Pages

July 23, 2010

တွေ့ ကြုံလေသမျှ.....

တခါတခေါက်ရောက်ခဲ့လို့ ...
မြင်ရကြားရတာလေးတွေ.. တွေ့ ရကြုံရတာလေးတွေ ရေးရပြန်အုံးတော့မယ်....

အိတ်ထဲထည့်သည်လာရတဲ့ ပိုက်ဆံတွေ ထွက်သွားလို့  ရှိသမျှကုန်ပြီ... အိတ်ပေါ့ပါးပြားချပ် ကျန်ခဲ့တဲ့အကြောင်း..
ဒီလိုအတွေ့ အကြုံမျိုးကို နိုင်ငံရပ်ခြားမှာနေထိုင်တဲ့ ပုံမှန်လူတန်းစား မြန်မာနိုင်ငံသားတိုင်း ကြုံဖူးကြမှာပါ...

အခုနေတဲ့နိုင်ငံမှာ လွယ်လွယ်ကူကူ Cards တွေ သုံးနေတာ မဟုတ်လားလို့  မမေးလိုက်ပါနဲ့ ..
မြန်မာ သံရုံးမှာ မြန်မာပုံစံပဲ ကျင့်သုံးပါတယ်။
ငွေကြေးကို ဘာကတ်ညာကတ် NETS / CARDS တွေနဲ့  ပေးတာ လုံးဝ လက်မခံပါဘူး။
ခပ်ရှင်းရှင်း.. ရှေ့ ရှင်း နောက်ရှင်း အကုန်ရှင်း.. ခုရှင်းမှ နောင်လည်းရှင်း.. အားလုံးရှင်းအောင်… CASH (ငွေသား) ပဲ လက်ခံပါတယ်။
အဲဒီတော့ မြန်မာသံရုံးကိုပေးရဖို့ ဆိုတာနဲ့  ဘဏ်ကို အရင်ပြေး.. ပိုက်ဆံ ထုတ်ရပါတယ်။
အသွားမှာတော့ ပိုက်ဆံတွေနဲ့ အိတ်ကလေးတယ်.. အပြန်ကျတော့ ရှိသမျှ အကုန်ပေးလိုက်ရလို့  အိတ်ပေါ့သွားခဲ့ ပါပြီ။
ခပ်ရိုးရိုးလေးပါပဲ...

တကယ်ပါ။ အမှန်ပါ။ နောက်ဆုံး အချိန်အထိ စောင့်ခဲ့တယ်။ လုံးဝ မဖြစ်နိုင်တော့လို့ သာ ...
မြန်မာနိုင်ငံကူး လက်မှတ် သက်တန်း ကုန်ပါပြီ။ အသစ်လဲဖို့  လိုပါတယ်။ ဒါတွေလုပ်ဖို့ ဘာလိုလဲ။
အားလုံးသိတဲ့ ပုံစံအတိုင်း မြန်မာသံရုံးကို ပိုက်ဆံသွားပေးဖို့ လိုပါတယ်။

ဒီတော့ ဘယ်လို ပေးရမလဲ ဆိုတာ နည်းနည်း ကြိုပြီး စုံစမ်းရပါတယ်။ မြန်မာသံရုံးကို ဘယ်အချိန်တွေ သွားရမယ် ဆိုတာ စုံစမ်းရတာပါ။ ဘာလို့ လဲဆို မြန်မာသံရုံး လုပ်ပုံလုပ်နည်းတွေဟာ အချိန်နဲ့ အမျှ အမျိုးမျိုး ပြောင်းလဲနေတယ်ဆိုတာ ကျွန်မ သိပြီးသားမို့ ပါ။ တခြားနိုင်ငံတကာ သံရုံးတွေလို အစဉ်အမြဲ မပြောင်းလဲတဲ့ သံရုံးဖွင့်ချိန် အတိုင်းသွားယုံနဲ့  အားလုံးအဆင်ပြေနိုင်တာ မဟုတ်ဘူးလေ။ ဟိုးတနှစ်လောက်ကဆို မြန်မာသံရုံးမှာ လုပ်ဆောင်စရာရှိရင် ည ၁၁ နာရီလောက် သွား၊ မနက် ၃ နာရီလောက်သွားပြီး နာမည်ကြိုရေးထားရတာတို့  ရှိခဲ့ဖူးတယ်လေ။ တို့ နိုင်ငံရဲ့ သံရုံးမှာ ဒါမျိုးတွေ လုပ်ရတယ်လို့  တခြားနိုင်ငံသားပြောပြ ဘယ်သူမှ ယုံကြမယ် မထင်ဘူး။

ကျွန်မ စတင် စုံစမ်းချိန်မှာ သက်တန်း တိုးတာတွေ၊ အသစ်ထုတ်တာတွေကို နိုင်ငံကူးလက်မှတ် အသစ် (ဘားကုတ်စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ် - New Machine Readable Passports (MRP)) တွေပြောင်းထုတ်ပေးမှာ ဧပြီ ၁ လ ရပ်ထားမယ်လို့  သိရတယ်။ အချိန်ကောင်းပဲ။ ကိုယ်ပြောင်းတဲ့ အချိန် passport အသစ် ဆိုတာတွေ အဆင်သင့်ဖြစ်ပါစေ တွေးရတော့တာပေါ့။ မဟုတ်ရင် ၂ ခါသွား၊ ၂ ခါပေး၊ ၂ ခါ အလုပ်ပို ဖြစ်သွားမယ်။ မြန်မာသံရုံး အလုပ်လုပ်ပုံ သတင်းကို အဲဒီလောက် အချိန်ယူပြီး မျက်ခြေမပြတ်အောင် လိုက်ကြည့်/ဖတ် မနေခဲ့ဖူးဘူး။

ပြောင်းရမယ့် အချိန်နီးလို့  ထပ်စုံစမ်းတဲ့အခါမှာ ကြားရတာက ( လွန်ခဲ့တဲ့ ၁လ ကကျော်)
မနက်အစောကြီးသွား နာမည်ကြိုရေးထားတာမျိုး လုပ်ဖို့ မလိုဘူး၊ လက်မခံတော့ဘူး။ ပုံမှန်အချိန်ပဲ လာရမယ်.. ဒါပေမယ့်
- ၁ ရက် ပိုက်ဆံပေး (အခွန်ဆောင်) ၊ ပြီးရင် နောက်တစ်ရက် လာဖို့  ရက်ချိန်းပေးမယ်
- ချိန်းတဲ့ရက် ထပ်သွား.. အဲဒီနေ့ မှာမှ စာအုပ်အသစ်အတွက် လက်မှတ်ထိုး၊ လက်ဗွေနှိပ် တာလုပ် ။ ပြီးရင် နောက်ရက် တစ်ရက်ချိန်းမယ်
- အဲဒီ ချိန်းတဲ့ရက်မှာ စာအုပ်အသစ်သွားထုတ်ယူရတယ်

