Pages

November 11, 2008

နီးခြင်းဝေးခြင်း အဓိကမကျဘူး

အတော်လေးကြိုက်တဲ့ သီချင်းတစ်ပုဒ်။ ၂၀၀၁ လက်ဆောင်အခွေထဲက။ အဲလက်စ် နဲ့  Kids For Future ဆိုထားတဲ့ သီချင်း။ သီချင်းရေးသူက ဆောင်းဦးလှိုင်၊ ကိုယ်ပိုင်သံစဉ်သီချင်းလို့ ပြောတယ်။ ဆောင်းဦးလှိုင် ဆယ်စုနှစ်ဂီတ မှာ အဲလက်စ်၊ ထရေစီ ပြန်ဆိုထားတယ်။ ဒါပေမယ့် ၂၀၀၁ လက်ဆောင်အခွေက သီချင်းကို ပိုကြိုက်တယ်။
အလွမ်းခါးခါး
Alex + Kids For Future

ပေါင်းစည်းခွင့်မရှိတဲ့ နှလုံးသားတွေလား ... အသွင်ပြင်လည်း ခြားနားလို့  ...
အချစ်ရေ.. တို့ နှစ်ယောက်ဆိုတာ .. အိပ်မက်လေး ခဏလောက်မက်ကြ..
အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေသိတော့သိပါတယ်... ကိုယ်ချုပ်ထိန်းလို့ မရနိုင်ခဲ့တော့ အချစ်ရေ..
နီးခြင်းဝေးခြင်း အဓိကမကျဘူး.. ကိုယ်တိုင်က ပေးဆပ်ဖို့  အမိုက်ခံဆုံးဖြတ်တာပါ..
အိပ်မက်လေး ခဏပဲမက်ကြ... အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေ သိတော့ သိပေမယ့်... ကိုယ်ချုပ်ထိန်းလို့ မရနိုင်ခဲ့တော့ အချစ်ရေ..

ဒီအချစ်တွေ တစ်သက်လုံး ကိုယ့်အတွက် လုံလောက်သွားပြီ..
ကမ္ဘာကြီးပေါ်တစ်ယောက်တစ်ကွဲ ဝေးသွားခဲ့ရင်လည်း (oh baby...)
အစားထိုးလို့ မရတဲ့ အချစ်ကို အမြဲတမ်းအတွက် သိမ်းဆည်းပြီးတော့
ယုံနိုင်အုံးမလား... ကိုယ်ထပ်ပြီးတော့ အချစ်သစ်လိုက်မရှာ..


ပေါင်းစည်းခွင့်မရှိတဲ့ နှလုံးသားတွေလား ... အသွင်ပြင်လည်း ခြားနားလို့  ...
အချစ်ရေ.. တို့ နှစ်ယောက်ဆိုတာ .. အိပ်မက်လေး ခဏပဲမက်ကြ..
အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေသိတော့သိပါတယ်... ကိုယ်မြိုသိပ်လို့မရနိုင်တော့လည်း အချစ်ရေ..
နီးခြင်းဝေးခြင်း အဓိက မကျဘူး.. ကိုယ်တိုင်က ပေးဆပ်ဖို့  အသည်းအသန် ချစ်ခဲ့တာပါ..
အိပ်မက်လေး ခဏပဲမက်ကြ... အဆုံးသတ်တော့ အလွမ်းကခါးခါး...

ဒါတွေ သိတော့ သိပေမယ့်... ကိုယ်မြိုသိပ်လို့ မရနိုင်တော့လည်း.. အချစ်ရေ..

