Pages

May 11, 2010

သတိရပါသည်...

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်လို့  မဲလို့ ။ နာရီကြည့်လိုက်တော့ ၇ နာရီ ပဲရှိသေးသည်။ မိုးတွေအုံ့ နေတာကိုး၊ ဒါပေမယ့် မိုးမရွာသေးပါ။ ရထားစီး အိမ်ပြန်လာသည်။ ဗိုက်ဆာသည်။ စိတ်ပင်ပန်းသွားလျှင် အစာကြေလွယ်ပြီး ဗိုက်ပိုဆာတတ်သည်လို့  တစ်စုံတစ်ယောက်က ပြောသည်။ ဟုတ်မဟုတ် တတ်အပ် မပြောနိုင်။ ယနေ့ အဖို့  ယခင်နေ့ များထက် ပိုဆာနေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ရထားပေါ်က အဆင်း လူတွေများသည်။ မိုးရွာ မနေပါ။ ရေစပ်စပ်တွေရသဖြင့် မိုးရွာသွားသည်ဟု ယူဆရသည်။ ဒီည ညစာကို မြန်မာထမင်းဟင်း ၀ယ်စားဖို့ စိတ်ကူး လိုက်သည်။ လူတွေကြားတို့ ဝှေ့ ၊ ထမင်းဆိုင် ရောက်အောင်သွားခဲ့သည်။ ကိုယ့်ရှေ့ မှာ လူ ၃၊၄ ယောက် ရှိနေသည်။ ကိစ်စမရှိ၊ အလျှင်မလို၊ စောင့်နေလိုက်သည်။ ကိုယ့်အလှည့် ရောက်ပြီ။ ထမင်း ကုန်သွားသည်။ အတော်ရောင်းကောင်းပုံ ရသည်။ ဘေးဆိုင်မှ ထမင်းအမြန်သွားယူလာလို့  တော်သေးသည်။

ဘာစားမလဲမေးသည်။ ထမင်း ပါဆယ်သူသွားမည်ဟု ပြောလိုက်သည်။ ထမင်းသပ်သပ် ဟင်းသပ်သပ် ထည့်မည်လားဟု မေးသည်။ မှတ်မိနေသည် ထင်သည်။ ကျွန်မ အဲ့ဒီဆိုင်တွင် ထမင်းဝယ်စားသည့် အခါတိုင်း ထမင်းနှင့် ဟင်း ဘယ်သောအခါမျှ ရောထည့်ယူလေ့ မရှိခဲ့ပါ။ ဖြတ်ကနဲ ဆိုသလို နာမည်ကြီး၊ နာမည်ကျော်၊ လူသိများ ဘလော့ရေးသည့် အစ်မကြီး တစ်ယောက်ကို သတိရသွားသည်။ (ဘာကြောင့် သတိရသနည်း မမေးပါနှင့်  အဖြေမရှိ။) ထို့ ကြောင့် ထမင်းနှင့်ဟင်း ရောထည့်မည် ဟုပြောလိုက်သည်။ အံ့သြသွားသည် ထင်သည်၊ ရောထည့်မှာလား၊ သေချာအောင် ထပ်မေးနေသဖြင့် ဟုတ်ကဲ့ ဒီတစ်ခါ ရောပြီးယူမယ် ထပ်ပြန်ပြော လိုက်ရသေးသည်။

ယနေ့  ညနေ ယခင်အကြိမ်များထက် စကားအတော်များများ ပိုပြောလိုက်ရသည်။ ပဲသီးကြော်ယူမည်၊ အရည်တွေမပါအောင် ခပ်ထည့်ပေးပါ။ အမဲသားကြော် ယူမည်၊ ဆီတွေ အများကြီး မပါပါစေနဲ့ ၊ ဆီစစ်ထည့်ပေးပါ။ ကြက်သားဟင်း ယူမည်၊ ဒါလည်း အနှစ်အများကြီး မထည့်ပါနဲ့ ၊ ဆီတွေ အများကြီးမထည့်ပါနဲ့ ။ ကြက်သားဟင်းတစ်ကော် ကော်ထည့် လိုက်သည်တွင် တော်ပြီ အစ်မ၊ ရပြီ၊ ထပ်မထည့်ပါနဲ့ တော့။ ထမင်းဆိုင်မှ ထည့်ပေးနေသည့် အစ်မကြီးအဖို့  ထူးဆန်းသွားသည် ထင်သည်။ သူက ထပ်ထည့်ပေးချင်နေသေးသည်၊ ရပြီ မထည့်ပါနဲ့ တော့ဟု ထပ်ပြောလိုက်ရသည်။ မတတ်နိုင် သူထပ်ထည့်လည်း ကိုယ်က ကုန်အောင် စားနိုင်မည် မဟုတ်သဖြင့် အပိုမဖြစ်စေချင်။ အရွက် တမျိုး၊ အသား တမျိုး တော်ရောပေါ့ဆိုလျှင် ဒီနေ့ အဖို့  ဗိုက်အတော် ဆာနေသည်။ အသား ၂ မျိုးလောက်တော့ စားသင့်နေသည်ဟု ယူဆမိသည်။

