Pages

December 06, 2007

The 10 Most Marketable Web Development Skills

ခုရက်ပိုင်း အလုပ်တွေကရှုပ်၊ အိမ်မှာလည်း အင်တာနက် သုံးလို့ မရသေးတော့ သတင်းတွေကို အရင်ကလောက် မဖတ်ဖြစ်ဘူး။ ဒီနေ့ တော့ အလုပ်ရောက်တာ နဲ့  လုပ်စရာရှိတာတွေ မြန်မြန်လုပ်ပြီး အချိန်ရအောင်ယူလို့  သတင်းတွေ လိုက်ဖတ်ဖြစ်တယ်။ ဒီနေ့ ဖတ်မိသမျှ အကြောင်းအရာတွေထဲက Artical တစ်ခုကို သဘောကျသွားတယ်။

တိုက်ဆိုင်တယ် ဆိုရမလား၊ ကျွန်မ ခုရက်ပိုင်း Ruby ဆိုတာဘာလဲ၊ Perl ဆိုတာဘာလဲ၊ PHP နဲ့  Python ဘာကွာလဲ စတဲ့ မေးခွန်းတွေကို သူငယ်ချင်းတစ်ချို့ က မေးတာကြုံနေရတယ်။ Web Developement နဲ့  ပတ်သက်ရင် ဘာလေ့လာရမလဲ မေးတာတွေလည်း ကြုံတွေ့ ရတယ်။ ဘာကြောင့် ဟိုဟာမသုံးပဲ ဒီဟာသုံးတာလည်း ဆိုတာမျိုးတွေကလည်း မေးကြသေးတယ်။ ကိုယ်ကလည်း ကျွမ်းကျင်သူ မဟုတ်လေတော့ တချို့ မေးခွန်းတွေကို သူတို့ နားလည်အောင် ဖြေရတာ အတော်လေး ပင်ပန်းတယ်။ တကယ်ဆို အားလုံးက သူ့ ဟာနဲ့ သူတော့ ကောင်းနေကြတာ ပဲလေ။ နောက်ပြီး အလုပ်အတွက်၊ အလုပ်ရဖို့ အတွက်ပဲ ရည်ရွယ်ပြီး လေ့လာချင်တယ်ဆို ပိုပြီး ဖြေရခက်တယ်။ နိုင်ငံအလိုက် လိုအပ်ချက်တွေကလည်း ကွာခြားတယ် မဟုတ်လား။

The 10 Most Marketable Web Development Skills ဆိုတဲ့ Artical မှာ အခု Market မှာ အရေးပါနေတဲ့ Languages 10 မျိုးနဲ့  အဲ့ဒီ Programming Language တစ်ခုချင်းစီက ဘာလဲ၊ ဘာကြောင့် အရေးပါတာလဲ နဲ့  ဘယ်နေရာမှာ လေ့လာနိုင်တယ်ဆိုတဲ့ Links တွေနဲ့  အချက်အလက်တွေကို စုစည်းပေးထားပါတယ်။

The 10 Most Marketable Web Development Skills - Read/Write Web
1. ASP & VBScript
2. C# or VB.Net
3. Flash & ActionScript
4. Java
5. JavaScript & AJAX
6. Perl
7. PHP
8. Python
9. Ruby & Ruby on Rails
10. Structured Query Language (SQL)

သူပေးထားတဲ့ Languages တွေ အစီအစဉ်အတိုင်း Market မှာ Popular ဖြစ်မဖြစ်တော့ ကျွန်မလည်း သေချာ မသိဘူး။ ဒါပေမယ့် Web Development ပိုင်းမှာ အလုပ်လုပ်နေသူတွေ ဖတ်ကြည့်သင့်တယ်လို့ ထင်မိတာနဲ့  မဖတ်မိသူတွေ ဖတ်ဖြစ်သွားအောင် မျှဝေလိုက်တာပါ။

Source : Read/Write Web

5 comments:

  1. They listed in alphabetical order. :D (see in third paragraph of that post)

    I'm sure PHP is most popular in this web dev world.

    ReplyDelete
  2. မျိုးကျော်ထွန်း.. ကျေးဇူးပဲ. အစ်မ အဲ့ဒီစာကြောင်းကို သတိမထားမိလိုက်ဘူး.. ကိုယ်သိချင်တာလေးပဲ အမြန် ရွေးဖတ်သွားတာ။ :).. PHP ကတော့ အတော်လေး Popluar ဖြစ်တယ်။ PHP နဲ့  ရေးပြီးသား Free ယူသုံးလို့ ရတာတွေကလည်း အများကြီးပဲ။

    ReplyDelete
  3. Hi,
    Thanks for sharing your fabulous info
    Web development services.

    ReplyDelete