Pages

May 31, 2009

ဝက်ခြေထောက်စွပ်ပြုတ်၊ ၀က်သားကောက်ညှင်းထုပ်၊ ၀က်သားဒုတ်ထိုး

ရန်ကုန်မှာ စားရတဲ့ အစားအသောက်တွေထဲက တချို့ ..

ဝက်ခြေထောက်စွပ်ပြုတ်က ဆိုင်က ၀ယ်တာ မဟုတ်ပါဘူး။ စားချင်တယ်ဆိုလို့  ကြီးမေတို့ အိမ်က ချက်ပြီး လာပို့ ပေးတာ။ နူးအိနေပြီး စားလို့ အရမ်းကောင်းတယ်။ စွတ်ပြုတ်က ၀က်လက်ကို လုပ်တာ မဟုတ်ဘူး ခြေထောက်၊ လက်ဆို သေးတယ်၊ စားလို့ မကောင်းဘူး၊ အသားလည်း သိပ်မပါဘူးလေ။
From Burmese Food
ဝက်ခြေထောက်စွပ်ပြုတ်

From Burmese Food


ဝက်သားကောက်ညှင်းထုတ်ကတော့ အိမ်မှာ လုပ်တာမဟုတ်ဘူး ဆိုင်မှာ စားတာပါ။ ဆိုင်နာမည် သေချာမမှတ်မိဘူး။ မခင်လေး လား၊ မခင်အေးလား မိန်းမနာမည်ထင်တာပဲ။ အဲဒါကတော့ မတော်ရသေးတဲ့ အမျိုးတွေ လိုက်ဝယ်ကျွေးတာပါ။
From Burmese Food
ဝက်သားကောက်ညှင်းထုတ်

ဝက်သားဒုတ်ထိုးက တစ်ဆိုင်ထဲမှာ စားတာပါ။ အသားလိပ်လည်း ပါသေးတယ်။ ဓာတ်ပုံမရိုက်ထားလိုက်မိဘူး။
From Burmese Food

ဝက်သားဒုတ်ထိုး


ဒီအပေါ်က သုံးခုလုံးကို တစ်ရက်တည်းမှာစားဖြစ်သွားတာပါ။ တကယ်ဆို အဲဒီတစ်နေ့ ထဲမှာ စားဖြစ်တာက ဒီသုံးခုတင်မကဘူး တခြားဟာတွေလည်း ပါသေးတယ်။ ပြန်ရောက်တုန်းလေးဆိုပြီး တစ်ဆိုင်ပြီး တစ်ဆိုင်လိုက်ကျွေးကြတယ်။ ကျန်တာတွေ နောက်မှ ဆက်တင်ပါ အုံးမယ်။

13 comments:

  1. Boyz ကိုသတိရလိုက်တာ။

    ReplyDelete
  2. ဒါကြောင့်မို့လို့သူတို့ကသူငယ်ချင်းဖြစ်တာကိုး။

    ReplyDelete
  3. ဝက်သားတုတ်ထိုး တောင်စားချင်လာပြီ

    ReplyDelete
  4. စားချင်စရာတွေချည်းပါပဲလားဗျာ... သရေ လာကျသွားတယ်.. အဟဲ

    ReplyDelete
  5. ရှလွတ်...။


    sdl

    ReplyDelete
  6. ရန်ကုန်ပြန်တာသေချာသွားပြီပေါ့........၀က်ခြေထောက်စွပ်ကို ကြည့်ပြီး ငိုချင် အဲ စားချင်လိုက်တာ...မတော်ရသေးတဲ့ အမျိုးတွေက သဘောကောင်းလိုက်ကြတာနော်..နေနေ ကံကောင်းတယ်...နာလိုဘူး။

    ReplyDelete
  7. ကြည်ရှင်းမှဘဲ ရှင်းတော့တယ်။

    ReplyDelete
  8. မောင်ထွေးSunday, May 31, 2009 4:11:00 PM

    ဝက်ခြေထောက်တွေ ကြည့်ရတာ အားကျစရာ၊ ကိုလက်စထရောတွေ မြင့်တက်လာမှာစိုးလို့၊ ငေးကြည့်ရုံ ကြည့်သွားတယ်။

    ReplyDelete
  9. ကောင်းတယ် နေနေ အဲ့လို များများစားပေး ဒါမှ ၀တုတ်လာမှာ

    ReplyDelete
  10. စားချင်လိုက်တာ..အားရပါးရ ခံစားသွားတယ်...အသားလိပ်ပုံကိုလည်း မှန်းဆသွားတယ်...စားချင်လို့ ...၀က်သားမပြောနဲ့ ..၀က်တစ်ကောင်လုံးကို မျိုချချင်နေတာ.....

    ReplyDelete
  11. Pig's Foot Soup ရဲ့အငွေ့အသက်ကိုလာရောက်ခံစားသွားတယ်။ (မိုးနတ်မင်းကြီးပေါ့။)

    ReplyDelete
  12. စားချင်လိုက်တာဗျာ
    အောက်ဆုံးက ပန်းကန်လာပေးရင် ၃ မိနစ်ပဲ။

    ReplyDelete
  13. ksanchaung က pig's foot soup ဆိုပါ့လား? ကျနော်ကတော့ ဝက်ခွာစွပ်ပြုတ်လို့ နားလည်လိုက်ပါတယ်။ သယ်ရင်း စိတ်မဆိုးကြေးနော်။ ခင်လို့စတာပါ။ ဝက်ခြေထောက်စွပ်ပြုတ်ကို လိပ်လို ဘယ်လိုခေါ်မှန်း အိုင်လည်း မသိဘူးစ်။ ဒါပေမဲ့ ခြေထောက်ကို လက် "leg" ခြေဖဝါးကို ဖွတ် "foot" လို့တော့ ပြောသံကြားသလားလို့။ ဝက်မှာက ခြေဖွားအစား ခွာပဲ ရှိတာမလား? အဲ့ဒါအဲ့ဒါ။ အဲ ငမ်းသွားတယ် ဝက်ခြေထောက်ကိုကော၊ ဝက်ကောက်ညှင်းကိုကော၊ တုတ်ထိုးဝက်ကိုကော။ o_O

    ReplyDelete