အချိန်ပေးရမလဲဆို ၃ ရက်။ အဲဒီရက်ပိုင်းတင် အသိတွေထဲ သံရုံးသွားတာ ၃-၄ ယောက်ရှိနေတော့ သူတို့ အတွေ့ အကြုံအရလည်း အနည်းဆုံး ၂ ရက်ခွဲ ခွင့်ယူမှရမယ် သိရတယ်။ ကိုယ်က ပေးရမှာတောင် လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ပေးခွင့် မရဘူး။

ခွင့် ၃ ရက်ယူ သင့်လား။ ဘာလုပ်သင့် သလဲ။ စဉ်းစားရပါတော့တယ်။ အရင်အခါတွေတုန်းက သံရုံးမှာ လုပ်ဆောင်စရာရှိတိုင်း ကိုယ့်ဘာသာသွားလေ့ပဲ ရှိခဲ့တာပါ။ ဒီတခါတော့ ကိုယ့်အားကိုယ်ကိုး ကိုယ်လုပ်နိုင်တာ ကိုယ့်ဘာသာ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ခနတဖြုတ် ထုတ်သိမ်းပြီး သူတပါး လုပ်ခိုင်းတာ အကောင်းဆုံးလို့ ပဲ ဆုံးဖြတ်လိုက်တယ်။ ဘယ်တတ်နိုင်မလဲ။ အလုပ်က ၃ ရက် ခွင့်ယူဖို့ ဆိုတာ မလွယ်ဘူးလေ။ တစ်နှစ် တစ်နှစ် ရတဲ့ ခွင့်ရက်လေးက နည်းနည်းလေး။ အဲဒီခွင့်ရက်တွေ သုံးပြီး အိမ်ပြန်ရအုံးမယ်။ ရှားရှားပါးပါးရတဲ့ ခွင့်ရက်တွေမှာမှ မိသားစုနဲ့  တွေ့ ရတာ၊ အဲဒီရက်တွေ အလျှော့ခံလို့ မဖြစ်ဘူး။ နောက်ပြီး သံရုံးထဲသွားထိုင်နေပြီ ကိုယ်နာမည်ခေါ်တဲ့ အထိ စောင့်နေရတဲ့အချိန်မှာ ကြုံတွေရတဲ့ စိတ်ဒုက္ခကလည်း အတော်ကြီးမားပါတယ်။ နောက်ပြီး လူလူခြင်း လေးစားမှု့ နဲ ပြောဆို ဆက်ဆံတာမျိုး မဟုတ်တာတွေနဲ့  ကြုံများကြုံခဲ့ရရင် စိတ်တိုစိတ်ဒုက္ခ ပိုရောက်ရတာမျိုး ရှိလာနိုင်သေးတယ်။

သူတပါးဆိုတာ အခြားလူ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်စားသံရုံးကိုသွားပြီး အခွန်ဆောင်ပေးမယ့် ၀န်ဆောင်မှု့ ပေးတဲ့ သူတွေပါ။ ပင်နီဆူလားက မြန်မာဆိုင်တချို့  အဲ့ဒီလို ၀န်ဆောင်မှု့ တွေ လုပ်ပေးတာ (မြန်မာသံရုံးက တရားဝင်ခွင့်ပေးထာတာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလူတွေ စီကတဆင့် လုပ်ဆောင်လို့ ရတယ်။) ရှိတယ် ကြားဖူး နေတာကြာပါပြီး။ တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်စုံစမ်း ရပါတယ်။ ၀န်ဆောင်မှု့ ဆိုတာ ကိုယ်ဆောင်ရမယ့် အခွန်ကို လျှော့ပေါ့ဆောင်ဖို့ လုပ်ဆောင်ပေးတာမျိုး မဟုတ်ပါဘူး။ ကိုယ်ပေးရမယ့် အခွန်နှုန်း အတိအကျ ပဲပေးဆောင် ရပါမယ်။ သူတို့ က ကိုယ့်ကိုယ်စား သံရုံးသွားပြီး လုပ်စရာရှိတာတွေ လုပ်ပေးတဲ့ သဘောပါ။ ဒါမျိုး လုပ်ပေးတာကိုပဲ တဆိုင်နဲ့ တဆိုင် တောင်းတဲ့ ဈေနှုန်းတွေက မျိုးမျိုးရှိနေတာ တွေ့ ရပါတယ်။

အများဆုံး တောင်းတဲ့ ဆိုင်က ၈၀ တောင်းပါတယ်။ ( နောက်ပိုင်းကြားရတာ အဲဒီဆိုင်မှာ ကျွန်မ အသိတစ်ယောက် သွားပြီး လုပ်တာ service အတော်ညံ့တယ်၊ သံရုံးမှာ အဲဒီကလူတွေက စကားပြောနေပြီး အခွန်ဆောင်မယ့်သူကိုပဲ တန်းစီ အကုန်လုပ်ခိုင်းတယ်တဲ့။ ဒါဆို ဘာလို့ သူတို့ ကို service ကြေးပေးပြီး လုပ်နေရတော့ မလဲ။ ဒါက သူများစီက ကြားတာပါ။ ကျွန်မ ကိုယ်တိုင်ကြုံတွေ့ ရတာတော့ အခွန်ဆောင်ပေးပါသလား စုံစမ်းတာကို ပြန်ဖြေတဲ့ ပုံစံက အတော်လေး အချိုးမပြေပါဘူး။ ဆက်ဆံရေးညံ့တယ်။ သူတို့ ဆိုင်က ၁-၅ ထပ်မှာ အဟုတ်ဘူး။ ဒီထက်မြင့်တဲ့ အထပ်မှာ ရှိတယ်။ ဆိုင်နာမည်က တန်ဖိုးကြီးကြီး။ ရုံးခန်းပုံစံ သားသားနားနား မှန်ကာထားတဲ့ အဲယားကွန်းနဲ့ အခန်း။ ၀င်သွားတော့ အထဲမှာ ကောင်မလေး ၃ ယောက် ထိုင်နေတယ်။ တစ်ယောက်က ရုပ်ရှင်ကြည့်နေတယ်။ တစ်ယောက်က ဖုန်းပြောနေတယ်၊ နောက်တစ်ယောက်က မေးတာတွေကို ပြောချင်သလိုလို မပြောချင်သလိုလို ပုံစံနဲ့ ဖြေပါတယ်။ တော်တော်ကြီးကို စိတ်ပျက်ရပါတယ်။ သူများထက် များတဲ့ ၈၀ ဆိုတဲ့ ဈေးကြောင့် အဲဒီမှာ မလုပ်တာ မဟုတ်ဘူး။ တခြားဆိုင်တွေနဲ့  ဈေးခြင်းတူနေတောင်မှာ ဒီပုံစံတွေနဲ့ လူတွေကို အလုပ်အပ်ဖို့  စိတ်ကူး မရှိပါဘူး။)