ဒီသီချင်းကို စနားထောင်ကတည်းက အခုအထိ တော်တော်လေး ကြိုက်တယ်။ ဒီသီချင်းစနားထောင်တဲ့ အချိန် ၂၀၀၁ လောက်က လွမ်းတယ်ဆိုတာ ဘာမှန်းမသိ၊ အချစ်ဆိုတာကိုလည်း အနှစ်ရဲ့ တွဲဖက် သူငယ်ချင်း အနေနဲ့ ပဲ သိထားတာ။ အခုရော.. ဒီထက်ပို သိလို့ လားဆို မသိဘူး။ စဉ်းစားတယ် ဒီသီချင်းကို ဘာလို့ ကြိုက်တယ်။ သီချင်းစာသားတွေက လှလို့  ကြိုက်သွားတာလား၊ နားထောင်ကောင်းလို့ လားမသိဘူး။ ဒီသီချင်းကို ကြိုက်သာ ကြိုက်တာ သီချင်းထဲကလို ပုံစံမျိုး အပြင်ဘ၀မှာ မဖြစ်နိုင်ပါ။ ခဏပဲ ဆိုတဲ့ အိပ်မက်တွေကို မကြိုက်ဘူး။ ဘယ်တော့ မဆို ဖြစ်နိုင်တာကိုပဲ အစလုပ်တယ်။ နောက်မှ မဖြစ်သွားတာက တပိုင်းပဲလေ။ နီးခြင်းဝေးခြင်း အဓိကကျတယ်။ တကယ်ဆို နီးအောင် ကြိုးစားရမယ်။ နောက်ပြီး မဖြစ်နိုင်လို့  တစ်ယောက်နဲ့  တစ်ယောက် ဝေးသွားပြီးမှ အတိတ်ဟောင်းကို တမ်းတ လွမ်းဆွေးနေတယ် ဆိုတာမျိုးကြီး လက်မခံနိုင်ဘူး။ ဒီအတိုင်းကြီး အချစ်သစ်လိုက် မရှာတာတော့ ဟုတ်ပါပြီ၊ စိတ်ကုန်လို့ ပေါ့... သူဟာသူ သက်ဆိုင်လိုသူတွေ ရောက်လာ သဘောလည်း ကျတယ်ဆို အဆင်ပြေသွားကြမယ် ထင်တယ်....အဟောင်းကို အစားမထိုးဘူး.. အသစ်တည်ဆောက်လိုက်တာပေါ့... အင်း.. တကယ်ဆို.... ဟိုသီချင်းထဲကလို ဘယ်သူရှိမလဲ ....

Credit to NativeDJ (၂၀၀၁ သီချင်းခွေကို မမေ (EmotionalCorner) မှ ရရှိပြီး၊ ပုံတွေကို နေးတစ် DJ များစီမှ ကူးယူထားခြင်းဖြစ်ပါသည်။)

4 comments:

  1. ဒီသချင်းလေးကိုနားထောင်မိတော့..ဂျီတော့ မှာတင်တင်နေကြတဲ့ ဟိုဆစ်ဂနေချာလေးကို သွားသတိရတယ်.ဘာတဲ့ ...ဪ..i dont care about the distance i just care about u ....:P
    မနေနေနိုင်ကသီချင်းအေးအေးလေးတွေကြိုက်ပုံရတယ်..
    လူလည်းအေးအေးလေးပဲထင်တယ်...
    :-)

    ReplyDelete
  2. lol..but wat if such kind of love comes un-knocking..? xD

    ReplyDelete
  3. ဒီတခါတော့ မကြိုက်ဘူး ဆိုဟန်တွေအသံတွေက စတိုင်တွေ ဖမ်းထားပြီး ပေါ့ရွှတ်ရွှတ်နဲ့ ခံစားချက်မပါပဲ အင်ကြီးတွေ ကြားနေရသလိုပဲ.. ဆောရီးနော်..

    i

    ReplyDelete
  4. jurassic >> အရမ်းဆူတဲ့ သီချင်းတွေကို ပုံမှန်ဆို သိပ်နားမထောင်ဖြစ်ဘူး။
    ဒါပေမယ့် ခေါင်းအရမ်းရှုပ်လာရင်၊ ဘာဆိုဘာမှ မကြာချင်တော့တဲ့ အချိန်တွေဆိုရင်တော့ ဆူတဲ့သီချင်းတွေ နားထောင်ဖြစ်တယ်။
    ကျွန်မကိုယ် ကျွန်မတော့ အေးတယ်လည်းမဟုတ်... မအေးဘူးလည်း မဟုတ်.. သာမန်ပဲလို့ ထင်ပါတယ်။

    nemo >> ဒီမေးခွန်းကို ကျွန်မ ထပ်ဖြေစရာမလိုတော့ဘူး လို့ ထင်ပါတယ်။

    anonymous >> ဒီတစ်ခါမကြိုက်ဘူးဆိုတော့ အရင်တင်တဲ့သီချင်းတွေကို နားထောင်ပြီး ကြိုက်တယ်လို့  ယူဆလိုက်မယ်။ ဆေားရီးပြောစရာ မလိုပါဘူး။ လူတစ်ကိုယ်အကြိုက်တမျိုးပေါ့။

    ReplyDelete