Pages

October 21, 2010

Wavin' Flag

၁၉၇၄ ခုနှစ် မတ် ၂ မှ စတင်အသုံးပြုခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံရှိ..

အနီရောင်သည် ရဲရင့်ပြတ်သားခြင်း ၊ အပြာရောင်သည် ငြိမ်းချမ်းတည်ကြည်ခြင်း၊ အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း နှင့် အရွယ်တူကြယ်ဖြူ(၁၄)လုံးသည် ပြည်နယ်နှင့်တိုင်း (၁၄)ခု ကိုယ်စားပြုသည်။
စပါးနှံ နှင့် စက်သွားသည် တောင်သူလယ်သမားများ နှင့် အလုပ်သမားများကို ကိုယ်စားပြုသည်။

ကျွန်မတို့  ငယ်ငယ်က သင်ရတာတွေ။ အခုတော့ ပြောင်းလဲသွား ပါပြီ။ ဒီနေ့  နေ့ လည် ၃ နာရီမှာ အလံသစ်တင်ပြီး၊ အခုလက်ရှိအလံကို ချ၊ ဖျက်ဆီးကြတယ်လို့ သတင်းတွေ အရ သိလိုက်ရတယ်။
ညီမတစ်ယောက်က " မီးပွိုင့်ကြီးတစ်ခုလုံး တစ်ပြိုင်နက်လင်းနေသည်ကို မြင်လိုက်ရသကဲ့သို့  " လို့  ပြောထားတယ်။ ပထမ သူရေးထားတာ ဖတ်ပြီးပြီး၊ ဘာရေးထားတာလဲလို့  စဉ်းစားလိုက်ရတယ်။ နောက်မှ အလံသစ်ကို ပြောချင်မှန်း သဘောပေါက်သွား ရတော့တယ်။

- - -

WikiMyanmar မှ......
ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ
* ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဌာန်းထားသည်။

* ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ၀န်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။

* စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။

* အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကိုလည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်သည်။

* နိုင်ငံတော်အလံကို လွှင့်ထူရမည့်အဆောက်အဦး၊ နေရာဌာနများနှင့် လွှင့်ထူရမည့် နေ့ကြီးရက်ကြီးများ၊ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကိုလည်း ဥပဒေအရတိကျစွာ ပြဌာန်းထားသည်။ ၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုတ်သိမ်းခဲ့သည်။

* ကိုးကား - မောင်အုန်းဖေရေးသည့် “ဒီဟာအစ ဒီလိုက” စာအုပ်

10 comments:

  1. သမိုင်းတွေတောင် ပြောင်းပြန်လှန်နေတော့ အလံပြောင်းတာ မဆန်းတော့ဘူးပေါ့နော်။
    အလံသစ်ကို ကြည့်ရတာတော့ စိတ်ထဲတစ်မျိုးကြီးပဲ။

    ခင်မင်မှုဖြင့် ...
    ညယံ

    ReplyDelete
  2. "မီးပွိုင့်ကြီးတစ်ခုလုံး တစ်ပြိုင်နက်လင်းနေသည်ကို မြင်လိုက်ရသကဲ့သို့" ..........

    ကြိုက်သွားပြီ။

    ReplyDelete
  3. ဘလော့ဂါတယောက်နဲ့ gtalk ကနေ ပြောဖြစ်သေးတယ်။ သူက မီးပွိုင့်ကြီးလို့ ပြောလို့...

    ဒါဆို ရပ် ကြည့် သွားပေါ့ ဆိုတော့... အရောင်က ပြောင်းပြန်ကြီးလို့ ပြန်ပြောတယ်။ "သွား ကြည့် ရပ်တော့" တဲ့။

    ReplyDelete
  4. ၁ တန်းကလေးတွေတော့ စာကျက်ရ သက်သာသွားတာပေါ့။ အလံအသစ်က ရှင်းရှင်းလေးဆိုတော့ :D မီးပွိုင့်ကို မှတ်ထားလိုက်ရင်ရပြီ။

    ReplyDelete
  5. NEW FLAG.......go,look,stop....everything must be stopped ingluding the big white star...Gyidaw

    ReplyDelete
  6. အဲ အဲ .. ကြည့်-သွား-ရပ် လို့ ဘာသာပြန်ရမှာ မဟုတ်လား.. ဝါ-စိမ်း-နီ ဆိုတော့လေ ..

