Pages

March 05, 2011

င ငါးပိထောင်း ... စားလို့ ကောင်း

From Burmese Food

င.. ငါးပိထောင်း စားလို့ ကောင်း...

ပုံတွေ့ ရတာနဲ့ တင် အနံ့ လေးတွေ မွှေးလာသလို ခံစားရပြီ ဗိုက်ဆာလာတယ်။ တချို့ ကတော့ ပြောတယ်.. ဒီလို ငါးပိထောင်း တစ်ခွက်နဲ့  တောင် ထမင်း ၂ပန်းကန် ၃ ပန်းကန် စားနိုင်ပါတယ်တဲ့.. ပြောကြတာပဲ။ တကယ်ဟုတ် မဟုတ် အခွင့်အရေးကြုံမှ ငါးပိထောင်းတစ်ခွက်ထဲနဲ့  ထမင်းကျွေးကြည့်ပါအုံးမယ်။

ဒါနဲ့  အခု ငါးပိထောင်း ထောင်းတဲ့သူက အတော်လေးတော်တယ်။ ခပ်စပ်စပ်လေး နဲ့  စားလို့ ကောင်းတယ်။ ဘယ်သူလဲ မသိဘူး။ နောက်မှ နည်းမေးကြည့်အုံးမယ်။ အခုတော့ ဘယ်သူ ဘယ်လိုထောင်းတာလဲတောင် မမေးမိဘူး။ စားဖို့ ပဲသိတယ်။
From Burmese Food
ငါးပိထောင်းလောက် လူကြိုက်မများပေမယ့် ၀က်သားချဉ်ကြော်လည်း စားလို့ ကောင်းပါတယ်။ ကိုယ်တိုင် အချဉ်တယ်ထားတာ မဟုတ်ပါ။ ၀ယ်လာတဲ့ ၀က်သားချဉ်ကို ဆီလေးနဲ့ အနံ့ ပျောက်အောင် လှိမ့်ပြီး ကြော်သလို လုပ်ထားတယ်။

မပြည့်ချက်တဲ့ ဟင်းရည်သောက်က ငါးနဲ့  ကန်စွန်းရွက် ချဉ်ဟင်း။ ကိုယ့်ဘာသာဆို ဒါမျိုး ယောင်လို့ တောင် ချက်စားမှာ မဟုတ်ဘူး။ ချဉ်ဟင်းတစ်ခွက် ချက်တာ ရှုပ်တယ်ထင်တယ်။ စားရတာနဲ့  မကာမိဘူး။ ဒီမနက်မှ မပြည့်ဟင်းချက်နေတာကြည့်ပြီး စဉ်းစားမိတယ်၊ ကိုယ့်ဘာသာ ချဉ်ဟင်း မချက်ဖြစ်တာ ၁၀ နှစ် ကျော်တောင်ရှိရောမယ်။

ဟင်းတွေကြည့်ပြီး သွားကျိန်းသွားလောက်တယ်။ ဒါပဲလာဆို မဟုတ်ဘူး။ အမဲသားကို ခရမ်းချဉ်သီးနဲ့ ချက်သေးတယ်။ ဆီပြန်ထက်စာရင် ဒါမျိုးချက်တာလည်း တမျိုးကောင်းတယ်၊ ကြိုက်တယ်ဆိုတော့လည်း နည်းမေး စမ်းကြည့်တာ။ စိတ်ကူးတာတော့ ကိုယ်တိုင်ချက်မလို့ ပဲ.. ဒါပေမယ့် မနေနိုင်တဲ့သူတွေက နည်းပေးလမ်းပြ ၀င်ချက်ပေးသွားတယ်။ အသားတွေတော့ ကိုယ်တိုင် လှီးတာပါ။ ကီလိုဝက် ၀ယ်လာဖြစ်တယ်။ ဒီမနက် တစ်ဝက်လောက်ပဲ ချက်လိုက်တယ်။ ကျန်သေးတယ်။

From Burmese Food
ဟင်းဆို ပုံမှန်ဆို ဆီပြန်ကြိုက်တယ်။ ဒီနေ့ ဟင်းကတော့ ဆီသိပ် မပါဘူး။ ကျန်းမာရေးနဲ့  ညီညွတ်အောင် ဆီလျှော့ စားတယ်ပေါ့။


ဒါပဲလားဆို မဟုတ်ပြန်သေးဘူး။ ဒီနေ့  ထမင်းဝိုင်းမှာ... ငါးကြော် နဲ့  ငါးဖယ်သုတ်လည်းပါ ပါသေးတယ်။ အစားအသောက် များများစားပါ။

8 comments:

  1. ဆီလျော့ပေမဲ့ ထမင်းတော့ပိုစားဖြစ်မယ်ထင်တယ်။ သွပ်သွပ်.
    kom

    ReplyDelete
  2. ကောင်းတာ ကြည့်လို့ကို မဝဘူး။
    kom

    ReplyDelete
  3. ဒီလိုငပိထောင်းလေးမျိုး အကောင်းစားလေးနဲ့သာဆို.. ဟင်းမပါလဲရပါတယ်။ ထမင်းစားဝင်ပါတယ်။၂ပန်းကန်၃ ပန်းကန်တော့ မစားနိုင်ဘူး။ တစ်ပန်းကန်ပဲ။ ဒီတော့
    ကြုံတဲ့အခါ ဒီလိုငပိထောင်းလေးနဲ့ ကျွေးဖို့ တောင်းဆိုပါတယ်။
    :D :D :D
    မမွန်

    ReplyDelete
  4. ဒီနေ့ ငပိထောင်း ထောင်းစား ပလိုက်တယ်၊ အဲ သူများကို ထောင်းခိုင်းပြီး စားလိုက်တာပါ၊ မခင်ဦးမေ မဟုတ်ပါ၊

    ReplyDelete
  5. ...အလင်းစက်များMonday, March 07, 2011 12:41:00 AM

    အစားသည်လူနှင့်တည့်အိ...တဲ့ဗျ....

    ReplyDelete
  6. ဝ - ဝက်သားချဉ် ပြုံးရွှင်ရွှင် ...
    မရမ်းသီး ငပိထောင်း - သားရေတောင် ကျဒယ်

    ReplyDelete
  7. အဲဒီအပေါ်ကတစ်ယောက်က ပေါက် ပါ. သူကမှာ ဘလော့ရှိပါတယ်။ ( http://ah-pauk.blogspot.com/ ) သူက ဒေါ်ရွေမိုး ငပိထောင်းဘူးကို ဖွင့်ပြီးစားတာပါ. တို့သင်ထားတာပါ။
    kom

    ReplyDelete
  8. တို့လဲ ဒေါ်ရွေမိုးဗူး သတိရသွားပီ. ဖွင့်စားဦးမှ.
    kom

    ReplyDelete