Pages

September 06, 2007

Java - အမေး၊ အဖြေများနှင့် ရှင်းလင်းချက်များ

ကျွန်မကလည်း ဘာအကျင့်မှန်းမသိဘူး စာဖတ်တော့မယ်ဆို စာအုပ်၊ စာရွက်တွေ သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်း ဖြစ်နေမှ စာဖတ်တတ်တယ်။ တွန့် ကြေနေရင် လုံးဝ မကြိုက်ပါဘူး။ ခေါင်းစဉ်ဆိုရင် ခေါင်းစဉ်မှန်းသိအောင် ထင်ရှားနေမှ။ ဖတ်မယ့် စာအုပ်တစ်ခုလုံးကလည်း ရှင်းရှင်းလင်းလင်းနဲ့  တသတ်မတ်ထဲ ပုံစံတကျရှိနေမှ ကြိုက်တယ်။ စာကို ဦးနှောက်နဲ့ တွေးပြီး မှတ်ရုံမက၊ မျက်စိ အမြင်နဲ့ လည်း မှတ်တတ်တာ ပဲလား၊ အမြင်မရှင်းရင် စိတ်ပါရှုပ်လာပြီး စဉ်းစားနိုင်စွမ်းနဲ့  မှတ်ဥာဏ် အားနည်းသွားတာ ကြောင့်ပဲလားတော့ မသိပါဘူး။ စာမဖတ်ခင် စာရွက်စာတမ်းတွေကို ရှင်းလင်းအောင် ပြင်ဆင်နေတာက အတော်လေး ကြာတတ်ပါတယ်။

ဒီရက်ပိုင်းတော့ အလုပ်သိပ်မရှုပ်ပဲ အားလပ်ချိန်လေးတွေ နေတာကြောင့် စာပြန်ဖတ်မယ် စိတ်ကူးပြီး ကျွန်မစုထားတဲ့ JAVA နဲ့  ပတ်သက်တာတွေထဲက ဖတ်ချင်တာတွေကို ပြန်ရွေးထုတ်ရင်း၊ ဖတ်ရင်းနဲ့  စနစ်တကျဖြစ်အောင် ပြင်ဆင် ဖြစ်သွားပါတယ်။ JAVA, EJB, J2EE နဲ့  ပတ်သက်တဲ့ အမေးနဲ့  အဖြေတွေသာမက ဘာကြောင့် အဲ့လို ဖြေရပါသလဲဆိုတဲ့ ရှင်းလင်းချက်တွေပါ ပါဝင်တဲ့အတွက် ဖတ်ရတာ အရမ်းအဆင်ပြေပါတယ်။


ဒီ Q&A တွေကို အင်တာနက်ပေါ်မှာ ရှာကြည့်မယ်ဆို ရှာလို့ ရနိုင်မယ် ထင်ပါတယ်။ ကျွန်မ ဖတ်ရင်း ပြင်ဆင်ထားတဲ့ ရဲ့ PDF Files ကိုလည်း အားလုံးဖတ်နိုင်အောင် ဒီမှာ မျှဝေလိုက်ပါတယ်။ Print လုပ်ပြီး ဖတ်မယ်ဆိုရင် Page Layout ကို Two Pages per Sheet နဲ့  Print Style မှာ 2-sided Printing လုပ်ပြီး ဖတ်နိုင်အောင် လုပ်ထားတာပါ။ PDF 3 Files ပေါင်းဆို စာမျက်နှာ ၃၅၀ ကျော်ရှိမှာဆိုတော့ အဲဒီလို Print လုပ်ဖတ်မှ အဆင်ပြေမယ် ထင်လို့ ပါ။ အသုံးဝင်မယ်လို့  ထင်ပါတယ်။

7 comments:

  1. ခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မနေနေနိုင်...

    ဆက်လက်ပြီး ကူညီနိုင်ပါစေခင်ဗျာ...

    ခင်မင်လေးစားလျက်

    ရန်အောင်

    ReplyDelete
  2. Hi, ma nay nay,

    thanks for sharing, it's really useful for me. btw, I don't know why. I can download Java and EJB file but can't download J2EE file.

    ReplyDelete
  3. ပိုစ့်တင်တုန်းက စမ်းကြည့်လိုက်တာတော့ ဒေါင်းလုတ်လုပ်လို့ ရပါတယ်။ အခု Mediafire site ပဲ တစ်ခုခုဖြစ်သလား၊ File ပဲမှားပြီး ဖျက်မိသွားသလား မသိဘူး။ အလုပ်ကနေပြီး Mediafire ကို ၀င်လို့ မရတာကြောင့် အိမ်ပြန်ရောက်မှာပဲ Download Links တွေကို ပြန်စစ်ကြည့်ပြီး မှားနေတာတွေ့ ရင် ပြင်လိုက်ပါ့မယ်။ :)

    ReplyDelete
  4. မနေနေ -ပရိုဂရမ်းမင်းအကြောင်း၊အလုပ်အကြောင်းတွေ ကိုမျှဝေပေးတာအရမ်းကျေးဇူးတင်ပါတယ်။ ဖတ်ရတာ စိတ်ဝင်စားဖို့လဲကောင်း ၊အသုံးလဲဝင်ပါတယ်။ ရှေ့လာမယ့် ပို့စ်တွေကိုလဲစောင့်ဖတ်နေမယ်နော်။ ကျေးဇူးပါ- )

    ReplyDelete
  5. အခုတလောတော့ java နဲ့ ပတ်သက်တာတွေ သိပ်မဖတ်ဖြစ်ဘူး။ အချိန်ရလို့  ဖတ်မိတာရှိရင် ထပ်ရေးပါအုံးမယ်။ :)

    ReplyDelete
  6. မနေနေ... လင့်တွေက download ချရင် 99.99%
    ထိပဲ ရပါတယ်..တစ်ခြား တစ်ခုနဲ့ တင်ပေးလို့ ရမလားမသိဘူး...အခုလို တင်ထားပေးတဲ့ အတွက် အရမ်း ကျေးဇူးပါ။

    ReplyDelete
  7. ကျွန်မ ဒေါင်းလုတ်လုပ် ကြည့်တာတော့ ရတယ်။ အခု Zshare မှာပါ တင်ပေးထား ပါတယ်။ အဲဒီကနေ ဒေါင်းလုတ်လုပ်ဖို့  အဆင်မပြေဘူး ဆိုရင် တခြားတစ်နေရာမှ ထပ်တင်ပေးမယ်။ တခြား ဒေါင်းလုတ်လုပ်ဖို့  အဆင်ပြေမယ် ထင်တဲ့ နေရာရှိတယ် ဆိုရင်လည်း ပြောပါ။ Upload လုပ်ပေးမယ်။

    ReplyDelete