ဈေးတွေ လိုက်စုံစမ်းတဲ့နေရာမှာ ကျွန်မ စေ့စပ်သေချာမှု လိုသွားတာနဲ့  ၁၀ ပိုပေး လိုက်ရတယ်။ ၄-၅ ဆိုင်လောက် ဈေးတွေ ၀င်မေးပြီး မောသွားလို့ အဆင်ပြေမယ ထင်တဲ့ဆိုင်မှာပဲ လုပ်လိုက်မိတယ်။ နောက်ပိုင်း စုံစမ်းသိရသလောက် အဲလိုလုပ်ပေးတဲ့ ၀န်ဆောင်ခ ပေါက်ဈေးမှန် ပြောရမလား၊ ဈေးနှုန်းက စင်္ကာပူ ၅၀ ပါ။ ဒီထက် နည်းတာ သိရင်လည်း သတင်းပေးခဲ့ပါ။ နောက်လူတွေ သက်သာတာပေါ့။ စင်္ကာပူ ဒေါ်လာ ၅၀ ဆိုတဲ့ ပိုက်ဆံ နည်းသလားဆို မနည်းပါဘူး။ အိပ်ရေးပျက်ခံ၊ ခွင့်ယူသွားရပါစေအုံး ၁ ရက်နဲ့  အားလုံးပြီးမယ်ဆို ကျွန်မ ကိုယ်တိုင်ပဲ သွားလုပ် ဖြစ်မှာပဲ။ ၃ ရက်လောက် ခွင့်ယူဖို့ ကတော့ အပေါ်မှာ ပြောခဲ့လိုပဲ မဖြုန်းတီးနိုင်ဘူးလေ။ ၃ နှစ် တခါ .. ဘယ်တတ်နိုင်မလဲ လို့ ပဲ ဖြေတွေးလေးတွေး လိုက်ရတယ်။

ဒါပေမယ့် နေ့ တစ်ဝက် (ညနေပိုင်း) ခွင့်ယူပြီး သံရုံးသွားဖို့  လိုပါတယ်။ လက်မှတ်ထိုး၊ လက်ဗွေနှိပ်တာ လုပ်ဖို့ ပါ။ ကိုယ့်လက်ကို ဖြတ်ပေးလို့ မှ မရတာ။ တခြားနိုင်ငံတွေမှာလို လက်ဗွေကို မှင်နဲ့  နှိပ်၊ စာရွက်မှာ လက်မှတ်ထိုးပေးတာကို စင်္ကာပူလို တစ်နိုင်ငံလုံးကားနဲ့ ပတ် နေ့ တစ်ဝက် မကုန်တဲ့ နိုင်ငံမှာရှိတဲ့ ဒီသံရုံးမျိုးက လက်မခံပါဘူး။ ကိုယ်သွားနိုင်မယ့် နေ့  နည်းနည်း ညှိလို့ ရတယ်။ ကိုယ်ကို ကူညီလုပ်ပေးမယ့် သူတွေက အရင်ကြိုပြီး ကိုယ်ဆောင်ရမယ့် အခွန်ငွေကို ကိုယ့်ကိုယ်စား သံရုံးကိုပေးပြီး အခွန်ဆောင်ထားတဲ့ ပြေစာ စာရွက်ယူပေးထားပါတယ်။ ကိုယ်သံရုံးသွားတဲ့နေ့ မှာ အဲဒီပြေစားကိုပေးပါတယ်။ သူတို့ ပေးတဲ့ အခွန်ပြေစာ စာရွက်ကို သေချာကြည့်ပြီး အခွန်ဆောင်တဲ့ ပမာဏ၊ အချိန်ကာလ၊ နာမည် တွေ မှန်လား သေချာကြည့်၊ စစ်ဖို့ လိုအပ် ပါတယ်။ မှားနေရင် သံရုံးထဲမှာ ရှိနေတုန်း တခါတည်း ပြင်ပေးဖို့ ပြောလို့ ရပါတယ်။ လူတွေများလို့  ထင်တယ်၊ ရေးတာတွေ မှားလို့  ၊ တချို့ လူတွေ ပြန်ပြင်ပေးပါဆို ပြောနေတာ တွေ့ မိတယ်။ ချက်ချင်းဆိုသလို ပြန်ပြင်ပေးတာ တွေ့ ရပါတယ်။

