Pages

May 31, 2009

လူဆိုတာ....

လူဆိုတာ မေ့တတ်တယ်တဲ့။
တကယ်တော့ ကိုယ်မေ့ချင်မှ မေ့လို့ ရတာ ထင်ပါရဲ့။
မမေ့ချင်တဲ့ကိစ်စဆိုရင် ဟိုး... အိုမင်းတွင်းဆုံးအထိ သတိရနေရော....

နှင်းခဲပျော်ချိန်
(ဘာသာပြန်သူ .. ကျော်ဝင်း)

5 comments:

  1. `တို့က မေ့တတ်တယ်နော်´တဲ့။ ကဗျာဘွဲ့မှုးသီချင်း ပြန်ဆိုပြလိုက်မယ်။ (ဟဲဟဲ) နောက်တာပါ။

    လူတိုင်း ဘ၀နဲ့ရင်းပြီး ခံစားထားရတဲ့ ကိစ္စတွေအားလုံးကို မေ့မရတာ အမှန်ပဲ။ ကိုယ့်ဘ၀အတွက် အရေးကြီးတယ်လို့ ယူဆထားပြန်ရင်လည်း မမေ့ဘူး။ မေ့တယ်လို့ပြောရင်တော့ သက်သက်မဲ့ ကိုယ်လွတ်ရုန်းတာပဲ။

    အဓိကပြဿနာက အသေးအဖွဲလေးတွေကို မေ့တတ်တဲ့အကျင့်ပဲ။ နမော်နမဲ့နိုင်တာပါ။ အပေါ်ယံ အရေးမကြီးဘူးလို့ ထင်ရပေမယ့် ရေရှည်မှာ ကိုယ့်ကိုကိုယ် ဖျက်ဆီးသလိုဖြစ်တတ်တယ်။

    ကျွန်တော်လည်း ခပ်ပေါ့ပေါ့တွေးပြီး မေ့တတ်တယ်။ နောက်တော့ စာအုပ်တအုပ်ထဲ (အထူးသဖြင့် အလုပ်နဲ့ ပတ်သက်တာမှန်သမျှ) ရေးမှတ်ထားရတယ်။

    ReplyDelete
  2. ဟုတ်ပ..မေ့ချင်ပါတယ်ဆို မမေ့နိုင်တာတွေက အများသား..အဲငှယ်.. ။
    ဒါနဲ့ စကားမစပ်.. ၀က်သားတွေပဲစားခဲ့လား. တခြားဖွယ်ဖွယ်ရာရာလေးများရော..မတင်တော့ဘူးလားကွဲ့။
    mm

    ReplyDelete
  3. မမေ့ချင်တဲ့ကိစ်စဆိုရင် ဟိုး... အိုမင်းတွင်းဆုံးအထိ သတိရနေရော...

    Yes. its true

    ReplyDelete
  4. အရီး ... ဘယ်တွင်းအဆုံးအထိ သတိရနေတာလဲငှင် .. မထိတ်သာ မလန့်သာ ရှိထှာ။

    ReplyDelete
  5. blog လေးကို link ထားချင်လို့ ခွင့်တောင်းပါတယ်...ခွင့်ပြုပါနော်... အမြဲလိုလို လာဖတ်ပေမယ့် comment တော့တခါမှ မရေးဖြစ်ဘူး...

    ReplyDelete