Pages

May 08, 2010

Food For..

ဂေါ်ဖီရိပ်ရိပ်လေး လှီးထားတာပါမယ်၊ ပဲကြာဇံ၊ အာလူးပြုတ်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီ ဆီချက် ၀ါဝါမွှေးမွှေး ခပ်များများနဲ့ ဆို သိပ်ကြိုက်ပေါ့။ အခုလည်း မဆိုးပါဘူး။ စားလို့ ရပါတယ်။
တစ်ယောက်သောသူ စားချင်နေတယ်ဆိုလို့  ကျွန်မစားဖြစ်သွားခဲ့တဲ့ အစားအသောက်တစ်မျိုး..
From Everything
အဓိက တရားခံက ဟိုအစ်မကြီးပေါ့။ သူက စတာပဲ။ ကျွန်မလည်း ကြိုက်ပါတယ်။ ဒါပေမယ့် အိမ်က ထွက်လာကတည်းက စားဖြစ်ခဲတယ်။ ဒါမျိုးကို အပြင်ဆိုင်မှာ စားလေ့မှ မရှိခဲ့တာ။ အိမ်မှာတုန်းကဆို စားရင်လည်း၊ သူများ အဆင်သင့် သုတ်ပေးတာမျိုး မကြိုက်ဘူး။ အသင့် ပြင်ဆင်ထားတဲ့ အစာပလာတွေကို ကိုယ့်စိတ်ကြိုက် ကိုယ့်ဘာသာ ထည့်တယ်၊ ပြီးမှသာ ပန်းကန်ကို လူကြီးတွေပေးပြီး အပေါ့အငံ အစပ်အဟတ် တည့်အောင် သုတ်ပေးပါပြောလေ့ ရှိခဲ့တယ်။ ပြီးရင် အပေါ်က ကြက်သွန်နီ ဆီချက်ဖတ် များများလေး ထပ်ထည့်ပြီး အသားကြော် တစ်မျိုးမျိုးနဲ့  စားတယ်။ ခုများတော့ ဒါမျိုးဝေးနေတာ ကြာပါပြီ။

ရှိတဲ့ ငါးမုန့် နဲ့  ကြက်ဥ ပါကြော်ပြီး စားလိုက်တယ်။
From Everything
စားချင်တယ် ပြောတာတွေထဲက ဒီမှာရနိုင်တာတွေကို သတိတရ လိုက်စားပေးနေမိတော့ ခုရက်ပိုင်း တွေ့ တဲ့သူတွေက ဟိုတလောကလောက် မပိန်တော့ဘူး ပြောကြတယ်။ စေတနာ လက်ငင်း ချက်ချင်းကို အကျိုးပေးတာလို့ ပြောရမယ် ..

4 comments:

  1. နေရင်းထိုင်ရင်း........

    ReplyDelete
  2. ဘယ်အစ်မကြီး ထမင်းသုပ်စားတာလဲ.. သွားကပ်စားအုံးမှာပါ။
    မမွန်

    ReplyDelete
  3. (တစ်ယောက်သောသူ စားချင်နေတယ်ဆိုလို့  ကျွန်မစားဖြစ်သွားခဲ့တဲ့ အစားအသောက်တစ်မျိုး)

    သူ စားချင်နေတာလေး ကိုယ် စားပေးလိုက်ဦးမယ် ဆိုတဲ့ အိုင်ဒီယာမျိုး တခါမှ မရဖူးသေးဘူး။ :)

    ReplyDelete
  4. တို့လဲကြုံဖူးဘူး. ကိုယ်စားတဲ့ကောင်းတာလေးသူ့ကိုကျွေးချင်လိုက်တာ ဆိုတာမျိုးဘဲကြားဘူးပါတယ်။ ။

    ReplyDelete