Pages

September 24, 2010

ဗိုလ်ချုပ်ဈေးကြာဇံသုတ်

From Everything
မြန်မာပြည်ပြန်၊ ဗိုလ်ချုပ်ဈေးသွားပြီး ကြာဇံသုတ်စားခဲ့တာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာပဲ မြန်မာ စားသောက်ဆိုင်မှာ စားဖြစ်တာပါ။ နာမည်က အဲလို မှန်တယ် ထင်တာပဲ။ အရင်က တခါမှ မစားဖူးဘူး၊ သူငယ်ချင်းတစ်ယောက် စားတာတွေ့ တာနဲ့  စားကြည့် ဖြစ်ခဲ့တယ်။ ရန်ကုန်မှာနေတုန်းက ဗိုလ်ချုပ်ဈေးကို ရောက်ဖူးတဲ့ အခေါက်အရေအတွက်က မများသလို၊ အဲဒီဈေးထဲက စားသောက်ဆိုင်တွေမှာ စားဖြစ်ခဲ့တဲ့ အကြိမ်ကလည်း လက်ချိုးရေတွက်လို့ ရနိုင်တယ်။ ဒီတော့ တကယ်ရှိမရှိ၊ ပုံစံအရသာတူလား၊မတူဘူးလား သေချာမသိ၊ မပြောတတ်ပါ။

ဘာတွေပါလဲဆို ကြာဇံကို ကြာညှို့  နဲ့ နယ်၊ ကြော်ထားတယ် ပြောမရဘူး ဆီမပါသလောက်နဲ့ လှိမ့်ထားတာကို မကျည်းသီး အနှစ်အချဉ် စမ်းထားတယ်။ ဂေါ်ဖီနည်းနည်းလည်း ပါတယ်။ အစာပလာက ၀က်သားတုတ်ထိုးနဲ့  နံနံပင်အုပ်ပေးတယ်။ မဆိုးဘူး။ စားလို့ ကောင်းပါတယ်။ အဲဒီထဲမှာပါတဲ့ ၀က်သားတုတ်ထိုးက ကျွန်မအကြိုက် အူမကြီးနဲ့  လျှာဖြစ်နေလို့  စားလို့ ကောင်းတာလားတော့ မသိဘူး။ ဖြစ်နိုင်ရင် အခုပဲ ရန်ကုန်ပြန် ဗိုလ်ချုပ်ဈေးသွားပြီး စားကြည့်ချင်စိတ်တောင် ပေါ်တယ်။
From Everything
Thanks to AWM and His Beloved Wife,Chaw for dinner ;)

To nyimuyar: အင်းလေးမှာ စားတာပါ။

7 comments:

  1. ဗိုလ်ချုပ်ဈေးက ကြာဇံကြော် နဲ့ ဝက်သားတုတ်ထိုး ကောင်းသလို အရင်တုန်းက ကုန်သွယ်ရေးနားမှာ ရောင်းတဲ့ ကြာဇံကြော် နဲ့ ဝက်သားတုတ်ထိုး ဆိုင်လည်း တော်တော် ကောင်းတယ်။ခုတော့ လိုင်စင်
    လျှောက်တာတွေ မရှိတော့ ဆိုင်လည်း ဘယ်ပြောင်းသွားတယ် မသိတော့ဘူး။

    btw,ခုချိန်က စားထားတာတွေ အစာကြေသွားပြီဆိုတော့ ကြာဇံကြော် နဲ့ ဝက်သားဒုတ်ထိုးပုံ ကြည့်ပြီး တော်တော် ဗိုက်စာသွားတယ်။ ဂလု .... ဂလု .....

    ReplyDelete
  2. ဒီတစ်ခေါက်ပြန်ရင်သွားစားမယ်။

    ဒါနဲ့  အဖော်ရပြီ။ အခု ဗိုက် အတော်ဆာနေတယ်။ ညစာ ၇ နာရီခွဲမှ ကျွေးမယ် ပြောတယ်။ ညနေ ပုဇွန်သွားမျှားကြရမယ်။ ပုဇွန်မျှားတာတော့ ကိုယ်တိုင်ဆို တစ်ကောင်မှတော့ မိမယ် မထင်ဘူး။ ဒါပေမယ့် သူများဖမ်းမိတာတွေ ဓာတ်ပုံရိုက်မယ် စိတ်ကူးတယ်။

    ReplyDelete
  3. from Inle? if not pls let me know the Restaurent

    ReplyDelete
  4. ပုဇွန်သွားဖမ်းမတဲ့... စိတ်ဝင်စားစရာ ကောင်းလိုက်တာ... ဓါတ်ပုံတွေ ကြည့်ဖို့ စောင့်နေမယ်နော်...း))

    ReplyDelete
  5. ခုတစ်လော ပုစွန်မျှားတာ ခေတ်စားသလားမသိဘူး။ ရုံးကတစ်ဖွဲ့လဲ ဟိုတစ်လောက ပုစွန်သွားမျှားကြသေးတယ်။

    ReplyDelete
  6. Yes. This is from Inlay Res. Nice photo. But,I have been tasted and tried it at this evening.The taste is not really good. :C

    ReplyDelete