ကျွန်မ ၀န်ဆောင်ခ ပေးထားတဲ့စီက လူတွေ သူတို့ ဘာသာ တန်းစီတယ်။ ထိုင်စောင့်နေယုံပဲ။ ကိုယ့်အလှည့်ရောက်ခါနီးမှ လာဖို့ ခေါ်တယ်။ ခေါ်တဲ့အခါ သွားပြီး လက်မှတ်ထိုး၊ လက်ဗွေနှိပ်။ ကျွန်မ သွားတဲ့အချိန်မှာ တွေ့ ခဲ့တာတော့ ငွေလက်ခံတာ တစ်ဘက်ခြမ်း၊ စာအုပ်အသစ်အတွက် နေရာမှာတော့ စာရွက်တွေ စစ်တာ တစ်ယောက်၊ စာရွက်ထဲက အချက်အလက်တွေကို ကွန်ပြူတာထဲ ထည့်တာ တစ်ယောက်၊ ၂ ယောက်လုပ်နေ ပါတယ်။ အဲဒီအတွက် ကွန်ပြူတာတစ်လုံး၊ လက်ဗွေယူတဲ့ စက်တစ်လုံးပဲ ရှိတယ်။ လက်ဗွေယူတဲ့စက်က မကောင်းဘူး။ တချို့ လက်တွေကို လက်ဗွေ မဖတ်နိုင်ဘူး။ လက်ဖြူဖြူနုနု၊ လက်ဗွေမှိန်ပြီး လက်ချောင်းသေးတဲ့ သူတွေ၊ အသက်ကြီးတဲ့သူတွေ။ ကျွန်မ က (အသက်လည်း အရမ်းမကြီးသေးသလို :D) လက်ကတော့ သေးသေးသွယ်သွယ် နုနုနယ်နယ် လေးမဟုတ်တော့ စက်နဲ့ ကျွန်မ တစ်ကြိမ်နဲ့ အဆင်ပြေခဲ့ ပါတယ်။ မြန်မာသံရုံးအနေနဲ့  ဒီလောက် ပိုက်ဆံတွေရနေတာ လက်ဗွေယူဖို့  စက်ကောင်းကောင်းတော့ ၀ယ်ထားသင့်တယ်။ ကျွန်မသွားတုန်းက စက်စသုံးနေတာ ၁ လ လောက်ပဲ ရှိအုံးမယ်။ အခုဆို အသစ်မဟုတ်ပဲ အဲဒီစက်ကိုပဲ သုံးနေတယ်ဆို ဒီထက်ပိုပြီး အခြေအနေဆိုး နေလောက်ပြီ။

အရှိ အရှိ အတိုင်း၊ မြင်တာမြင်တဲ့အတိုင်း ပြောဖို့ လိုမယ် ထင်တယ်။ :D ဘာတွေမြင်လည်းဆို ဟိုး နှစ်တွေ ရောက်ခဲ့စဉ် ကလိုပါပဲ။ မရောက်တာကြာလို့  မမှတ်မိစရာမရှိဘူး။ ဘာမှ သိပ်ပြီး မပြောင်းလဲဘူး။ ဒါနဲ့  နံရံ အပေါ်နားမှာ စပီကာတစ်လုံး ကပ်ထားတာ တွေ့ ခဲ့တယ်။ စပီကာက အသံတော့ မကြားခဲ့ရဘူး။ မီးမလာလို့ ထင်တယ်။ ဒီအတိုင်း နာမည်အော်ခေါ်သံတွေပဲ ကြားရတယ်။ အဆောက်အအုံ ကလည်း အရင် အတိုင်း ပူမြဲပူစဲ ပါပဲ။

နံရံမှာ ကတ်ထားတဲ့ စာရွက်ကလေးတွေ နည်းနည်း များလာတာ သတိထားမိတယ်။ တစ်ခုတိုး တက်လာတာတယ်ဆိုနိုင်တာက ဖြည့်စရာ Form အလွတ်တွေ အလွယ်တကူ ယူနိုင်အောင် စာပွဲ တစ်ခုပေါ်မှာ ချပေးထားတယ်။ နောက်ပြီး စာအုပ်သစ်အတွက် စာရွက်စစ်တာနဲ့  ကွန်ပြူတာဒေတာဖြည့်တဲ့နေရာက သံရုံးဝန်ထမ်းတွေ ပြုံးတာ ကြုံခဲ့ရတယ်။ ရှားရှားပါးပါးပဲ။ အတော်ကြီး ထူးဆန်းတယ်။ ဒါလည်း သူတို့ တွေ အားလုံးနဲ့  ရင်းနှီးနေတဲ့ ကျွန်မ ၀န်ဆောင်မှု့ ပေး အပ်ထားတဲ့လူတွေ မျက်နှာကြောင့်လားတော့ မသိဘူး။ သူတို့ နှစ်ယောက်ပဲ တခြားသူတွေကတော့ ထုံးစံအတိုင်း မျက်နှာသေကြီးတွေနဲ့ …..

လက်ဗွေယူပြီး လက်မှတ်ထိုးတဲ့အခါ ကွန်ပြူတာမှာ Image file အနေနဲ့  သိမ်းတယ်။ ဒါကိုပြန်ပြပြီး ဟုတ်လားမှန်လား ပြောသေးတယ်။ ကိုယ့်ထိုးတဲ့လက်မှတ် ဟိုမှာပေါ်တာ ကိုယ်ထိုးနေကျနဲ့ မတူဘူးဆို ထပ်ပြန်ထိုးပေါ့။ ပြီးရင် စာအုပ်ပြန်လာထုတ်ဖို့ ရက်ကို ပြောပါလိမ့်မယ်။ အဆင်ပြေလား မေးပါတယ်။ ကြုံခဲ့ရတာတော့ အများစုကို တစ်လ လောက် ခွါပြီး ရက်ပေးပါတယ်။ အဲဒီ အချိန်မှာ မြန်မြန်လိုချင်ရင် ပြောပါ။ ပြောရင်ရပါတယ်။ ဘယ်သူမှ ၀င်ပြော မပေးပါဘူး။ ကိုယ့်ကိစ္စ ကိုယ့်ဘာသာရှင်း၊ ကိုယ့်ဘာသာ ကိုယ်ပြောပါ။ တကယ် အရေးတကြီး လိုတယ် ဆိုတဲ့ သူတွေကို နောက်တစ်ရက် နဲ့  အသစ်ထုတ်ပေးတာမျိုးတွေ့ ရပါတယ်။ ဒါမျိုးလေးလည်း ရှိအုံးမှ။ ဒါကြောင့် ခရီးသွားဖို့ ဘာညာရှိရင် အထောက်အထား၊ ရုံးက စာရွက်ဘာညာ ယူသွားပေါ့။ မလိုဘူး စောင့်နိုင်တယ် ဆိုရင်တော့ စောင့်ပေးလိုက်ပါ။ ကိုယ်စောင့်ပေးလိုက်လို့  တခြား အရင်လိုတဲ့သူတွေ မြန်မြန်ရဖို့ အခွင့်အရေး ပိုရှိတာလို့ ပဲ သဘောထားပါတယ်။ ရက် အဆင်ပြေအောင် ညှိပြီးပြီဆို Passport အသစ်လာထုတ်ရမယ့် ရက်စွဲရေးထား Slip လေး ပေးပါတယ်။ Passport အဟောင်းကိုလည်း ပြန်ပေးလိုက်ပါတယ်။

