ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့ ဖြစ်ပါစေ ဖေဖေ။
ဒီနေ့  ဖေဖေ ကျွန်မတို့ တွေကို သာမန်ထက်ပိုပြီး သတိရနေမှာပါ။ ကျွန်မတို့ ကလည်း ဖေဖေကို သတိရနေကြတာပါ။ ဒီနေ့ ဟာ ကျွန်မ့ချစ်သောဖေဖေရဲ့ မြန်မာလိုမွေးနေ့ ပါ။ ဒီနှစ် ဖေဖေရဲ့ မြန်မာလိုမွေးနေ့ က မွေးနေ့ နဲ့  မွေးရက်နဲ့ တိုက်ဆိုင်ပါတယ်။ English လိုမွေးနေ့ ကတော့ပြီးခဲ့တဲ့ Tuesday (11 July) ကပါ။ English လိုမွေးနေ့ နဲ့  မြန်မာလို ဒီနေ့ မွေးနေ့ မှာ မေမေက ရန်ကုန်မှာ ဖေဖေမွေးနေ့ အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေသလို၊ ကျွန်မတို့ ကလည်းတတ်နိုင်သမျှ ဖေဖေရဲ့ မွေးနေ့ ကို ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလုပ်ပေးဖြစ်ပါတယ်။
ဒီနေ့ နံနက်စောစော ဖေဖေ ကျွန်မကို ဖုန်းခေါ်တဲ့အတွက် ဖေဖေကို မွေနေ့ ဆုတောင်းပြောပြီး၊ ဖေဖေ အတွက် ဘာကုသိုလ်ကောင်းမှုတွေ လုပ်ပေးတယ်၊ လုပ်ပေးမယ်ဆိုတဲ့ အကြောင်းပြောဖြစ်လိုက်ပါတယ်။ ဖေဖေက ကျွန်မကို ကျေးဇူးတင်ပါတယ်ပြောပြီး၊ ဆုတောင်းပေးသွားပါတယ်။ ဖေ ဖုန်းခေါ်တဲ့ အတွက် အရမ်း အဆင်ပြေသွားပါတယ်။ မဟုတ်ရင် ကျွန်မရဲ့ထုံစံ အတိုင်း ဖေဖေမွေးနေ့ အထိမ်းအမှတ် ကုသိုလ်ကောင်းမှုလုပ်ပေးဖြစ်ပေမယ့် ဖေဖေစီတော့ Email ပို့ ပြီးပြောဖို့  မေ့နေဦးမှာပါ။ English လိုမွေးနေ့ တုန်းက မေမေက အတန်တန် သတိပေးရဲ့နဲ့  ကျွန်မ ဖေဖေစီ Email ပို့ ဖို့ မေ့သွားခဲ့တယ်လေ။ ဒီနေ့  တော့ ဖေဖေ့ မွေးနေ့ မှာ စကားပြောလိုက်ရတဲ့ အတွက် ဖေဖေလည်းစိတ်ချမ်းသာ၊ ကျွန်မလည်းကြည်နူး ကျေနပ်ရပါတယ်ရှင်။ နောက် အချိန်ရမှပဲ ကျွန်မနဲ့  ကျွန်မ့ဖေဖေအကြောင်းကို ရေးတော့မယ်။ ခုတော့ ဖေဖေအတွက် ဘုရားမှာ ဆုတောင်မေတ္တာပို့ လိုက်ပါအုံးမယ်။
Happy Birthday Uncle. ကျွန်တော်တို့ မသိမမြင်ဘူးပေမဲ့။ မြန်မာတွေရဲ့ အစဉ်အတိုင်း တစ်ယောက်ကိုတစ်ယောက်ဆုတောင်းပေးတဲ့သဘောပါ။ ကို Nay Naingရဲ့ အဖေကျန်းမာ ချမ်းသားပါစေ။ မွေးနေ့ မှာပျော်ရွှပါစေဗျာ။
ReplyDeletemg albert
Happy birthday to your Dad. Kindly pass my warmest regards to Uncle & Aunty. BTW, do you share your password with someone else? "ကျွန်မလည်းကြည်နူး ကျေနပ်ရပါတယ်ရှင်။" does not sound like nay nay at all...keke..:P
ReplyDeleteTo Mg Albert
ReplyDeleteကျေးဇူးတင်ပါတယ်ဗျာ။ ဖေဖေ လာရင် ခင်ဗျားရဲ့ ဆုတောင်းကို ပြလိုက်မယ်။ ပြီးရင် မုန့် လိုက်ဝယ်ကျွှေးခိုင်ရင် မကောင်ဘူးလား။ ကျွန်တော်လည်း ကပ်ပြီး မုန့် လိုက်စားမယ်လေ။
To sttw2201
ကိုယ့်ဟာကို ရေးထားတာဟေးးးးးး။ လက်ဆောင်ဝယ်လာတယ်ဆို၊ ဘယ်မှာလဲ။ ကျေးဇူးပဲ။ အားရင်တွေ့  ရအောင်လေ။