တရားခံဘယ်သူလဲဟေ့...
ဆီကြော်တွေစားတာများနေလို့  အခုရက်ပိုင်း မစားပဲ နေအုံးမလားလို့  စိတ်ကူးနေတာ။ မရတော့ဘူး.... အခုပဲ အိမ်က အမေ ပို့ ပေးထားတဲ့ ငွေပင်လယ် အထူးစပယ်ရှယ် ငါးမုန့်  ဆိုတာကြီးကို ကြော်စား လိုက်တယ်။ တကယ်ဆို စားဖို့ စိတ်ကူး မရှိဘူး။ အခုတော့ .. ခုတော့.. ။ ကျွန်မစီမှာ အမြဲ နီးပါးရှိတတ်တဲ့ အစားအသောက်တွေမှာ ငါးမုန့် ကြော် လည်း ပါတယ်။ အာလူးကြော်... ငါးမုန့် ကြော်.. အကြော်တွေကို ကြိုက်တယ်။ ကြိုက်တာတွေ သိပ်များနေပြီလားတောင် မသိဘူး။ အဲ့လိုဟာလေးတွေ စားတတ်မှန်း၊ ကြိုက်မှန်းသိလို့  အိမ်ကလည်း လူကြုံရှိတိုင်း ထည့်ပေးတယ်။ မပို့ အားရင်လည်း ဒီက မြန်မာဆိုင်တွေက လွယ်လွယ်ကူကူ ၀ယ်လို့ ရတယ်လေ။ အခု စားလိုက်တာ တပန်းကန်ထဲပါ။ နှစ်မျိုးရိုက်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့  စာတမ်းထိုးထားဖြစ်တယ်။ ဒါဘာလဲ လာမေးတာတွေ ဖြေဖို့ မလိုတော့ဘူး။
္ဂဂျွတ် ဂျွတ် ဂျွတ်
ReplyDeleteတယောက်က လင်ခ့်လာပေးသွားလို့ ချက်ချင်း ရောက်လာပါတယ်...။ တရားခံ ဘယ်သူလဲဟေ့ ဆိုတာ ကြည့်ပြီး နဲနဲတောင် ကြောက်သွားတယ်...
ReplyDeleteအဲဒီ တရားခံက ကိုယ်တော့ ဟုတ်လောက်ပါဘူးနော်...
ပုံ
ကြောက်တတ်သူ တဦး
ကိုယ်တို့ဘလော့ရေးနေကြာတာလား စကားပြောနေကြတာလား လှည့်ပတ်ပြီးတော့။
ReplyDeleteတရားခံဘယ်သူလဲဆိုောတ့သက်ဝေပါ. (ကျောင်းစာကလွဲပြီး စာအားလုံးကိုလှည့်ပတ်ဖတ်သူတစ်ဦးက ဝင်ရောက်ဖြေကြားသွားပါသည်.။ )
တို့တော့ အဲဒီမုန့်အဆင်သင့်ဝယ်ပြီးသားမရှိတာရယ် ပို့ပေးမဲ့အမေ မရှိတော့တာရယ် ဗမာဆိုင်က ယယ်ခခဲ့ဘို့မေ့သွားတာရယ်နဲ့ဘဲ ကုလားဆိုင်ကပါပလာကြောဘဲ ဝယ်စားနေတယ် ဝကြောင်စားကြည့်ပါဦးလားကောင်းပါတယ်။
လက်ရာအတော်ကောင်းနေပါလား. တူးတာတွေများဘေးဖယ်ထားသေးလား မှန်မှန်ကန်ကန်ဝန်ခဲပါ။
ဘလော့လုပ်တာ အဲဒါကောင်းတာ စကားတွေ အရှည်ကြီးပြောလို့ရတယ် လူအများကြီးလာဖတ်လို့ရတယ် ဖဘထက်သာတဲ့အချက်က အဲဒါဘဲ။
သေချာပါတယ်ဆိုမှ ထွက်ပြေးချင်တဲ့သူက ရှိသေးတယ်.အဲဒါသက်ဝေဘဲ .. (
ပုံ မျက်မြင် သက်သေတစ်ဦး)
တရားခံဖြစ်သွားသော သက်ဝေ... ခွိ.. ခွိ.. ခွိ..
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteဆောရီး နေနေ... ၃ ခါ နှိပ်လိုက်မိလို့ ဆင်တူ ကော်မန့် ၃ ခု တက်သွားတယ်...
ReplyDeleteတရားခံ ဆိုတော့ ကြောက်နေတာပေါ့...း))
မနေ ပိုစ့်နဲ့ မမခင်ဦးမေ ကွန်မန့် match ဖြစ်ပြီး ဟုတ်နေတာပဲ။ :D
ReplyDelete"တကျွတ်ကျွတ်ဝါး" ဆိုတာ တွေ့လို့ Nadal နဲ့ Berdych, Male Final Wimbeldon Tennis ကစား နေတာ အိမ်မှာ Live ထိုင်ကြည့်ရင်း ဝင်လာ ကြည့်တာ။
ငါးမုန့်ကြော်ဆို မြန်မာပြည်က ငါးမုန့်ကြော်ကို ကြိုက်တယ်။ ငွေပင်လယ် ငါးမုန့်ကြော် စားဖူးတယ်။ လူကြုံ ရှိရင် စားရပေမယ့် အခု မစားရတာ အတော်ကြာပြီ။ ဒီက Crackers တွေက Rubbish!! :F
မနေ ဟိုအရင်က တင်ခဲ့တဲ့ သစ်သီးပိုစ့် သရက်သီးစိမ်းပိုစ့် တွေလို ဝယ်စားဖြစ်ရင် ပိုစ့် တင်ပါအုံး။
မနေ တင်ခဲ့တဲ့ သစ်သီးပိုစ့်ထဲက နှင်းသီးကို ဒီမှာ မရလို့ စားချင်ရင် အဲဒီ တင်ခဲ့တဲ့ သစ်သီးပိုစ့်ကို လာလာကြည့်ဖြစ်တယ်။ အရောင်စိုစိုလေးနဲ့ စားချင်စရာလေးလေ။
ကဲ.., အခု ဒီ ငါးမုန့်ကြော်ပိုစ့်ကို ကြည့်ပြီး မြန်မာပြည်က ငါးမုန့်ကြော် အရမ်းစားချင် သွးပြီ။ အိမ်မှာလဲ အဆင်သင့် ကြော်စားဖို့ ငါးမုန့်က မရှိ။
အဲလို စားချင်စိတ်တွေ ဖြစ်လာအောင် ပိုစ့်တွေ တင်ပြီး နှိပ်စက်တာ တရားခံ ဘယ်သူလဲဟေ့???
နန္ဒာ (SMNTL)
ဂျွတ်ဂျွတ်မြည်အောင်ကိုဝါးသွားပါတယ်။
ReplyDeleteအောင်ပင်လယ်က စားလိုက်ရင် ငါးအရသာလေးရတယ်နော်။
စားချင်သွားပြီ... နေ့လည်ကျရင် ဝယ်စားဦးမယ်
ReplyDelete