ပြီးရင်တော့ ၀န်ဆောင်မှု့ ပေး ထားတဲ့သူတွေကို Slip လေးပေး၊ Passport ကတော့ ကိုယ်ယူချင်လည်း ယူထား၊ နောက် ထုတ်ရမယ့်ရက်နီးမှ သွားပေးချင်လည်းပေးပေါ့။ နောက်အသစ်ထုတ်တဲ့ နေ့ မှာ အဲဒီကလူတွေပဲ သွားထုတ်ပေးထားပြီး ကျွန်မက အဆင်ပြေတဲ့အချိန် သွားယူလိုက်ပါတယ်။ ကိုယ့်ဘာသာလုပ်တာဆိုရင်တော့ ထုတ်ရမယ့်နေ့  ကိုယ်တိုင်သွားထုတ် ရမှာပါ။ Passport အသစ်ထုတ်ပြီးပြီးချင်း အဟောင်းကို ပြန်မအပ်ရသေးပါဘူး။ အသစ်ရော အဟောင်းရော နှစ်ခု လုံးရပါတယ်။ အဟောင်းကို တစ်လ ယူထားလို့ ရပါတယ်။ ပြီးရင် ပြန်အပ်ရပါမယ်လို့ ပြောတယ်။ တစ်လ အတွင်း ဒီမှာ ပြောင်းစရာရှိတာတွေ လိုက်ပြောင်းလုပ်ဖို့ လိုပါတယ်။

Passport အသစ် ယူတဲ့အခါ နာမည်။ အသစ်မှာ ထည့်ရေးထားတဲ့ အရင် Passport အဟောင်းနံပါတ် မှန်လား၊ ဓာတ်ပုံက ကိုယ်ပုံရော ဟုတ်ရဲ့လား၊ လက်မှတ်က ကိုယ်လက်မှတ်ရော ဟုတ်ရဲ့လား။ အကုန် အသေးစိတ် စစ်ပါ။ တချို့ တွေမှာ လွဲနေတာတွေ ရှိလို့ ၊တွေ့ လို့  ပြန်ပြင်ခိုင်းရတယ်လို့  သိရတယ်။ ကျွန်မ သံရုံးထဲမှာရှိနေတဲ့အချိန် တစ်ယောက်က သူ့ ရဲ့ Passport အသစ်ထဲက လက်မှတ်ဟာ သူ့ လက်မှတ် မဟုတ် လွဲနေလို့  ပြောတဲ့အခါ.. နောက်တခါ လက်မှတ်ထိုးရင် အသစ်ထဲကနဲ့  တူအောင် ထိုးလိုက်လို့  ဟိုဘက်က ပြန်ပြောတာ ကြားခဲ့ရတယ်။ (ပြန်ပြင်ပေးမယ် ထင်ပါတယ်။ ဘာဆက်ဖြစ်တယ်ဆိုတာ သိဖို့ စောင့်ကြည့်ရအောင် အချိန်မရခဲ့ဘူး။ )

နောက်ဆက်တွဲ လူကတော့ မပြောင်းဘူး၊ ဒါပေမယ့် Passport ကအသစ်မှာ နံပတ်အသစ် ဖြစ်သွားတဲ့ အတွက်… လိုအပ်တာတွေ လိုက်ပြောင်းရပါတယ်။ Passport အသစ်မှာ Re-Entry Permit တုံးပြန်ယူရတယ်။ PR/Student ဆို ICA သွား ပြောင်း။ EP/WP ဆို MOM သွားပြောင်း ခဏပဲ ကြာတယ်။ PR တွေ အတွက် ICA လူကိုယ်တိုင် မသွားချင်ရင် Website မှာ တင်ပြောင်းလို့ ရတယ်။

Electronic Re-Entry Permit (e-REP)

ဘဏ်မှာလည်း ဘဏ့်အကောင့်ကို Passport နဲ့ ဖွင့်ထားတာဆို နံပါတ်အသစ် ပြောင်းသွားကြောင်း သွားအကြောင်းကြား ပြောင်းရပါသေးတယ်။

ကျွန်မ အခွန်ဆောင်၊ သက်တန်းတိုး၊ Passport အသစ်လုပ်တုန်းက လိုတာတွေ...
ကိုယ်ရေးရာဇ၀င် ထပ် ဖြည့်ရတယ်.
ဓာတ်ပုံ နှစ်ပုံ
အခွန်ဆောင်ဖူးတယ်ဆို နောက်ဆုံးဆောင်ထားတဲ့ ပြေစာ မူရင်းနှင့် မိတ္တူ
Passport မူရင်း၊ မိတ္တူ
အရေးကြီးဆုံးလိုအပ်တာကတော့ အခွန်ဆောင်ဖို့ ရန်အတွက် လုံလောက်သော ငွေကြေး..
နောက်ပြီး သက်တန်းတိုး၊ စာအုပ်အသစ် အတွက် စင်္ကာပူဒေါ်လာ ၁၅၀ တိတိ ထပ်ပေး ရပါတယ်။

ကျွန်မ အခွန်ဆောင်တဲ့ချိန်မှာ စုံစမ်း သိရတာက လက်ရှိ အချိန်အထိ အခွန်အကုန် မပေးဆောင်လည်း သက်တန်းတိုးပေးတယ်။
၂၀၁၀ မတ်လမှာ ကြားရတာက ဒီဇင်ဘာ ၂၀၀၉ အကုန်အထိ အခွန်ဆာင်တယ်ဆိုရင် Passport သက်တန်း ၃ နှစ် တိုးပေးတယ်၊
၂၀၁၀ ဇွန်ရောက်တော့ ဇန်န၀ါရီ ၂၀၁၀ အထိ အခွန်ပေးဆောင်မှ ရမယ် လို့ သိရတယ်။
ကြည့်ရတာ မြန်မာနိုင်ငံသူနိုင်ငံသာတွေ ပိုက်ဆံမရှိသေးလို့  အခွန်မဆောင်နိုင်သေးဘူးဆို ၅ လ စာကို ချန်ဆောင်ခွင့် ပြုတဲ့သဘောပေါ့။

