Pages

February 22, 2010

ဈေးဝယ်ထွက်ခြင်း

ဒီလိုလေး ရေးမှတ်ထားတော့ နောင်တချိန်ပြန်ကြည့်တဲ့အခါ ဈေးတွေ သိရတာပေါ့။ အဲဒီနေ့ က ဈေးဝယ်တာ အားလုံး GST ပါအပြီးမှာ S$30.65 ကျပါတယ်။ GST က 7% မပါဘူးဆို ကုန်ကျစာရိတ်က S$28.68။



China Cauliflower (S$2.13), Tomato (S$ 1.13), China BeijingCarbage (S$ 0.79)
Lemon (S$ 1.25), Garlic 500G (S$ 1.55), Old Ginger ( S$0.30)

From Everything
Chicken Wings (S$4.50) , Minced Pork (S$ 2.45),
Grey Prawn (S$ 3.14), Fried Crisp (S$ 5.95)

ဓာတ်ပုံရိုက်တဲ့ အထဲမှာ မပါတာက ဆန် နဲ့  ကြက်ဥ။ ဆန်ဈေးတွေ အတော်တက်သွားမှန်း အဲဒီနေ့  ဆန်ဝယ်ဖြစ်မှ သိလိုက်ရတယ်။ မ၀ယ်တာလည်း အနည်းဆုံး ၁ နှစ်ကျော်မကတော့ဘူး ထင်တယ်။ အမှတ်မမှားဘူးဆို ဟိုးအရင် ကျွန်မ ၀ယ်နေကြဆန်က 5KG တစ်ထုတ်ကို S$9 ကျော်လောက် ပေးရတယ်။ အခု ဆန်ဝယ်တော့ 2.5 KG တစ်ထုတ်ကို S$ 6.25 ပေးရတယ်။ အရင်ဆန်လောက်လည်း မကောင်းဘူး။ ကြက်ဥကတော့ ၁၀ လုံးကို S$ 1.25။ သစ်သီးနဲ့  အအေး မ၀ယ်ဖြစ်ဘူး။ သည်နိုင်မယ် မထင်တော့ဘူးဆိုတာ ကိုယ့်ဘာသာသိတယ်။

တရုတ်နှစ်ကူး မတိုင်ခင် သောကြာနေ့  (2010-02-10) က ၀ယ်ဖြစ်တာတွေပါ။ အလုပ်အပြန် NTUC တန်းသွားပြီး ၀ယ်လိုက်တာ၊ ပစ်စည်းတွေက လေး၊ ရာသီဥတုက ပူ၊ ၀တ်ထားတာကလည်း အနက်ရောင် အင်္ကျီလက်ရှည်၊ ချွေးအအေးမိသွားတယ် ထင်ပါရဲ့၊ နောက်နေ့ ကစပြီး နှာရည်တွေကျပြီး ဖျားတော့တာပဲ။ အရင်ထဲက အားနည်းနေတာလဲပါမယ် ထင်တယ်။ စနေ၊ တနင်္ဂနွေ၊ တနင်္လာ နဲ့  အင်္ဂါ တရုတ်နှစ်ကူး ပိတ်ရက်တွေမှာ အစာ စားလိုက်၊ ဆေးသောက်လိုက် အိပ်လိုက် နဲ့  အိမ်မှာပဲ အနားယူလိုက်တယ်။ အဖျားအကြီးလို့  ၀ယ်ထားတာလေးတွေ ချက်စားနိုင်တာ တော်ပါသေးတယ်။ မဟုတ်ရင် ဆိုင်တွေကပိတ်၊ ဘာမှစားစရာမရှိ နဲ့  အတော်ဒုက်ခရောက်အုံးမယ်။

From Everything
ဝက်သားကို လုံးကြော်လိုက်တော့ ဒီလောက်ပဲရတယ်။

From Everything

ပန်းဂေါ်ပွင့်တွေက သူငယ်ချင်းတွေကို သတိရလို့  ၀ယ်လာတာ။ လန်ဒန်မှာ ကျောင်းပိတ်ရက် သွားနေတဲ့ အချိန်က ညသန်းခေါင်းကျော် ဗိုက်ဆာတယ်ဆို ကိုဇာနည်က ပန်းပွင့်ကြော် ကျွေးလေ့ ရှိတယ်။ စားလို့  ကောင်းမှကောင်း။ ကိုဇာနည် ချက်တာ အဓိက လုစားခဲ့တာ ကျွန်မ နဲ့  LKH ဖြစ်မယ် ထင်တယ်။ တခါတလေ သားငယ်လည်း ပါမယ်။ မိကော်၊ စုစု နဲ့  KKT ရောပါသလား။ ကျောင်းတတ်တုန်းက အကြောင်းတွေ စိတ်ကူးပေါ် အချိန်ရမှ သတိတရ ရေးမှတ်ထားရအုံးမယ်။

From Everything
ဒီပုဇွန်ပန်းကန်ကိုတွေ့ ရင် တစ်စုံတစ်ယောက်ကတော့ နည်းနည်းလေး စားရတာ နံကြားတောင် ကပ်မှာ မဟုတ်ဘူးလို့  ပြောလာနိုင်တယ်။ ဒီတစ်ခေါက် ပုဇွန်က ၁၅ ကောင်လား မသိဘူး။ တစ်ပတ်ပဲ ရှိသေးတယ်၊ မေ့သွားပြီ။ ကျွန်မ အကျင့်ကလည်း တမျိုး၊ ဒီမှာ ပုဇွန်ဝယ်ရင် ထည့်တဲ့အချိန်မှာ အကောင် အရေအတွက် စိတ်ထဲက မှတ်ပြီး ၁၀၊ ၁၅၊ ၂၀ အဲလိုမျိုး နံပါတ်တွေ ကောက်ထည့်ဖြစ်တာ များတယ်။
From Everything

5 comments:

  1. တစ်နေ့တည်းစားလိုက်တာ အကုန်ကုန်တယ်လား။ တိုးတက်လာပြီ။
    မမွန်

    ReplyDelete
  2. Cabbage ဖြစ်မယ်ထင်တယ် အမှန်က...
    Carbage ဆိုရင်တော့... GC နဲ့မှားသွားတာနေမှာ...
    China BeijingCarbage (S$ 0.79) ကိုပြောတာပါ

    ReplyDelete
  3. ကိုယ်နဲ့တူတယ်၊
    ကိုယ်လဲ ပုဇွန်ဝယ်ရင် အကောင်ရေပြီးမှ ၀ယ်တာ၊
    များသော အားဖြင့် တစ်ဆယ့်ငါးကောင်၊ မဂဏန်း၊ ဘာရယ်တော့ မဟုတ်ပါဘူး၊
    နှစ်ကူးရှေ့မှာ ဘာမှ မ၀ယ်လိုက်ရလို့ ဖြစ်ရတဲ့ ပိုစ့်လေး ဖတ်ကြည့်ပါအုံးလား။

    ReplyDelete
  4. တို့လဲပွုဇွန်ဝယ်ရင် ၁၄ သို့မဟုတ် ၁ရကောင်လောက်ဝယယ်လေ့ရှိတယ်။ အကျင့်တူတာပေါ့။ ချက်ထားတာလေးတွေစားချင်စဘွယ်။ လက်ရာကောင်းမဲ့ပုံဘဲ ကြော်ငြမထိုးပါနဲ့ကွယ်။

    ReplyDelete