Pages

October 28, 2011

Good-Bye + Dinner

ပြီးခဲ့တဲ့ အင်္ဂါနေ့ က ညနေပိုင်းမှာ ချန်ဂီလေဆိပ်ကို ရောက်အောင် သွားဖြစ်ခဲ့တယ်။ လေဆိပ်ရောက်တော့ Terminal 1 မှာဆိုလို့  SkyTrain စီးပြီး ဆက်သွားတယ်။


Counter 1 မှာ ဆိုလို ဆက်လျှောက်ရတယ်။ Check-In လုပ်တုန်းဆိုလို့  ခဏ စောင့်ကြတယ်။ ကြိုရောက်နေတဲ့ တခြားသူငယ်ချင်းတွေနဲ့ စကားပြောတယ်၊ ပြီးတော့ နီးနီးနားနား PizzaHut မှာပဲ ညစာ စားကြတယ်။ နောက်ဆုံး နှုတ်ဆက် စကားပြောကြရင်း စားဖြစ်ကြတဲ့ နှုတ်ဆက် ညစာ။

Good Luck and All The Best, SMA!.


အစားအသောက်ကတော့ လက်လှမ်းမှီသလောက်၊ ကိုယ်စားတာပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ လူတွေကိုလည်း ဓာတ်ပုံ ရိုက်ပေးဖြစ်တယ်။ ဓာတ်ပုံဆိုတာ ဘာပဲပြောပြော အမှတ်တရ ရှိတယ်။ နောက်တချိန် ကြုံကြိုက်လို့ ပဲဖြစ်ဖြစ်၊ အမှတ်မထင်ပဲဖြစ်ဖြစ် ပြန်ကြည့်မိတဲ့အခါ သတိရစေနိုင်သလို၊ သတိရတဲ့အခါလည်း ပြန်ကြည့်လို့ ရပါတယ်။

2011-10-25 Dinner @ PizzaHut
(Changi Airport - Terminal 1)
with SMA, AWM+NWEC, TRT + SNW, AKS
From Singapore

၃ လအတွင်း လေဆိပ်ကို ၃ကြိမ်ရောက်ဖြစ်တယ်။ ရောက်တဲ့ အကြိမ်တိုင်းက စုံစည်ပျော်ရွှင်ဖို့ မဟုတ်ဘူး။ ၂ ကြိမ်က ခွဲခွါရခြင်းအတွက် နှုတ်ဆက်ဖို့ ။ August တုန်းက တစ်ယောက်၊ ခု October မှာ တစ်ယောက်။


5 comments:

  1. တစ်ချိန်ပြန်တွေ့မှာပေါ့။

    ReplyDelete
  2. တို့လည်းဒီနေ့ပီဇာဟတ်မှာစားခဲ့တယ် (စွတ်တင်းကြီးဝင်ရောတာ)

    ReplyDelete
  3. တို့ က ဒီနေ့ အလုပ်မသွားရဘူး
    (ဘာမှ မဆိုင်ဘူး. ဇွတ်ကြွားတာ..)

    ReplyDelete
  4. တို့ဆို မနေ့က အိုင်ဖုန်းဖိုးအက်စ် ဝယ်လာတာ...။
    (ကြွားနေကြသလားလို့... ဟိ)

    ReplyDelete