မယုံဘူးလား။ တကယ် စားခဲ့တာပါ။ ဓာတ်ပုံတွေ သက်သေ ရှိပါတယ်။ ရှားရှားပါးပါး ငါးပုဏ္ဏား။ မြန်မာပြည်က လာကြတာပါ။ ဥတွေနဲ့ ။ ငါးပုဏ္ဏားကို ကြော်ပြီး ကြက်သွန်နီ၊ ငရုတ်သီးကြော်တွေနဲ့ ပြန်ရောထားတာ။
စားလို့ အရမ်း ကောင်းတယ်။
ကိုယ်တိုင်ချက်တာ ဘယ်ဟုတ်မလဲ။ သဘောကောင်းတဲ့ အစ်မတစ်ယောက် ချက်ကျွေးတာပါ။ (ဟိုအစ်မကြီး မဟုတ်ဘူး။ သူက ကိုယ့်လိုပဲ ဆိုင်မှာပဲ ခပ်လွယ်လွယ်ဝယ်စားတာ။ ) ငါးပုဏ္ဏား စားချင်တယ် ပြောလိုက်မိလို့  မှတ်မှတ်ရရ ထည့်ချက်ကျွေးတာ အထူးကျေးဇူးပါ။ အရမ်းစားလို့ ကောင်းပါတယ်။ ငါးကြော်ကလည်း အများကြီးမှ တကယ့်ကို အများကြီး။ အပေါ် ပုံက ငါးကြော် အားလုံးရဲ့ တစ်ဝက်လောက်ပဲ ရှိတယ်။ တခြားဟင်းတွေလည်း အများကြီး ချက်တယ်။ တခြားဟင်းပုံတွေတော့ နောက်မှ။
အခုတခါက ငါးပုဏ္ဏား သီးသန့် ...
ရှားရှားပါးပါး ကြိုက်တဲ့ ငါးဟင်း။ အိမ်မှာ ဆိုရင် ငါးပုဏ္ဏားပေါ်ချိန် ရောက်ပြီဆိုတဲ့ အခါတိုင်း အမေက ဥတွေနဲ့  ငါးပုဏ္ဏားတွေကို လိုက်ရှာဝယ်၊ ကြော်ပြီး ခရမ်းချဉ်သီး အနှစ်နဲ့  ဆီပြန် ပြန်ချက်ပေးလေ့ ရှိတယ်။
စားရဖို့ မလွယ်လို့  အသေအချာ မှတ်တမ်းတင်ထားတာပါ။ စင်္ကာပူက လူတွေ စားချင်တယ်ဆို စစ်တီးဟောမှာ ငါးပုဏ္ဏား ၀ယ်လို့ ရတယ်လို့ သိရပါတယ်။ တခြားနိုင်ငံတွေတော့ မသိပါ။ စားချင်ရင် ဒီကိုလာ။
ဟီးးးးးးစားချင်တယ် မစားရတာ၃နှစ်တောင်ရှိပေါ့
ReplyDeleteစားချင်တယ်။
ReplyDeleteသန့်ဇင်အေး အိမ်ကိုလိုက်သွားရမှာလား။
မစားရတာ ကြာပြီဖြစ်တဲ့ ရှားရှားပါးပါး အစားအသောက်တွေကို ဓါတ်ပုံကြည့်ပြီး သရေကျရတာ အကျင့်တခုလို ဖြစ်နေပါပြီ မနေရယ်။ :))
ReplyDeleteရှားရှားပါးပါး ကြိုက်တဲ့ ငါးဟင်း။
ReplyDeleteဟုတ်တယ် ဥနဲ့ငါးပုဏ္ဏား သိပ်ကြိုက်တယ်။ ချက်တာထက် ကြော်ပြီး ပြန်နှပ်တာ ပိုကြိုက်တယ်။ စားရင်းစားရင်း တခြားငါးတွေက ဥတွေပါ ဖောက်စားပစ်တတ်တယ်။ ပြီးရင် ဥမရှိတော့တဲ့ ငါးတွေ ဆက်မစားတော့ဘူး။
city hall ငွေသမုဒရာဆိုင်မှာ ၀ယ်လို့ရတယ်။ ၂ထပ်မှာ။ ၈ကျပ်ပေးရတယ်
ReplyDeleteကြိုက်တယ်.. :)
ReplyDeleteကြိုက်တယ်.. :)
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteသိင်္ဂါကျော် said...
ReplyDeleteညီမလေးကြိုက်လှချည်လား လေးခါတောင်ကြိုက်စ်
ငါးတွေထဲမှာ ငါးပုဏ္ဏား ရယ်၊ တီလားပီးယား ငါးကင်ရယ်၊ ငါးသလောက်ပေါင်း (ပေါင်းပဲနော် ကျန်တာတွေ မကြိုက်) ရယ်ပဲ ကြိုက်တယ်။ ငါးဥတော့ မစားတတ်ဘူး။
ReplyDelete