ကိုယ်အသုံးပြုနေတဲ့ Computer Screen ညစ်ပတ်နေတယ်ဆိုရင်
ဒါလေး ကို ဖွင့် ကြည့်လိုက်ပါ။ ကိုယ့်အတွက် အသုံးဝင်မယ်ထင်တယ်ဆို ScreenSaver အဖြစ်တင်ထားလို့ ရအောင် Download လုပ်နိုင်တဲ့ Link ကိုလည်း ပေးထားပါတယ်။

ဒီရက်ပိုင်း Flash file လေးတွေ လိုက်ရှာကြည့်နေမိတယ်။ အခု Share လုပ်ထားတဲ့ Screen Clean ဆိုတာလေးက ချစ်ဖို့  ကောင်းတယ်။ ဒါလေးကြည့်ပြီး တချို့ လူတွေကတော့ ရွံကြမလား မသိဘူး။ ကျွန်မကတော့ အိမ်က ညီမလေးနဲ့ မောင်လေးကို ပြလို့ ရအောင် ဒေါင်းလုတ်လုပ်ပြီး သိမ်းထားလိုက်တယ်။ သူတို့ တွေမြင်ရင် အရမ်းသဘောကျမှာ။ အဲ့ဒီ Flash Movie လေးကြည့်ပြီး အင်္ဂလန်က သူငယ်ချင်း အစ်ကိုကြီး တစ်ယောက်ကိုတောင် သတိရသွားမိတယ်။ ဘာဆိုင်လို့ လည်းဆို ဆိုင်တာရှိလို့ ပါ။ ဟိုး... လွန်ခဲ့တဲ့ ၅ နှစ်ကျော်က(၂၀၀၂ လောက်က) သူ့ တို့ အိမ်ရဲ့ အချစ်တော်လေး ဆိုပြီး အဲဒီလို အကောင်မျိုးလေးရဲ့ ဓာတ်ပုံတွေ ပြဖူးတယ်။ ဘယ်လို သိတတ်ကြောင်းလည်း ပြောပြတယ်။ ဈေးလည်းကြီးတယ်တဲ့။ သူပြတဲ့ ဓာတ်ပုံတွေ မြင်မြင်ချင်း ဟယ်... အကောင် သေးသေးလေးနဲ့  ရုပ်ကလည်း ဆိုးလိုက်တာ၊ မျက်လုံးကလည်း ပြူးသေးတယ်၊ ဘယ်လို လူမျိုးတွေကများ ဒီလို အကောင်မျိုးကို ချစ်ကြပါလိမ့်လို့  တွေးမိသွားတယ်။ အိမ်ပြန်တုန်းက စကားစပ်မိလို့  ပြောဖြစ်တော့ အိမ်ကလူတွေက ပြောတယ်။ ဒီလိုမျိုး ရနိုင်မယ်ဆို တစ်ကောင်လောက်တော့ လိုချင်တယ်၊ ဈေးကြီးလို့ သာ မ၀ယ်တာ၊ ရုပ်ဆိုးပေမယ့် ချစ်ဖို့ ကောင်းပါတယ်တဲ့။ ဟုတ်မှာပါ။ တကယ်ဆို အကောင်ကြီးကြီး ဟန်အပြည့်နဲ့  မြင်လိုက်ရုံနဲ့  တော်ရုံလူတွေ ရှိန်သွားနိုင်မျိုးတွေကိုမှ သဘောကျတယ်။ ငယ်မယ်ဆိုလည်း သနားဖို့ ကောင်းတဲ့ မျက်နှာမျိုးရှိတာကိုပဲ လိုချင်တယ်။ လိုချင်တယ်သာ ပြောတာပါ၊ ခုနေများ အလကား ရမယ်ဆိုတောင် သူတို့ ကို အချိန်မပေးနိုင်၊ ဂရုမစိုက်နိုင်လို့  မမွေးထားနိုင်ပါဘူး။
Credit goes to original uploaders
ScreenCleane
hi ... i cant download from your link given
ReplyDeleteကိုစိုးထက်.. အစ်ကိုရဲ့ Comment ၀င်ဝင်လာချင်း စမ်းကြည့်တော့ မရဘူး။ Server မှာ မရှိဘူးဆိုပြီး Error Message ပေါ်လာတယ်။ မဟုတ်သေးပါဘူး ဆိုပြီး ထပ်စမ်းကြည့်တော့ ဒေါင်းလုတ်လုပ်လို့ ရပါတယ်။ Mediafire က ဖြစ်တာနဲ့  တူတယ်။ အခု အဆင်ပြေနေပါတယ်။ ကျေးဇူးပါပဲ။ :)
ReplyDeleteရသွားပြီ အန်န် သရီးရေ ... ကျေးဇူး :P
ReplyDeleteDar Lay ko click lite tar...ERR404 pe` paw lar par tae`...Lot kya par ohne...
ReplyDeleteအဲ့ဒီ ဆိုဒ်က ခုရက်ပိုင်းမှာ တစ်ခါတစ်လေ Error ပြနေပါတယ်။ အမြဲ ဖြစ်နေတာတော့လည်း မဟုတ်ဘူး။ ပြန်ကောင်းချင်တဲ့အခါ ကောင်းနေပြန်ရော။ ကျွန်မ စိတ်ထင်တော့ ကျွန်မ လင့်ပေးထားသလိုပဲ အဲ့ဒီ Site ကို Direct Link ပေးသူတွေ အရမ်းများသွားပြီး ကြည့်တဲ့သူတွေ အရမ်းများလို့  Handle မလုပ်နိုင်တာ ဖြစ်မယ်ထင်တယ်။ ခု အဲ့လို မဖြစ်အောင် Fileden မှာ flash file ကို ပြန်တင်ထားလိုက်ပြီး လင့်ကိုပြန်ပြောင်းထားတယ်။ အဲ့ဒီမှာ ကြည့်လို့ ရပါတယ်။
ReplyDeletems n3,thank for your's everything.I never know the skreemr.com before.But now,i know it already.I'm a music crazy man.Thank's for your' help.
ReplyDelete