Pages

November 18, 2007

Enjoy Weekend!


Hope you all enjoy yours', ... doing Just what you love to!

အခု အားလပ်ရက်မှာ ဘယ်မှမသွားဖြစ်ပဲ၊ အိမ်က ထည့်ပေးလိုက်တဲ့ အစားအစာတွေ စားလိုက်၊ အိပ်လိုက်နဲ့  အပြည့်အ၀ အနားယူနေပါတယ်။

ကျွေးတော့ မကျွေးပဲ အစားအသောက်ပုံတွေ တင်လိုက်၊ အစားအသောက် အကြောင်းတွေပဲ ရေးလိုက် လုပ်နေတယ် ဖြစ်မှာ စိုးတာနဲ့  Hide လုပ်ထားပါတယ်။ သိချင်တယ်ဆိုရင်တော့ အောက်က Link ကို Click လုပ်ပြီး ဖတ်ကြည့်လို့ ရပါတယ်။ ;)

အစားအသောက်များ

အခုရက်ပိုင်းတွေမှာတော့ အဲဒီ အစားအသောက်တွေစားရင် မိဘနှစ်ပါးရဲ့ ကျေးဇူး အထူးကြီးမားပါလားလို့  တွေးတွေးပြီး အိမ်ကို သတိရနေတော့မှာပါပဲ။ :D

11 comments:

  1. i hate u, u know that.
    i also want nga tha lout u.
    :P

    ReplyDelete
  2. ဘယ်သူကြီးတုန်းဟ။ :P စားချင်ရင် ရန်ကုန်ကို ပြန်မှာလိုက်လေ။ ဒီနဲ့  ရန်ကုန်နဲ့ က ပစ္စည်းပို့ ရတာ လွယ်ပါတယ်။

    ReplyDelete
  3. မိဘကျေးဇူး သိတတ်တယ်နော်။ တကူးတက အစားအသောက် ပို့ပေးတဲ့ မိဘများ တကယ် ကျေးဇူးကြီး ပါတယ်။ အင်း ... များများစားပေး... အဲဒါမှ ဗလကြီး ဖြစ်လာမှာ။ မိဘကျေးဇူး သိတဲ့အနေနဲ့ ဗလကြီး ဖြစ်ပါစေဗျာ။

    ReplyDelete
  4. ဟွန်း။ မုန်းတယ်။ မုန်းတယ်။ သိပ်ကိုမုန်းတယ်။
    မနာလိုစိတ်အကြီးကြီးနဲ့ မုန်းတယ်။

    ReplyDelete
  5. NayNay ကိုဝလာအောင်လုပ်နိုင်တဲ့
    အစားအသောက်များရှိရင်ပြောကြပါခင်ဗျာ..
    ကျေဇူးဆပ်ပါမည်.....

    ReplyDelete
  6. NMA>> ဟားဟား.. ကွန်မန့် ရေးတာ၊ ဆုတောင်းပေးတာ အတွက် ကျေးဇူးပါပဲ။
    မမွန်>> မမုန်းပါနဲ့ ။ မမွန် လာစားမယ်ဆို အခု အိမ်က ပို့ ထားသမျှ တစ်ခုမချန် အကုန်ကျွေးပါ့မယ့် :D..
    THKZ>> ကိုသီဟ အနားမှာရှိပြီး သူကြိုက်တဲ့ အစားအသောက်တွေ ခွံ့ ကျွေးနိုင်တဲ့အခါကြရင် ၀ လာမယ်ဆိုလားပဲရယ် .. အဲ့ဒီစကား ဘယ်သူပြောတာလဲ တော့ မသိပါဘူး. :D အဲ.. မစားချင်တာတွေကိုတော့ အမ်ထွက်အောင် မကျွေးနဲ့ ပေါ့နော်... :P

    ReplyDelete
  7. ကျွန်တော်ငယ်ငယ်တုန်းက ဖြစ်ချင်တဲ့ဆန္ဒတွေထဲမှာ တစ်ခုက ငါသူဌေးကြီးဖြစ်ရင် ပုစွန်ခြောက်ကို ပုံးထဲထည့်ပြီး ပဲကြီးလှော်စားသလို စားပစ်ဦးမယ် လို့ ကြုံးဝါးခဲ့ဘူးတာ သွားသတိရမိတယ်ဗျ။ အခုထိတော့ မစားနိုင်သေးပါဘူးဗျာ။ :)
    ညီမလေးစားတာဖတ်ရတာ အဲဒါလေးသွားသတိရမိတယ်။
    သူဌေးကြီးဖြစ်ပြီး ပုစွန်ခြောက်များများ စားနိုင်ပါစေဗျာ။

    ReplyDelete
  8. စားချင်တာ နေနေရယ်..ရှလွတ်... ဟိဟိ

    ReplyDelete
  9. Bro AwLanMg >>ညီမလည်း ငယ်ငယ်တုန်းက အစ်ကိုကြီးတွေးသလို တွေးဖူးတယ်။ ငယ်ငယ်ထဲက ပုဇွန်ခြောက် အကောင် မကြီးမသေး၊ နီနီရဲရဲ ဆားပေါ့ခြောက်၊ ချိုချိုလေးတွေ စားရတာ အရမ်းကြိုက်။ အခု စားဖြစ်တယ် ဆိုတာကလည်း အိမ်က အမြဲ လူကြုံရှိတိုင်း ပို့ ပေးနေလို့  ပါ အစ်ကိုကြီးရယ်။ ကိုယ့်ဘာသာကိုယ် ၀ယ်စားရမယ်ဆို စားဖြစ်မယ် မထင်ဘူး။ တစ်ခါ ရန်ကုန်ပြန်တုန်းက အမေနဲ့ အတူ သိမ်ကြီးဈေးလိုက်သွားတော့ ဖြစ်နေတဲ့ ဈေးတွေကြည့်ပြီး မ၀ယ်ပို့ ပါနဲ့ လို့ တောင် ပြောမိလိုက်သေးတယ်။ ဟီး.. အခု ၀ယ်ပို့ တော့လည်း စားလိုက်တာပါပဲ၊ ဈေးလည်း မမေးနေတော့ဘူး... :D အဲ့ဒါကြောင့် မိဘကျေးဇူးကြီးလှတယ် ပြောမိတာ ...
    အစ်ကိုကြီး တောင်းပေးတဲ့ ဆု အမြဲ ပြည့်ပါစေ။

    မထက်>> အိမ်လာခဲ့လေ... ကျွေးမယ်။ မကုန်ခင်တော့ အမြန်လာနော်..

    ReplyDelete
  10. မရောက်တာကြာလို့ လာလည်တော့ လူစည်ကားနေတဲ့ ဒီပို့စ်အောက်မှာပဲ သွားရည်တမျှားမျှားနဲ့ ၀င်ရေးသွားတယ်။ ရှိသေးရင်တော့ ၀က်သားထောင်းကြော်ဆိုတာကို စိတ်ဝင်စားတယ်။ နည်းနည်းချန်ထားအုံး။ :D

    ReplyDelete
  11. ၀က်သားထောင်းကြော် ရှိပါသေးတယ်။ လုံးဝကို မစားရသေးဘူး။ အစ်ကိုစေးထူး စိတ်ဝင်စားတယ်ဆို မြန်မြန်လာရင် မှီနိုင်ပါသေးတယ်:D

    ReplyDelete