အိမ်ရောက်ပြီ။ ဟို အစ်မကြီးကို သတိ အလွန်ရနေသေးသဖြင့် ၀ယ်လာသော ထမင်းထုတ်ကို အရင် ဓာတ်ပုံရိုက် လိုက်သည်။ သူ့ ကို သတိရသဖြင့်သာ အခုလို ၀ယ်လာမိခြင်း ဖြစ်သည်။
From Everything
ဟို အစ်မကြီး ကျေးဇူးကြီးမား လှပေသည်။ ယခင်အခါများတွင် မြန်မာထမင်းဆိုင်မှ ထမင်းဟင်း ၀ယ်စားသည့် အခါတိုင်း ထမင်း၊ ဟင်းအရွက် တမျိုး၊ အသား တမျိုး၊ ဒါမှမဟုတ် နှစ်မျိုးကို သီးသန့် စီ ၀ယ်ယူလေ့ရှိသဖြင့် စင်္ကာပူဒေါ်လာ ၆ ဒေါ်လာ မှ ၈ ဒေါ်လာ အတွင်း ကျလေ့ရှိနေရာမှ ယနေ့ တွင်မူ စင်္ကာပူဒေါ်လာ ၄ ဒေါ်လာသာ ကုန်ကျခဲ့ သဖြင့် တစ်ဝက်နည်းပါးမျှ အကုန်အကျ သက်သာသွားခဲ့သည်။

ဟင်းဆီ၊ အနှစ်များ၊ အရည်များ မပါအောင် ပြောပါသော်လည်း ထမင်နှင့် ဟင်းများ ရောထည့်ခြင်း အကျိုးဆက်ကြောင့် ရှောင်လွှဲမရ၊ အတော်များများတော့ ပါလာသည်။ ကိစ်စ မရှိပါ။ ဒီနေ့ အဖို့  သည်းခံနိုင်သည်။ ထမင်း အောင်ပိုင်း၊ ဆီဝပ်နေသောနေရာကို ချန်လှပ်ပြီး စားသောက်လိုက်ပါသည်။
From Everything
ဒီနေ့ ညစာ စားသည့်ပမာဏ အနည်းငယ်များသွားသဖြင့် အစားကြေဆေးပါ စားထားလိုက်သည်။ ကြိုတင် အစားထားပါက ညနက်ပိုင်းတွင် ဗိုက်အောင့်မှု့  ဝေဒါနာကို ခံစားရမည်မှာ သေချာသလောက်ရှိနေပါသည်။ ဟို အစ်မကြီးကို သတိရနေပါသေးသည်။

6 comments:

  1. ဟိုအစ်မကြီးကို ဟိုအစ်ကိုကြီးထက် ပိုသတိရနေပါလား
း)
    မမွန်

    ReplyDelete
  2. အင်း... အစားအသောက်ထက် အစ်မကြီးဆိုတာပဲ စိတ်ဝင်စားတယ်။ ဘူပါလိ့မ်။

    ReplyDelete
  3. အဟဲ။ အားပေးတာ ကျေးဇူး။ :)

    ReplyDelete
  4. မနေကိုလည်း သတိရပါသည် =)

    ReplyDelete
  5. သတိရသူများကို သတိရနေပါတယ် :D...

    ကို ZT.. လူသိတယ်မဟုတ်လား၊ ကျေးဇူးတင်ရင် နောက်တခါတွေ့ တဲ့ အခါ လျှော့ယူပါ။ (ပိုထည့်ပေးလို့ မပြောဘူး၊ စားလို့ ကုန်မှာမဟုတ်လို့  :D) ဒီနားမှာရှိတဲ့ မြန်မာဆိုင်နှစ်ဆိုင်မှာ ကို ZT တို့ ( အောင်မြန်မာထမင်းဆိုင်) က ဟင်းတွေက ပိုစားကောင်းတယ်။ သွားရတာ နည်းနည်း ဝေးပေမယ့် အမြဲအဲဒီကပဲသွားဝယ်စား ဖြစ်ပါတယ်။

    ReplyDelete