ဒါပေမယ့် ပြီးခဲ့တဲ့ ရက်တွေက အလုပ်ကလူတွေနဲ့ သွားစားတဲ့  Team Lunch တွေ ရှိတယ်။ အခု အစားအသောက်ပုံတွေ အားလုံးကို အလုပ်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ ဖုန်းနဲ့ ရိုက်ယူထားတာတွေပါ။ အလုပ်လုပ်ရင်းပျင်းလာလို့  ဓာတ်ပုံတွေ တောင်း၊ ဒီမှာ မှတ်လိုက်တယ်။ ဒီဆိုင်မရောက်တာ အတော်ကြာပြီ။ မှာတာကတော့ စားနေကြ ဟင်းတွေပါပဲ။ တိုးတတ်လာတယ်ဆိုရမယ် ဆိုင်မှာ Menu ကို အင်္ဂလိပ်လို ရေးထားပြီ။ အရင်က တရုတ်လိုပဲ ရေးထားတော့ မှာရတာ အဆင်မပြေဘူး။ ခုတော့ ကိုယ့်ဘာသာ သွားစားလို့ ရပြီ။ ခေါက်ဆွဲအကြည်တွေက အပြား ပိုကြီးသွားတယ်။ အရင် ခပ်ပါးပါး အမျိုးအစာကို ပိုကြိုက်တယ်။
အားလုံးအကြိုက်
![]() |
| From Farewell Lunch |
ကျွေးတဲ့သူ အကြိုက်
![]() |
| From Farewell Lunch |
ဘာသာလူမျိုးမရွေး
![]() |
| From Farewell Lunch |
စိမ်းစိမ်းစိုစို
![]() |
| From Farewell Lunch |
အသီးအရွက် လေးပွဲ
![]() |
| From Farewell Lunch |
အသားမှာဝက်
![]() |
| From Farewell Lunch |
အားလုံးစုံပါပြီ။
![]() |
| From Farewell Lunch |
ဒီလကုန် အလုပ်မှာ ကျွန်မတို့  အဖွဲ့ ထဲက တစ်ယောက် အလုပ်ထွက်မယ်။ အဲဒီတစ်ယောက်က အစားအသောက် ကောင်းအရမ်း ကြိုက်တယ်။ အလုပ်ထွက်မယ့်သူကို နှုတ်ဆက်တဲ့အနေနဲ့  အုပ်စုလိုက်ပထမ သွားစားတာက Bumbu ဆိုတဲ့ ဆိုင်မှာ။ Indonesian/Thai Restaurant။ အဲဒီဆိုင်မှာတော့ အုပ်စုလိုက်ပုံကလွဲရင် အစားအသောက်ပုံတွေ မရိုက်ဖြစ်ဘူး။ ခုပုံတွေက ထွက်တော့မယ့် တစ်ယောက်က ရင်းနှီးတဲ့ သူတွေကို ပြန်ကျွေးတာ။ အားလုံး ၅ ယောက်။ ကျွေးတဲ့သူက သူကြိုက်တဲ့ အစားအသောက်ဆိုင်တွေမှာ ကျွေးတယ်၊ ကျွေးခိုင်းတယ်။ Bumbu ဆိုင်မှာစားတဲ့နေ့ ကတော့ တဖွဲ့ လုံးဆိုတော့ လူများတယ်။
၃နှစ်နီးပါး တဖွဲ့ တည်းမှာ အလုပ်အတူ လုပ်ခဲ့ကြတယ်။ တိုးတက်ရာတိုးတက်ကြောင်း ပြောင်းကြတယ်။ ကောင်းပါတယ်။ ကိုယ်တွေလည်း ပြောင်းရင် ကောင်းမလား စဉ်းစားနေပြီပဲ။ ၃ နှစ်ဆိုတဲ့ အချိန်ဟာ အလုပ်အသစ် တစ်ခုထပ်ပြောင်းဖို့  လုံလောက်တယ် ထင်တာပဲ။ နောက်အလုပ်အသစ်က လခအတော်များတယ် ပြောတယ်။ အဆင်ပြေပါစေ။
Other Related Post: Northern Chinese Cuisine







ကိုယ်တွေလည်း ပြောင်းရင် ကောင်းမလား စဉ်းစားနေပြီပဲ။ ၃ နှစ်ဆိုတဲ့ အချိန်ဟာ အလုပ်အသစ် တစ်ခုထပ်ပြောင်းဖို့  လုံလောက်တယ် ထင်တာပဲ။
ReplyDeleteyes, thinking about it too.
၃ နှစ်နေတော့ အလုပ်ပြောင်း တခြားအလုပ်မှာ ၂ နှစ်ခွဲ ကြာပြီးတော့ အခု အရင်အလုပ်ကို ပြန်ရောက်လာပြီ။ :D
ReplyDeleteZT ရယ်ရတယ်။ တို့တွေ ကတော့သိတ်ပြောင်းလေ့မရှိဘူး.။ ရောက်တဲ့နေရာ ထိုင်လိုက်တာဘဲ။
ReplyDeleteမ KOM တို့ လို ဆရာဝန်တွေနဲ့  တခြားအလုပ် တွေနဲ့  ပုံစံက မတူဘူးလေ
ReplyDeleteIT အလုပ်အများစုက ထွက်ပြီး နောက် ၂-၃ နှစ်နေပြန်လုပ် လခတိုး.. ရာထူးတိုးတာ များတယ်.. ကို ZT ရမရတော့ မသိဘူး..
miss sg :(
ReplyDeleteEspecially foods :P
"၃ နှစ်ဆိုတဲ့ အချိန်ဟာ အလုပ်အသစ် တစ်ခုထပ်ပြောင်းဖို့  လုံလောက်တယ် ထင်တာပဲ.."
ReplyDeleteကိုယ် ဒီအလုပ်မှာ ၄ နှစ်ခွဲရှိနေပြီ...
ဒီပုံအတိုင်းဆို ပြောင်းသင့်နေပြီပေါ့နော်...း))