ဒီနေ့  ပထမဆုံး အတွေ့ အကြုံ အနေနဲ့ 
Singapore Flyer ကို စီးဖူးသွားပြီ။ ကိုယ့်ဟာကိုဆို သွားစီးဖြစ်မှာ မဟုတ်ဘူး။ မိသားစုတွေလာမှ သူ့ တို့ ကို လိုက်ပို့ ရင်းသွားစီးမယ် စိတ်ကူးထားတာ။ ဒီနေ့ တော့ အလုပ်က IT Night (Teambuilding) ဆိုပြီး စီစဉ်တာကြောင့် ရောက်ဖြစ်၊ စီးဖြစ်သွားခဲ့တာ။ ၅း၅၀ မှာ ဘူဖေးစားပြီး၊ ၇း၃၀ လောက် အဲဒီရောက်တယ်။ အဲ့ဒီက ပြန်ထွက်လာတဲ့ အချိန်မှာ ည ၉ နာရီထိုးပြီ။ အသွားကို အလုပ်က ကားစီစဉ်ပေးတယ်။ အပြန်မှာ အဲဒီကနေ City Hall MRT အထိ ၃၀ မိနစ်ကြာ တစ်ခါ ထွက်တဲ့ Free shuttle bus
ရှိတယ်။ Bus က မိုက်တယ်။ ဘေးမှာ အကာ မပါဘူး။
တစ်ဖွဲ့ တည်းကြတဲ့ သူတွေကလည်း မရင်းနှီးတော့ ပျော်ဖို့ မကောင်းဘူး။ စင်္ကာပူနိုင်ငံ တစ်ခုလုံးကို မိုးပေါ်က ကြည့်ဖူးတာ သွားပဲရှိတယ်။ ကိုယ်မြင်ရတဲ့ အဆောက်အအုံတွေ ဘာက ဘာလဲသိချင်လို့  မေးတာကို ဘယ်သူမှလည်း မဖြေနိုင်ဘူး။ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာ ကြီးပြီး အတော်ညံ့တဲ့ သူတွေ။ မသိဘူးဆိုတာကြီးပဲ။ မိုးကလည်း ဖွဲဖွဲလေး ရွာနေသေးတယ်။ အပေါ်က အောက်ပြန်ဆင်းတဲ့ အချိန်တုန်းကဆို ပျင်းလွန်းလို့  အမြန်အောက်ကို ရောက်ပါစေလို့ ပဲ ဆုတောင်းမိတယ်။ Camera မပါလို့  ကိုယ့်တိုင်ရိုက်ထာတဲ့ ဓာတ်ပုံတော့ ပြစရာမရှိဘူး။ တစ်ဖွဲ့ တည်း စီးတဲ့ သူတွေကလည်း ဓာတ်ပုံရိုက်တာ မကောင်းကြဘူး။ Group Photo တွေတော့ ရှိတယ်။ အလုပ်မှာ ပြန်ပြီး ပြိုင်ပွဲဝင်ရမယ် ဆိုလို့  အုပ်စုလိုက် ရိုက်ရတာ။ မိုးရွာနေတော့ မှန်တွေပေါ်မှာ ရေစိုနေပြီး ဓာတ်ပုံ ရိုက်ရတာ ခက်တယ်။
Flyer စီးနေတဲ့ အချိန်မှာ သဘောကျသွားတာ ဆိုလို့  ကိုယ်မိုးပေါ်ရောက်နေတုန်း ဖုန်းဆက်လာတဲ့ အစ်ကိုကြီး တစ်ယောက်ကို အခု SG Flyer ပေါ်မှာ ရောက်နေတယ် ဆိုပြီး အားပါးတရ ပြောလိုက်ရတာ တစ်ခုပဲရှိတယ်။ ကြွားပြီး ပျော်လိုက်တာ.. အဲဒီနေ့ က အဲဒီအချိန်မှာ ကွတ်တိ ဖုန်းဆက်လာတဲ့ အစ်ကိုကြီးကို ကျေးဇူး အထူးတင်ပါ၏။
ကြိုရိုက်ထားတာမဟုတ်လား.အ စ်ကိုကြီး ကျွန်မကို အဲဒီအချိန်ဖုံးဆက်ပါဆိုပြီး။
ReplyDeleteလန်ဒန်က စလိုက်တဲ့ ရှူခင်းကြည့်တဲ့ ရဟတ်ကြီးတွေ စင်ကာပူမှာလဲ ရှိသကိုး
ReplyDeleteLondon eyes လို့ခေါ်တယ် ။ အတုခိုးရင်လဲ နာမယ်ပါ အတုခိုးတာ မဟုတ်ဘူး ခုတော Singapore Flyer တဲ့
ဒီမှာတော့ Tourist တွေပဲစီးတာပါ ကိုယ်တို့က ဌာနေတွေဆိုတော့ စီးဖို့မလိုဘူးလေ