဖြစ်ခဲ့တာ။ စိတ်အပြောင်းအလွဲလည်းဖြစ်တယ်၊ အတွေ့ အကြုံလည်းရတယ် လိုက်သွားတဲ့။ ခရီးအတူသွားမယ့်သူတွေ ချစ်သူနဲ့  အတော်လေး နှီးဆုံး သူငယ်ချင်းတွေ ဆိုတော့ စိတ်ချတယ် ထင်ပါတယ်။ ခေါ်တဲ့သူတွေကလည်း ခေါ်နေ၊ တိုက်တွန်းတဲ့သူကလည်း တိုက်တွန်း၊ ကိုယ်လည်း ဘာမှ ထူးပြီး စီစဉ်စရာမရှိတာနဲ့  လိုက်သွားဖြစ်ခဲ့တယ်။

ခရီးစဉ်ကို အကျဉ်းချုံး ပြောရရင်
သောကြာနေ့  (၁၉ စက်တင်ဘာ ၂၀၀၈) သွားတယ်။
စနေ၊ တနင်္ဂနွေ နှစ်ရက် ပီနန်မှာ လျှောက်လည်တယ်။
တနင်္ဂလာနေ့  (၂၂ ရက် စက်တင်ဘာ ၂၀၀၈) ပြန်လာတယ်။
ဒါပါပဲ။

မှတ်မှတ်ရရ စင်္ကာပူကို ပြန်ရောက်တဲ့  စက်တင်ဘာ ၂၂ ရက်က နိုင်ငံခြားထွက်လာတာ ၈ နှစ်ပြည့်တဲ့ နေ့  ပဲ။ အဲဒီခရီးစဉ်က အပြန်လမ်းမှာ ပထမဆုံး နိုင်ငံခြားကို ထွက်ခဲ့တဲ့ ခရီးစဉ်နဲ့  သူငယ်ချင်း တွေကို သတိရ နေမိသေးတယ်...

ခရီးထွက်တဲ့ အကြောင်း နည်းနည်း အကျယ်ချဲ့ မှတ်သားရမယ်ဆိုရင်.. (နောက်နေ့ မှ ဆက်ရေးမည်။)

6 comments:

  1. ဒါဘဲလား။ဖတ်ချင်လို့ ဟိုကို ကလစ်လုပ်လိုက်။ ဒီကိုကလစ်လုပ်လိုက်နဲ။ :P
    လူကို အရူးမလုပ်ပါနဲ့။

    ReplyDelete
  2. တော်တော်ကြာသွားပြီဘဲ။ လွမ်းနေရော့မယ်။

    ReplyDelete
  3. အချိန်မရလို့  မရေးရသေးဘူး အစ်မရဲ့။ နောက်နေ့ မှ ဆက်ရေးမယ်။ ပုံတွေ အများကြီးနဲ့  တင်မယ်လေ။
    ဘယ်သူတွေ လွမ်းနေမှာလဲ။ မိဘတွေလား။

    ReplyDelete
  4. ခရီးအကျဉ်း
    သော၁၉ စက်၀၈သွား
    နေ၊ နွေ ပီနန် လျှောက်လည်
    လာ ၂၂ စက်၀၈ ပြန်
    (ပိုတိုသွားအောင်ပါ)
    :P

    ReplyDelete
  5. Steve Evergreen >> မဟုတ်ပါဘူး။
    လျှောက်လည်ဖို့  သီးသန့် ဆိုပြီး မိသားစုမပါပဲ ခရီးထွက်တာ မွေးကတည်းကနေ ခုအထိ အဲဒီခရီးက ပထမဆုံး ခရီး။
    ကျွန်မ မြန်မာပြည်က ထွက်လာတာ ၈ နှစ် ကျော် ရှိပြီ။ မိသားစုမပါ ကိုယ့်ဘာသာပဲ။
    မြန်မာပြည်က ထွက်လာကတည်းက နေခဲ့တဲ့ နိုင်ငံက ၂ နိုင်ငံ။
    အခု လက်ရှိနေတဲ့ နိုင်ငံမှာတော့ ဘယ်မှ သွားဖို့ မရှိဘူး။ ဒီနိုင်ငံကနေ မလေးရှားကို အမေနဲ့  သွားဖူးတယ်။ ကိစ္စရှိလို့ ။
    အရင် နေခဲ့တဲ့ နိုင်ငံမှာတုန်းက ကိုယ်နေတဲ့ မြို့ ကနေ တခြားမြို့ တွေကို တစ်ယောက်တည်း ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့  ဖြစ်စေ သွားလေ့ရှိတယ်။ ကိစ္စအကြောင်းကြီးငယ် ရှိတဲ့ အခါတွေမှာ။
    အလည်အပတ် သီးသန့် အနေနဲ့  ခရီးထွက်ခြင်းကို မိသားစုနဲ့ ကလွဲရင် ဘယ်သူတွေနဲ့ မှ သွားလေ့ မရှိခဲ့ဘူး။

    မမွန်>> ဒီလောက်တိုသွားရင် နောက်ပြန်ဖတ်တဲ့ အခါ နားလည်နိုင်တော့မယ် မထင်။

    ReplyDelete