Pages

January 31, 2008

31 January 2008

၂၀၀၈ ခုနှစ် - ပထမဆုံးလရဲ့ နောက်ဆုံးနေ့ 

ဒီနေ့  အလုပ်မှာ Deployment ရှိတယ်။ ပုံမှန် ၈း၃၀ မှ စပြီး server shut down လုပ်လေ့ရှိပေမယ့် ဒီနေ့ မှာတော့ ၇း၀၀ မှာ လုပ်မယ်ဆိုလို့  စောပြန်ရမယ် ထင်ထားတာ။ ပြီးတော့ ဒီနေ့ လုပ်ရတယ့် deployment က Package အရမ်းမများဘူး။ အားလုံးမှာ ၁၈ ခုပဲရှိတာဆိုတော့ ၊ online နဲ့  mobile နှစ်ခုဆိုရင် ၃၆ ခုပဲရှိလို့ မြန်မယ် ထင်ထားတာ။ Major Deployement တွေဆို Package အားလုံး ၂၀၀ နီးပါးလောက်ရှိတတ်တယ်လေ။ ဒါပေမယ့် အခု ည ၁၀ ထိုးပြီး၊ မပြန်ရသေးဘူး။ ဘယ်တော့ ပြန်ရမလဲ မသိပါဘူး။

31 January 2008

4 comments:

  1. ဘယ်လို ကုမ္ပဏီမျိုးလဲဟင် ... ဒီလောက်အလုပ်တွေများပြီး package တွေများတာ၊
    စလုံးကမှန်းတော့သိပါတယ် .. ဗဟုသုတရအောင်ပေါ့
    နောက် ဒီလောက်များတဲ့ အလုပ်တွေကို မိန်းခလေး တယောက်အနေနဲ့ နိုင်နိုင် နင်းနင်း ကိုင်တွယ်နေတာ အားကြမိပါတယ်၊ အလုပ်နာမည် တိုက်ရိုက်မပြောခြင်ရင်တောင်မှ စဉ်းစားလို့ရအောင် ပြောပြပါလားဗျာ .. ကိုယ့်စာဖတ်သူကို အသိအမှတ်ပြုခြင်းလည်း မည်ပါတယ်။

    ReplyDelete
  2. ကျွန်မအခု အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာက Application တစ်ခုကို တစ်ခုခုပြင်ဆင်ရမယ်၊ အသစ်ထည့်မယ်ဆို အဆင့်ဆင့် အတည်ပြုချက်ယူပြီးမှ ပြင်ဆင်လို့ ရပါတယ်။ ဘယ်လောက်သေးတဲ့ changes/request တစ်ခုကိုဆို Package တစ်ခု အနေနဲ့ သိမ်းပါတယ်။ Package ကို SIT နဲ့  UAT ကို အဆင့်ဆင့်ပို့ ပါတယ်။ တစ်ခုခု အမှားတွေ့ ရင် မူလ Package ကို ပြင်ခွင့် မရှိပါဘူး။ နောက်ပြင်ဆင်တဲ့ Code တွေကို သီးခြား Package တစ်ခုအနေနဲ့  ထပ်ပြီး လုပ်ပေးရပါတယ်။ အထူးသဖြင့် UAT မှာပါ။ UAT ကိုသွားတဲ့ Package တိုင်းဟာ Prodcution Server ကို ပို့ ရတယ်။ UAT ရောက်ပြီးတဲ့ Changes တစ်ခုကို Reverse လုပ်မယ် ဆိုတောင်မှ Reverse အတွက် Pacakge ထပ်ပို့ ပြီး လုပ်ရပါတယ်။ အဲ့ဒါကြောင့် Changes/Request တွေများရင်၊ Programmer တွေအမှား လုပ်တာများရင် Pacakge တွေ အရမ်းများတတ်ပါတယ်။ ဘာပဲပြင်ပြင် SIT မှာ ၂ ပတ်၊ UAT မှာ ၂ ပတ် အနည်းဆုံး Testing လုပ်ပြီးမှ Production ကို ပို့ ပါတယ်။ ဒါကြောင့် ပုံမှန်ဆို Application တစ်ခုကို ၁ လ တစ်ခါလောက်ပဲ Production Deployment လုပ်လေ့ရှိတယ်။ ကျွန်မ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီက insurance ကုမ္ပဏီဆိုတော့ Production မှာ လုံးဝ အမှား မဖြစ်စေရပါဘူး။ အခုလက်ရှိ ကျွန်မတို့ တွေ လုပ်နေတဲ့ Application တစ်ခုကိုဆို မနှစ်က သုံးနေတဲ့သူ ၂၀၀၀ ကျော်ရှိနေပြီး ဒီနှစ်မှာ ၃၀၀၀ ထိဖြစ်အောင် လုပ်နေတယ်လို့  ဟိုနေ့ က မီတင်တစ်ခုမှ ပြောသွားပါတယ်။

    ReplyDelete
  3. ဟီဟီ အမရေ အမ company ကို package database ပဲထောင်ခိုင်းပါတော့ဗျာ။ Btw, အဲ့ဒိ့ ၂၀၀၈ ခုနှစ် - ပထမဆုံးလရဲ့ နောက်ဆုံးနေ့  က အနော်ရဲ့ Birthday ဗျ။ အမရဲ့ Blog က အရမ်းမိုက် တယ်ဗျာ။

    ReplyDelete
  4. Happy Belated Birthday, rockerhorse!! အတော်တောင် နောက်ကျသွားပြီ။ ဒါနဲ့  ဘလော့ကို အရမ်းမိုက် တယ်ပြောတဲ့အတွက် ကျေးဇူးတင်ပါပဲ။ မိုက်တယ်ဆိုတဲ့အသုံးအနှုံးက ဒီနေရာမှာတော့ ကောင်းတယ် ဆိုတယ်သဘောဆောင်တယ် မဟုတ်လား။ ကိုယ်လိုရာစွဲတွေးလိုက်တယ် :)

    ReplyDelete