Pages

April 19, 2011

.....

1.
From Blog Template

2.
From Blog Template

3.
From Blog Template

4.
From Blog Template


5. To be continued....




အချိန်ဖြုန်းတယ် ပြောမလား။ အလုပ်မရှိ အလုပ်ရှာပြီး Blog ရဲ့ Template ကို လျှောက်ပြောင်းကြည့်ဖြစ်တယ်။ Google မှာ လိုက်ရှာ၊ တွေ့ တာတွေထဲက မျက်စိသင့်ရာ Template တွေ တစ်ခုပြီးတစ်ခု ပြောင်းကြည့်တယ်။ သူများတွေ အဆင်သင့် ရေးတင်ထားတာတွေကို သုံးတာဆိုတော့ ပြောင်းရတာ သိပ်မြန်တယ်။ ၄ ခုမြောက် Template ကို စမ်းအပြီးမှာ အိပ်ချိန် ရောက်လာတာနဲ့ ဒီနေ့ အတွက် နောက်ဆုံး စမ်းသပ်ခြင်းအနေနဲ့  လက်ရှိ Template ကို ပြောင်းတင်ထား လိုက်တယ်။ အခုဟာက ခပ်ရှင်းရှင်းဆိုတော့ နောက်နေ့  အချိန်မရရင်တောင်မှ ဒီအတိုင်း ခန ထားလိုက်လို့ ရတယ်။

7 comments:

  1. google reader ထဲကနေ ဖတ်နေတာဆိုတော့ လက်ရှိ Template ဆိုတာ ဘာမှန်းမမြင်ရဘူး ဟင်းဟင်း
    (ဗြောင်ညာသွားသည်) B-)

    ReplyDelete
  2. လက်ရှိ template ထက် ဂိမ်းကို ပိုစိတ်ဝင်စားတယ်ကွယ်။ ဂိမ်းက ဒေါင်းချပြီး သွင်းလိုက်တယ် သို့သော်လဲ resolution က ၁၀၂၄ ပဲရပါတယ်ကွယ် ဂိမ်းက ၂၀၄၈ ရှိတယ်ဆိုလား ပြောပါတယ်ကွယ်၊ ဆော့မရပါဘူးကွယ်။

    ReplyDelete
  3. အပေါ်ဆုံးက တန်းပလိတ်လေးက ချစ်စရာလေး..
    ကိုဒီဘီ.. အဲဖိုင်ထဲမှာ config.lua ဆိုတာ ပါလား။ အဲမှာ ပြင်လို့ရတယ်။ width = 1024 လုပ်လိုက်.. ပြီးတော့ fullscreen ကို true/false ကြိုက်သလို ပေးလို့ရတယ်။

    ReplyDelete
  4. မပြောင်းရဲ့ပါကွယ် ရှိတာလေးပျက်သွားမှာစိုးလို့။
    နောက်တစ်ခါ ခေါင်းစဉ်တပ်ပါ. ခေါင်းစဉ်မပါတော့ဘာများဖြစ်သလဲပြေးလာကြည့်ရတယ်။ အချိန်ဖြုန်းတာတော့လဲမဟုတ်ပါဘူး စိတ်များအားနေသလား. လူများအားနေသလား.။ အခုဟာက ခပ်ရှင်းရှင်းဆိုတော့ကြိုက်ပါတယ် အရောင်တွေ ကိုမကြိုက်ဘူး မျက်စိမကောင်းဘူး။ အရင်ဆုံးလာဖတ်တာ ဂုဏ်ယူချင်ရင်လဲယူလိုက်ပါ။

    ReplyDelete
  5. KMM >> ဒီပိုစ့် အောင်မြင်တယ်.. ခမမ Google Reader ကထွက်လာပြီ။

    Ko DB >> ဂိမ်းတင်ထားတာက ကြာပါပြီ.. Thinzar ပြောတဲ့နည်း စမ်းကြည့်ပါလား..
    Game Folder ထဲမှာပါတဲ့ config.lua ကိုဖွင့်ကြည့်တာ
    width = 1024
    height = 600

    fullscreen = true လို့ တော့ တွေ့ တယ်.. ဒီထက်နည်းတာ ပြောင်းပြီး fullscreen ကို false စမ်းကြည့်ရင်ရမလား မသိဘူး..

    Thinzar >> ကျေးဇူးပဲ ညီမရေ..
    ခုတင်ထားတဲ့ Template တွေမှာ အစ်မလည်း ခဲတံလေးကို သဘောကျတယ်။

    Ma KOM >> ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာ၊ ဂုဏ်လည်း ယူမိပါတယ်။ ပထမ ခေါင်းစဉ်တပ်ထားတယ်.. နောက်တော့ အစ်မ လာရေးအောင် တမင် ပြန်ဖြုတ်လိုက်တာ.. မယုံရင် ခမမ ကို မေးကြည့်

    ReplyDelete
  6. ဟုတ်သလား ထောင်ချောက်မိသွားတာပေါ့. ဟူး ကိုယ့်ကိုယ်ကို လည်လှထင်နေတာ။

    အများကြီးမရေးထားတာကောင်းတယ်ဆိုတာ ပြန်လာပြောတာ. အကြွေးသိတ်မရှင်းရဘူးပေါ့။

    ReplyDelete
  7. အဖြူရောင် နောက်ခံလေးကို ကြိုက်တယ်... နောက်ခံ အရောင်ရင့်ရင့်တွေနဲ့ဆို စာဖတ်ရသိပ်ခက်တယ်.. ကိုယ်က နဂိုထဲက မျက်စိမကောင်းလို့...း)

    ReplyDelete