ဆောင်စရာမလို၊ အခွန်ဆောင်ခကို လျှော့ပေးမျိုး လုံးဝ မဟုတ်ပါဘူး။ အခုတခါ မဆောင်ပဲ ကျန်တဲ့လတွေကို နောက်တခါ အခွန်ဆောင်တဲ့အခါ ပြန်ထည့်ဆောင်ရပါမယ်။ ဘယ်လိုပဲ ရှောင်ရှောင် ၃ နှစ်တခါတော့ အခွန်လာမဆောင်လို့  မရဘူး မဟုတ်လား။

သံရုံးကို မသွားခင်မှာ ကျွန်မမှာ ဘဏ်အကောင့် တစ်ခုပဲရှိပြီး ATM က တစ်ရက် ထုတ်ခွင့်ရှိတဲ့ ငွေပမာဏကလည်း ကန့် သတ်ချက်ရှိနေလို့  အခွန်ဆောင်ရမယ့် ငွေကြေးပြည့်အောင် ၄-၅ ရက် ခွဲငွေထုတ် စုဆောင်းခဲ့ရသေးတယ်။ လိုတဲ့ငွေပမဏကို ဘဏ်မှာ သွားထုတ်ရင်တော့ တန်းထုတ်လို့ ရပေမယ့် ဘဏ်ဖွင့်ချိန် မသွားအားလို့  ATM ကပဲ ရက်ခွဲထုတ်ခဲ့ရတယ်။ တခြားကိစ္စနဲ့ ဆို ငွေများများ ထုတ်စရာ လိုမှ မလိုတာ။ တခြားနေရာတွေက ပေးဖို့ လိုအုံး Card နဲ့ ပေး၊ Cheque နဲ့ ပေးရတယ်လေ။

ဒါပါပဲ။ ပြောဖို့ ကျန်တာရှိရင် ၀န္တာမိပါ.

ပုံလေးတွေ။ အသွားတုန်းက အလင်းရောင် ရှိသေးတယ်။ ပြန်တော့ အတော်ကြီးကို မှောင်သွားပြီ။ ဒီလို အချိန်အထိ အလုပ်လုပ်တာ တို့ မြန်မာသံရုံး တစ်ခုပဲရှိမယ် ထင်တယ်။ ကြိုးစားကြတယ်။ မှတ်တမ်းတင်ထားချင်လို့  အ၀င်တံခါးကို နောက်ပြန်လှည့် ရိုက်ထား လိုက်တာပါ။


သံရုံးမှာ ထိုင်စောင့်ရင်း ကြားခဲ့ရတာလေးတွေတော့ ရှိနေသေးတယ်။ ဒီမှာတော့ မရေးတော့ပါဘူး။ ဘာတွေကြားခဲ့လည်း သိချင်တယ်ဆို တိုးတိုးတိတ်တိတ် မုန့် ဝယ်ကျွေး မေးမယ်ဆို ပြောချင်စိတ်ပေါ်ရင် ပြောပြမယ်။

15 comments:

  1. ပြည်.ပြည်.စုံစုံရေးပြပေးထားတာ ကျေးဇူးအရမ်းတင်ပါတယ်။

    သိချင်နေတာ...။ရှေ့နှစ်မှာ ၃နှစ်ပြည်.၊သက်တမ်းကုန်ပြီလေ ။ စိတ်အတော်ပျက်/ စိတ်အတော်ကုန်ပါတယ်။

    amayarko,

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။
    သံရုံးတစ်ယောက်သွားတိုင်း story တစ်ပုဒ်ကြားရတာ်။ E-passport ပြောင်းပိးရင် အိုင်စီအေမှာပြောင်းရတာတွေ မသိသေးလို့ အခုမှ သိရတယ်။
    ကြားခဲ့တာတွေလဲရေးပါလားဟင် blog မှာ ရေးရင် blog မှာမုန့်ကျွေးပါ့မယ် =)

    ReplyDelete
  3. ဟှူးးးးးးးးးးးးးးးးးးးး

    ဖတ်ပြီး စိတ်ကုန် စိတ်မော စိတ်ပင်ပန်းထှာ

    ReplyDelete
  4. မျှဝေတာကျေးဇူးပါနေနေ

    ReplyDelete
  5. one of the scariest and troublesome moment once in a three year..and total nitemare as well

    ReplyDelete
  6. ကျောင်းတုန်းက တစ်နှစ်မှာ roll call ကို finger print နဲ့ ယူမယ်ဆိုပြီး စတန့်ထွင်လိုက်သေးတာ သတိရမိတယ်။ အဲဒီတုန်းကလည်း တစ်ယောက်တည်း လက်ဗွေနှိပ်လို့ မရ ဖြစ်ခဲ့ဖူးတယ်။ လက်ဗွေကို ဘယ်လိုမှ ဖမ်းလို့မရဘူး။ သူငယ်ချင်းတွေ အကုန်ရတယ်။ နောက်ဆုံး မရတဲ့အဆုံး လက်လျှော့လိုက်ရရော။ နောက်တော့ roll call လည်း အဲဒီနည်းနဲ့ မယူဖြစ်ခဲ့ပါဘူး။ ဒီမှာ card အတွက် လက်ဗွေနှိပ်ရတုန်းကတောင် အဲလိုများ ထပ်ဖြစ်နေဦးမလားဆို လန့်နေမိသေးတယ်။

    ဒါမျိုး ကြုံဖူးထားတော့ မနေ ရေးတာဖတ်ပြီး ကိုယ့်အလှည့်ကျမှ အဲလိုဖြစ်နေရင် ဒုက္ခလို့ တွေးမိတယ်။ :'(

    နောင်ဘဝလည်း ဒီအချိုးအတိုင်းပဲ ဆိုလို့ကတော့ မြန်မာပြည်မှာ လူပြန် မဖြစ်ပါရစေနဲ့တော့ တော့ တော့...

