Pages

December 18, 2007

The Blog Readability Test

လျှောက်ကြည့်ရင်း Blog Toy လေး တစ်ခုတွေ့ တာနဲ့ စမ်းကြည့်လိုက်တာ ကျွန်မ ဘလော့ကို ဖတ်ပြီး နားလည်ဖို့ ဆို High School လောက် ပညာရေးအဆင့်ရှိရုံနဲ့  နားလည် နိုင်တယ်ဆိုတာ သိလိုက်ရတယ်။ ဟုတ်လောက်မယ်။ သိတဲ့အတိုင်း ကျွန်မက စိတ်ကူးပေါက်ရာ၊ စိတ်ကူးတည့်ရာတွေ လျှောက်ရေးတာ များတယ် မဟုတ်လား။ High School လောက်တတ်ဖို့  လိုတယ် ဆိုတာတောင် ဒီမှာ ရေးထားတာတွေများတော့ အဲ့လောက်မှ မတတ်ရင် အကုန်ပြီးအောင် ဖတ်နိုင်မယ် မထင်လို့  ဖြစ်ပါလိမ့်မယ်။ :D

cash advance
ဒါနဲ့  တချို့ ဘလော့တွေများ ရေးထားတာ သိပ်အဆင့်မြင့်လွန်းတော့ Genius အဆင့် ရှိမှသာ သူတို့  စာတွေ ဖတ်ပြီး နားလည်နိုင်မယ် ဆိုလား။ အရေအတွက်ထက် အရည်အချင်းက ပိုပြီး အရေးကြီးတယ်ဆိုတာ သိလိုက်ရတယ်။ အားကျမိပါတယ်။ တချို့  ဘလော့တွေကြတော့လည်း သူတို့ ရေးထားတဲ့ စာတွေကို ဖတ်ပြီး နားလည်ဖို့ ဆို Genius အဆင့်မဟုတ်တောင် Collage ( PostGrad) အဆင့်လောက်တော့ အနည်းဆုံး တတ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်း သတင်းပေးတယ်။

ကိုယ့်ဘလော့အကြောင်း ဘယ်သူတွေ ဖတ်ပြီး နားလည်မယ်ဆိုတာ စမ်းကြည့်ချင်တယ်ဆို ဒီမှာ သွားကြည့်လို့ ရပါတယ်။

7 comments:

  1. genius မှ နားလည်မယ်ဆိုပါလား။ ဟဲဟဲ ... တယ်တော်တဲ့ငါကွ ! ဘ၀င်အတော်မြင့်သွားပြီ :P လာဖတ်သူတွေလဲ Genius တွေ ဖြစ်ကုန်ပြီ။
    ကြည့်ရတာ ဗမာယူနီကုတ်တွေ သူမဖတ်တတ်တာနဲ့ Genius မှ ဖတ်တတ်မယ်လို့ ပြောလိုက်တာနေမယ်။

    ReplyDelete
  2. ဟုတ်ပအေရယ်..ဟိဟိ..နားမလည်တာတွေဖတ်တတ်ရင် genius

    ReplyDelete
  3. ကျွန်တော့် ဘလော့လည်း ဂျီးနီးယပ်စ် အဆင့်မှ ဖတ်လို့ နားလည်မယ် ဆိုပဲဗျ။ အဟား...

    အီးမိုးရှင်းမမေ ပြောတာ ဟုတ်မယ်နော်... ဘာရေးထားမှန်း သူလည်း ဘာသာ မပြန်နိုင်တော့ဘူး ထင်တယ်။ အဲဒါနဲ့ ရမ်းသမ်းပြီး ဂျီးနီးယပ်စ် ဖြစ်မှ နားလည်မယ် ဆိုပြီး အရူးဘုံမြှောက် ပေးလိုက်တယ် ထင်ပနော်။

    ReplyDelete
  4. ဟိဟိ
    ငါ့ blog ကတော့
    elementary school level တဲ့
    ဟားဟားဟား မိုက်တယ်။
    ရီရတယ်။ ဟီးဟီး

    ReplyDelete
  5. မမေ ပြောပြီး JulyDream ထောက်ခံထားသလို ဗမာယူနီကုတ်တွေ၊ မြန်မာစာတွေနဲ့  ရေးထားတာကို မဖတ်တတ်လို့  Genius ပေးတာ တော့ ဟုတ်မယ်မထင်ဘူး။ ဒီမှာ နဲ့  မထက် ရဲ့ ဘလော့လည်း ယူနီကုတ်နဲ့  မြန်မာဖွန့် တွေသုံးရေးထားတာပဲ မဟုတ်လား။ ဒါနဲ့  Genius Level ဘလော့ပိုင်ရှင် ၃ ယောက်ပေါင်းပြီး High School နဲ့  Elementary School level နှစ်ယောက်ကို မုန့် ဝယ်ကျွေးဖို့  ၊ကော်ဖီလိုက်တိုက်ဖို့  စိတ်ကူး မရှိကြဘူးလားဟင်.. :D

    ReplyDelete
  6. ရာသီပြောင်းချိန်မို့လားမသိ။ နှာစေးနေတယ်။

    ReplyDelete
  7. ချစ်သူအနားမှာရှိပြီ၊ သူပြုပေးမယ့် သူရှိပြီ ဆိုပြီး ကျန်းမာရေး ဂရုမစိုက်ပဲ နေနေတာလားဟင်.. :P

    ReplyDelete