    (ကိုယ့်ထမင်းကိုယ်စား သူများအမှားလာထောက်မိသူ)


    တော်ပါပီ.. မြင်ရင်မြင်တယ်လို့ပဲ မှတ်ပါတော့မယ်..
    XD

    ReplyDelete
  7. အနီရောင်သည်..သူတို့လားမယ့် နေရာမှ ငရဲမီး။ အစိမ်းရောင်သည်..စစ်သားများ။
    အ၀ါရောင်သည်..သန်းရွှေအရောင်။
    ကြယ်တစ်စင်းသည်.. သူတို့အားလုံး မိုးကြိုးပစ်မည်ကို ရည်ညွှန်းပါသည်။

    ReplyDelete
  8. http://en.wikipedia.org/wiki/Flag_of_Burma

    ReplyDelete
  9. လူ့သဘာဝအရ ငယ်ငယ်တည်းက မြင်ဖူးခဲ့တဲ့ အရာကိုပဲ စွဲလမ်းတမ်းတတတ်တဲ့သဘောပါပဲ...အသစ်ကိုတွေ့ပေမယ့် အဟောင်းကို မမေ့နိုင်တာ သဘာဝပါပဲ...သို့သော်လည်း ကြာလာတာနဲ့အမျှ အသစ်နဲ့ရင်းနှီးကျွမ်းဝင်သွားတာကြည့်ပါပဲ...အခု အလံသစ်ရဲ့ ကြယ်ဖြူတစ်လုံးက ပိုပြီးတော့တောင် စည်းလုံးတဲ့သဘော တစ်ထပ်တည်းကျနေတဲ့သဘောတောင် ဆောင်နေတယ်...ပြည်နယ်တွေ တိုင်းတွေ တစ်ခုချင်းစီ အရင်လိုခွဲခြားပြီး ကြယ်ဖြူ ၁၄ လုံး မထည့်တော့ပဲ အားလုံးက အတူတူပဲ တစ်စည်းတစ်လုံးထဲမှာရှိနေတယ်ဆိုတဲ့ ကြယ်လေးတစ်လုံးထည့်ထားတာက ပိုပြီးသဘာဝကျပါတယ်...ဒါကမှ ပြည်ထောင်စုကြီးတစ်ခုအဖြစ် တစ်ခုတည်း တစ်စုတစ်စည်းတည်း တည်ရှိနေတယ်ဆိုတာ ပေါ်လွင်သွားတယ်...

    အရောင်နဲ့ပတ်သတ်ရင်လည်း အ၀ါရောင်ဆိုလည်း ဘာသာ သာသနာထွန်းလင်းတောက်ပြောင် ပြန့်ပွားနေဖို့တွက်နဲ့ပညာအရည်ချင်း တိုးတတ်ဖို့ ရည်ရွယ်သလို အနီဆိုတာကလည်း အရင်လိုပါပဲ ရဲရင့်ခြင်းပါပဲ...အစိမ်းရောင် ဆိုတာကလည်း အရင်လံဟောင်းက စပါးနှံတွေဖြစ်တဲ့ တောင်သူလယ်သမားတွေကို ကိုယ်စားပြုသလိုပါပဲ ဆန်ရေ စပါး ပေါများကြွယ်ဖို့ဆိုတဲ့ အဓိပါယ်ချင်းအတူတူပါပဲ...

    ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အလံအသစ်ပြောင်းတာက နိုင်ငံတွက် အရေးမကြီးသေးပါဘူး...အရေးကြီးတာက လူတွေရဲ့ စိတ်ဓာတ်တွေပြောင်းလဲဖို့နဲ့ နိုင်ငံတော်ကြီးအစဉ်အမြဲ ဖွံ့ဖြိုးတိုးတတ် ငြိမ်းချမ်းနေဖို့နဲ့ ပြည်သူတွေရဲ့ရသင့်ရထိုက် ရှိသင့်ရှိထိုက်တဲ့ အခွင့်ရေးတွေ တန်းတူရရှိနေဖို့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့ပါပဲ...

    ReplyDelete