    ReplyDelete
  7. ဖတ်ရတာနဲ့တင် ထပ်တူထပ်မျှမောမိပါတယ် ။ ဟိုးအထပ်မြင့်ကြီးက တန်ဖိုးကြီးနာမည်နဲ့ဆိုင်ကြီးက အရင်စနစ်တုန်းကတော့ မြန်ပါတယ်၊ ဈေး လဲမှန်ပါတယ်။ ခုစနစ်ကျတော့ ဘယ်လိုလဲ မသိဘူး ။ ကိုယ့်ဆီမှာလာအပ်အပ် မအပ်အပ် ကောင်းကောင်းမွန်မွန်ဖြေသင့်တာပေါ့ ။ အသိတယောက်ခမျာတော့ ကျောင်းပိတ်တုန်း ရန်ကုန်ခဏပြန်ဖို့ အောက် ၅ထပ်အတွင်းက ဆိုင်တဆိုင်မှာ သက်တမ်းတိုးတာမှာ data တွေမှားမှတ်လိုက်တဲ့အတွက် မပြန်ဖြစ်လိုက်ဘူး ။ သူကတော့ ပေါက်ကွဲလိုက်တာ အရမ်းပဲ.. :-|
    သေချာတိတိကျကျကို ကိုယ်တွေ့ရေးပေးတဲ့အတွက် ကျေးဇူးပါ မနေနေ ။

    ReplyDelete
  8. မရိုးနိုင်တဲ့ ဇာတ်လမ်းဟောင်းကြီးတခုပါပဲ... ဟင်း...

    အခွန်သက်သာတဲ့ နည်းလမ်းကောင်းများဆို မုန့်ဝယ်ကျွေးမယ် ပြောပြပါ :D

    ReplyDelete
  9. ၁. အတော်ခံစားလာရတဲ့ပုံဘဲ ချရေးထားတယ် ဆိုတော့
    မနေ့က လာဖတ်သေးတယ် တယ်လီဖုံးနဲ့
    တို့တယ်လီဖုံးမှာ လေးဒေါင့်တွေ ဘဲပေါါိုလို့ဖတ်လို့မရလို့လက်လျော့ပြန်သွားတာ အခုမှ လာဖတ်ရပါတယ်။ အရှည်ကြီး စိတ်ရှည်လက်၇ှည်ရေးထားတာရယ်ရေးရဲတာရယ်. ကျေးဇူးပါ။ တို့တွေ က လူမုန်းမခံတတ်ဘူး ။ ကြောက်လဲကြောက်တတ်တယ်။ ပညာရှိဆိုောတ့အမြဲစိတ်ထဲကနဲ့လလက်ထဲကနဲ့တထပ်ထည်းမဖြစ်ဘူး။

    ၂။ အိတ်ပြားချပ်သွားတာမဟုတ်ပါဘူး ဘဏ်ကပ်ထဲမှာ zero balance ပြသွားတာပါ။

    ၃။ အဲဒီဆိုင် က အစ်မ သွားမေးတုံးက 70 ဆိုလား၈၀ ဆိုလား. ပါတဲ့ ကောင်းကောင်းမွန်မွန်ဖြေပါတယ်။ အရင်တုံးကလည်းဆက်ဆံဘူးပါတယ် အဆင်ပြေပါတယ်။ ဆိုင်ကြီးဆိုတော့လဲစိတ်ချရတယ်လို့ခံစားမိပါတယ်။ နောက်ဆုံးတစ်ခေါက်သွားစုံစမ်းတောလဲကောင်းကောင်းမွန်မွန်ဖြေပါတယ်။ စာအုပ်ကုန်ဘို့သက်တန်းခြောက်လ အောက်ရောက်နေလို့ ရန်ကုန်ပြန်လို့မရဘူးထင်လို့သွားစုံစမ်းတာ သေချာရှင်းပြပါတယ်။ အဝင်ကနေ ရေရင် တတိယမြောက်ကောင်မလေးပါ.။ ပနဲ့ဒုကတော့သိတ်သိပုံမရဘူး စကားလဲသိတ်မပြောဘူး. တတိယတစ်ယောက်က ပိုပြီး knowledge ရှိပုံရတယ်။ ပပိုပြီးတော့လဲဖော်ရွေတယ်။ ပြန်လို့ရပါတယ်ဆိုတဲ့အကြောင်း.

    ။သူတို့ကိုနဲ့တင်အားမရလို့ စင်မြန်မာသွားမေးလိုက်သေးတယ်။ ခြောက်လအောက်ရန်ကုန်ပြန်မရဘူး ပြန်ဝင်လာလို့မရဘူးလို့ကောလဟာလဖြစ်နေလို့.. တစ်ကယ်တန်းပြန်လို့ရပါတယ်။ တစ်ခြားနိုင်းငံသာသွားလို့မရတာ. ကိုယ့်နိုင်ငံကိုတော့ပြန်လို့ရပါတယ်တဲ့ စလုံးပြန်ဝင်လာလို့မရဘူးဆိုတာကောဟုတ်သလားဆိုတော့ပြန်ဝင်လာလို့ရပါတယ်တဲ့။ social visit သာပြသာနာဖြစတာပါတဲ့ဒီမှာ status တစ်ခုရှိတဲ့သူဆိုရင် ပြန်ဝင်လာလို့ရပါတယ်ဆိုလို့ ရဲရဲကြီး ရန်ကုန်ပြန်သွားတာ.ရန်ကုန်လဲဝင်လို့ရပါတယ်။ စလုံးကို ပြန်ဝင်လာလို့လဲရပါတယ်။ အဲဒီတော့အဲဒီအချိန်မှာ တစ်ခုခု မှားယွင်းသွားတာဖြစ်မယ်ထင်ပါတယ။်

    တို့တွေ တုံးကလည်းမှားဘူးတယ် အဲဒီတုံးက အလုပ်မလုပ်သေးဘူး အလုပ်မလုပ်ကြောင်းထောက်ခံစားသွားယူတာ ခင့်ပွန်းဖြစ်သူကို မှီခု နေထိုင် အလုပ်မလုပ်ကြောင်းရေးပေးရမှာ ဖခင်ဖြစ်သူကို မှီခိုနေထိုင်ဆိုလို့ပြန်ပြင်ရတယ။်

    နောက်တစ်ခါ. အခွန်ဆောင်တာ လ..မှားပြန်တယ။် ဥပမာ. ဇွန်လ အထိဆောင်ပြီးပါပြီဆိုတာ ဧပြီထိဆောင်ပြီးကြောင်းလို့ရေးတယ။် အဲဒါနဲ့ ပြန်ပြောတော့အဲဒါလေးကိုချစ်ပြီး ပြင်ရေးပေးလိုက်တယ။် တို့တွေ က မကျေနပ်ဘူး အဲသလိုခြစ်ပြီ်းပြင်ရင် တို့တွေ ကခြစ်ပြီးအတုလုပ်သလိုဖြစ်နေမှာပေါ့ လို့ပြနပြောတော့အဲဒီပြင်ရာဘေးကလေးမှာ သံရုံးတံဆိပ်တုံးပါါပါတယ်တဲ့။ သေချာကြည့်ပါတဲ့။ ဒါပေမဲ့လဲ ပိုက်ဆံထောင်ချီပေးပြီးရခဲ့တဲ့စာရွက်ကလေးတစ်ရွက် မှာပြင်ရာကလေးတွေ မရှိစေချင်တာတော့အမှန်ဘဲ။ အသစ်ပြန်ရေးဘို့ဘဲခက်ခဲသလား။

