Pages

August 30, 2010

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်

ကြိုးကြာသံ - ခင်မောင်တိုး

Download
မိုးဦး ၀င်ရောက်လာတဲ့အခါ ရိုးမပေါ် ဖြတ်ပျံရင်း
မြောက်ဖက်ကို ဦးတည်လှည့်ကာ
သားဖောက်ရာ အရပ်ဆီ
မိုင်ထောင်ချီ ပြန်(ပျံ)လေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

မျိုးဆက်ရဲ့ အားမာန်တခုပါ လမ်းကြောင်းမှန် ရွေးချယ်ခြင်း.
အများနည်းတူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ၊ မိုင်ထောင်ချီ ပျံနေရင်း
ကြိုးကြာငှက်တချို့ လေ ချီလာစဉ် ကျန်ရစ်ပြီ

ဆုံးဖြတ်ချက် တခုကျမယ့် ..
အရှုံးနဲ့ အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့ အားနဲ့မာန်.... ဟန်နိုင်မှ


ရိုးမပေါ် ဖြတ်ကျော်လွှားချိန်
စီးလမ်းလေကြောင်းလွှာထဲ
ချဉ်းနင်း ၀င်ရောက်လာ ပြီးရင်
အားစိုက် မျှောလိုက်နဲ့
မိုင်ထောင်ချီ ပြန်(ပျံ)နေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

5 comments:

  1. ခင်မောင်တိုးသီချင်းတွေ ခင်ဝမ်းသီချင်းတွေက နားထဲစွဲနေတယ်. ဦးလေး က သူတို့ fun လေ .. ဒီသီချင်းဆိုပြီးရင် ခင်ဝမ်းရဲ့ ဆယ်လ်မွန် ငါးတို့အပြန်ကို ဆက်ဆိုပြီး ငယ်ဘ၀ကို သတိရလေ့ရှိတယ်

    ခင်မင်တဲ့
    အနောနေမတ်

    ReplyDelete
  2. ရှိပြီးသား နကိုလည်းကြိုက်ပြီးသားပေမဲ့ ထပ်နားထောင်သွားတယ်။ ဖတ်ရန် Link ပေးထားတာကိုတော့ သိပ်ကျေးဇူးတင်သွားလို့____
    ပျော်ရွှင်ပါစေ။

    ReplyDelete
  3. ကိုယ်ကတော့ တက္ကသိုလ်ရောက်မှ သေချာကြိုက်ဖြစ်တော့တယ်။
    သို့ပေမယ့် သီချင်းတွေကို သေချာခံစားကြည့်တော့ စာသားလေးတွေက ခွန်အားဖြစ်စေခဲ့ဖူးတယ်။
    သံစဉ်တွေထဲမှာ ကြိုက်ဖူးတာက ဒီသီချင်းလဲ ပါတယ်။
    ကျေးဇူးပါ...။

    ကိုဘွိုင်း

    ReplyDelete
  4. ဆယ်လမန်ငါးတို့အပြန်ဆို....စိတ်ထဲ..ကြက်သွန်နီကွင်းလေးနဲ့..ငါးကြော်ပြန်နှပ်..သွားမြင်မိတယ်။ အကုသိုလ်များချက်။ ငတ်ကြီးကျချက်။
    မမွန်

    ReplyDelete
  5. သီချင်းထဲက ဆယ်လမွန်တွေ ငါးကြော်ဖြစ်ရပြီပေါ့ အဖြစ်ဆိုးချက် ..
    (ခုတောင်စားချင်လာပြီ)

    အနောနေမတ်

    ReplyDelete