Pages

July 02, 2010

Soup Of The Day

ဒီနေ့  တစ်နေကုန်မိုးရွာတယ်။ ခုလို မိုးအေးအေး နေ့ မျိုးမှာ Bak Kat Teh သောက်ရတာ ကြိုက်တယ်။ မြန်မာပြည်မှာ ဆိုရင်တော့ မိုးအေးတဲ့နေ့ တွေမှာ ကြာဇံဟင်းခါး ပူပူးလေးနဲ့  ရှောက်သီးသုတ်၊ ဒါမှ မဟုတ် ရခိုင်မုန့် တီ ပူပူလေးနဲ့  မုန့် ဟင်းခါးဖတ် သုတ်လေးကို ငါးဖယ်ကြော်လေး၊ ပဲကြော်လေးထည့်ပြီး ငရုတ်သီး စပ်စပ်လေးနဲ့ သာ စားလိုက်ရရင် အတိုင်းထက် အလွန်၊ အရသာတွေ့ ပြီး သူငယ်ချင်းတွေ မေ့ သွားနိုင်တယ်။ ခုကြတော့လည်း မရနိုင်တာတွေ မတမ်းတာပဲ ရှိတာလေးထဲက အဆင်ပြေတာလေးတွေကို ရွေးစားရနေရပါတယ်။ စားလို့ ကောင်းတယ်.. ဒါပေမယ့် သူငယ်ချင်းတွေကို မေ့ရလောက်အောင် မဖြစ်ဘူး။ ဘောလုံးပွဲကြည့်ဖို့ လည်း မမေ့ဘူး။ ၁၀ နာရီမထိုးခင် အိမ်ကို အရောက်ပြန်လာခဲ့သည်။

ဒါနဲ့ စကားမစပ် ဒီနေ့  (ခုနကတင်) ဘရာဇီး က ဟော်လန်ကို ရှုံးသွားတယ်။ ဘာကြောင့်လဲ။ အပြာရောင်ဝတ်ပြီး ဘောလုံး ကန်၊ မနိုင်တဲ့အခါမှာ ရှုံးသွားတာပါ။ ဒီနေ့ သောကြာနေ့  မနက်ဖြန် မနက် အလုပ်သွားစရာ မလိုဘူး ဆိုတော့ အခု မအိပ်တော့ဘူး။ နောက်တစ်ပွဲ (Uruguay vs. Ghana) ကြည့်ဖို့ စောင့်ရင်း အခုလို ဘရာဇီး အမှတ်တရ ခပ်စိမ်းစိမ်း ပုံတွေတင်လိုက်တယ်..

One of My Favorite Soup - Bak Kat Teh
From Everything

Hokkien Mee
From Everything

Fried Rice with Chicken
From Everything

Dinner at one of the rainy day with friend in Lion City..
02-07-2010
From Everything
ဒါနဲ့  ဒီနေ့  "2nd Day of the 2nd half of Year 2010" ပဲ။ နှစ်ထောင့်တစ်ဆယ် နှစ်တစ်ဝက်ကို ၂ ရက်စွန်းပြီပဲ...

4 comments:

  1. ဒါသူစားချင်တာလား ကိုယ်စားချင်တာလား။

    ReplyDelete
  2. တို့လဲ ဘိုက်ဆာတယ်။

    ReplyDelete
  3. အပေါ်က အဒေါ်ကြီး ၊ ဒီအချိန်ထိ (၃နာရီ) မအိပ်သေးရင်တော့ ဗိုက်ဆာမှာဘဲ ။
    ရှောက်သီးသုတ်တို့ ၊ မုန့်ဟင်းခါးသုတ်တို့ ဖတ်ရတော့ အခုပဲ သွားစားချင်စိတ်ပေါက်သွားတယ်.. ဟင်း ။

    ReplyDelete
  4. နောက်ဆို မနက်သုံးနာရီမှာ စားစရာပိုစ်.မတင်ပါနဲ့ မမြင်ချင်ဘူး ဟင်းဟင်း.

    ReplyDelete