    တို့တွေ လည်းလက်ဗွေနိပ်ဘူးတာ.. (အမှုဖြစ်ဘူးလို့ဟုတ်ပါဘူး) ဘယ်လက် မ ကိုနိပ်လို့မရဘူး ကံအားလျော်စာ ညာလက်မ နိပ်လို့ရသွားတယ။် ဟင်း အခုသွားနိပ်ရင် အဆင်ပြေပါ့မလားမသိ။

    ဇတ်လမ်းတွေ ကတော့ပြောလို့မကုန်ပါ. လူရှိရင်ဇတ်လမ်းရှိတာဘဲ ဟုတ်တယ်ဟုတ်။


    အခုအဆင့်မြင့်ပါတယ် အင်တာနက်ထဲကနေ ဖောင်တော်တော်များများ ဒေါင်းလုပ်လို့ရတယ် မြန်မာသံရုံးဝက်ဆိုက် ကိုသွားပြီးရင်ဖောင်တွေ ရှိတယ်။ ကြိုဖြည့်သွားလို့ရတာပေါ့။

    ပြောမယ်ဆိုမှ ကျွေးမှာ ဒီအတိုင်းတော့အရင်းဆုံးလို့မဖြစ်ဘူး။

    ဘာဘဲပြောပြောနေနေ. ဒီမှာလုပ်ရတာ အမှန်တစ်ကယ်တော့ အဆင်ပြေပါတယ် မကျေနပ်ရင် ရန်ကုန်ပြန်လုပ်ကြည့်ပါလား ဒီထက်ခက်ခဲမှာပါ။ မှတိမိသေးတယ်မဟုတ်လား ပန်းဆိုးတန်းရုံးကြီးကို မမေ့တတ်သေးရင်..

    ReplyDelete
  10. မနေနေရေ...
    မီးလဲ သက်တမ်းတိုးဖို့ရှိတယ်..
    နောက်နှစ်မှာ သက်တမ်းတိုးရမယ်လေ
    မနေနေ ပြောတာနဲ့ မီးလဲ သွားမေးကြည့်သေးတယ် မခင်ဦးမေပြောသလိုဘဲ.. မီးကို ကောင်းကောင်းပြန်ဖြေပေးတယ်.. သံရုံးမှာ နည်းစနစ်တွေ ပြောင်းတာကိုလဲ သူတို့ပြန်ဖြေပေးတယ်.. မနေနေ မေးတုန်းကလိုတော့ မဟုတ်ဘူးသိလား.. ဘယ်လိုမေးလဲလဲဟင်... (စပ်စုတာ:P)... တခုခုလွဲနေပုံဘဲ... မနေနေ အပ်ထားတာ ဘယ်မှာလဲဟင်.. အဲဒီမှာက စိတ်ချရလား.. မီးက မသိလို့ နောက်ပြီး မီးက ဒီကို ရောက်တာ မကြာသေးဘူးလေ.. မီးသူငယ်ချင်းတွေပြောတော့ မနေနေပြောတာနဲ့ နည်းနည်းကွာနေတယ်.မီးသူငယ်ချင်းတွေလဲ တခြားနေရာမှာ အပ်ကြတယ် အမျိုးမျိုးဘဲ မနေနေပြောသလိုဘဲ တခြားနေရာမှာလဲ တန်းစီးရတယ်နောက်ပြီးတော့ စာရွက်စာတမ်းလိုတာတွေဘာတွေလဲပြောတယ်.. ဘယ်ဟာက အမှန်လဲဟင်.. မီးကို အကြံပေးပါဦး.. မီးက စိတ်ချရတဲ့ နေရာမှာလုပ်ချင်လို့ပါ.. မီးကိုပြန်ပြောပေးကြပါဦး.. :P

    ReplyDelete
  11. ATM ငွေထုတ်တာက အလီလီခွဲမထုတ်ချင်ရင် ဘဏ်ကို ဖုန်းကြိုဆက်ပြီး ငွေပမာဏကို မြှင့်ခိုင်းလို့ရပါတယ်။ POSB/ DBS မှာ တစ်ရက်ကို ၅၀၀၀ ထိ မြှင့်ခိုင်းလို့ရတယ်။

    ReplyDelete
  12. ခု နည်းနည်းပြောင်းနေပြန်ပြီ အစ်မရေ...
    ညီမ လုပ်တဲ့ဆိုင်က ၃၅ ပဲ ပေးရတယ် အစ်မ...
    ဆိုင်ကတော့ နည်းနည်းရှာရခက်တယ်..ငါးထပ်မှာ...
    မနွယ်...97673492
    Kg Htet Computer, #05-59

    ReplyDelete
  13. Thank you so much Really appreciate that you shared the detailed info. Let me share ur post to my friends who are about to renew passports. I'll include your name & the link as references.

    ReplyDelete
  14. Everytime i went to myanmar embassy myself and this time I joined to agent. I joined to agent nearly 2 weeks and i didnt get any contact from them. So i went there one sunday and they close the shop. They advertise their shop open daily....... I dont know what to do ...So I'd like to advise you all if you have time to go to embassy go yourself better and faster...:( :( :(

    ReplyDelete
  15. ဘာပဲဖြစ်ဖြစ် ဘယ်သူ့ မှ အားမကိုး ကိုယ့်ဘာသာလုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
    ဒါနဲ့  သတိထားမိသလောက်ဆို ပင်နီဆူးလားက အဲလို ၀န်ဆောင်မှု့ ပေးတဲ့ဆိုင်တွေက နေ့ တိုင်း၊ အချိန်မှန် မဖွင့်ဘူး။ ဒါနဲ့  agent က ဖုန်းနံပါတ်ပေးထားမယ် ထင်တယ်။ အရင် ဖုန်းဆက်ကြည့်ပြီးမှ သွားတာ ပိုအဆင်ပြေမယ်။

    ReplyDelete