ရန်ကုန်မှာ သောကြာညကစပြီး မုန်တိုင်းဝင်၊ အပျက်အစီးတွေ အတော်များတယ် သိရတယ်။ ဒီမနက် အိပ်ယာနိုးကတည်းက အင်တာနက်ပေါ်မှာ သတင်းတွေရှာဖတ်၊ ဓာတ်ပုံတွေ လိုက်ကြည့် ဖြစ်တယ်။ ခုချိန်အထိ အိမ်ကို ဖုန်းခေါ်လို့ မရသေးဘူး။ ရန်ကုန်မှာ ဘာတွေ ဖြစ်နေနိုင်တယ်ဆိုတာ တွေးကြည့်ရင်း စိတ်သိပ်မကြည် ဖြစ်နေတယ်။ ဒီလို အချိန်မှာ ပျော်စရာ ကြုံတွေခဲ့ရတာတွေကို အသေးစိတ် ရေးချင်စိတ် မရှိဘူး။ နောင်တချိန်မှာ ပြန်ကြည့်နိုင်အောင် ဒီလို သွားခဲ့၊ စားခဲ့ကြတယ် ဆိုတာ သိအောင်ပဲ မနေ့ တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့ ကိုပဲ မှတ်ထား၊ သိမ်းထားလိုက်တော့တယ်။
Pages
▼
May 05, 2008
BBQ Party @ Sembawang Park
စနေနေ့  ညနေက နေးတစ်ဖိုရမ်မှ ရင်းနှီးတဲ့ သူငယ်ချင်းတချို့ နဲ့ အတူ Sembawang Park မှာ BBQ လုပ်စားဖြစ်တယ်။ ကိုယ်တိုင်ဘာမှ ၀င်မလုပ်ဖြစ်ပါဘူး။ သူများတွေ စီစဉ်တာကိုပဲ လူရောက်အောင်သွားပြီး စားဖြစ်တာလို့  ပြောရမယ်။ ကျွန်မ ရောက်သွားတဲ့အချိန်မှာ ကင်တဲ့သူတွေက ကင်လို့ ၊ တခြား ပြင်ဆင်မှု့ တွေကလည်း ပြီးသလောက်ရှိနေပြီ။ ရယ်ဒီမိတ် ဆာတေးတွေ မှာတာတွေ ရှိသလို ကင်ဖို့  ကြက်သား၊ ၀က်သားတွေ နဲ့  တခြားဟာတွေ လည်း ပြင်ဆင်ပြီး ယူလာကြတာ တွေ့ ရတယ်။ ကြာဇံကြော် နဲ့ ခေါက်ဆွဲကြော်တွေလည်း ကြော်ပြီး ယူလာကြတယ်။ အားလုံးစားဖို့  အသီအနှံတွေကို လည်း တာဝန်ယူ ယူလာသူတွေ ရှိတယ်။ ပြင်ဆင်ထားတဲ့ စားစရာတွေ အများကြီးမို့  နောက်လူ ၈-၉ စားဖို့ တောင် လုံလောက်တဲ့ အတွက် သူငယ်ချင်းတွေကိုတောင် ဖုန်းဆက်ခေါ်ရတယ်။ ဒါတောင် အများကြီးပိုလို့  အိမ်တွေတောင် ပြန်သည်သွားကြရတယ်တဲ့။
ရန်ကုန်မှာ သောကြာညကစပြီး မုန်တိုင်းဝင်၊ အပျက်အစီးတွေ အတော်များတယ် သိရတယ်။ ဒီမနက် အိပ်ယာနိုးကတည်းက အင်တာနက်ပေါ်မှာ သတင်းတွေရှာဖတ်၊ ဓာတ်ပုံတွေ လိုက်ကြည့် ဖြစ်တယ်။ ခုချိန်အထိ အိမ်ကို ဖုန်းခေါ်လို့ မရသေးဘူး။ ရန်ကုန်မှာ ဘာတွေ ဖြစ်နေနိုင်တယ်ဆိုတာ တွေးကြည့်ရင်း စိတ်သိပ်မကြည် ဖြစ်နေတယ်။ ဒီလို အချိန်မှာ ပျော်စရာ ကြုံတွေခဲ့ရတာတွေကို အသေးစိတ် ရေးချင်စိတ် မရှိဘူး။ နောင်တချိန်မှာ ပြန်ကြည့်နိုင်အောင် ဒီလို သွားခဲ့၊ စားခဲ့ကြတယ် ဆိုတာ သိအောင်ပဲ မနေ့ တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတချို့ ကိုပဲ မှတ်ထား၊ သိမ်းထားလိုက်တော့တယ်။
BBQ Party @ Sembawang Park ( 03 - May - 2008)

pyaung phu ta chan tu lay tway tot ma tin pyit tot par bu naw..hehe
ReplyDeleteတခြမ်းတူးပုံတွေလဲ ရိုက်ထားတာ ရှိတယ်။ သေချာ မတင်ပဲထားလိုက်တာ:D..
ReplyDelete