Pages

April 24, 2010

1st Day of GODC

(Saturday) 24th April 2009 - 6:00 PM

သတ်မှတ်ထားချိန်ထက် ၁၀ မိနစ်တိတိ စောပြီး အလုပ်ရောက်ကြောင်း သတင်းပို့ ခဲ့ပါတယ်။ အခုလက်ရှိ ဘာမှလုပ်စရာမရှိပါ။ ဟိုဘက်က အဆင်သင့်ပြီးပြီဆိုမှ ဒီဘက်ကနေ လုပ်စရာရှိတာတွေ စလုပ်ရမှာပါ။ ဘယ်လောက်ကြာကြာ နေရမလဲ မသိပါ။

ဒီတော့ Laptop ယူလာပါတယ်။ အခုဆို ဖုန်းနဲ့ ချိတ်ပြီး အင်တာနက် ၀င်ထားပြီး ပါပြီ။ ဟုတ်ကဲ့ ... ဂျီတော့လည်း ၀င်ထားပါတယ်။ ဖေ့ဘုတ်လည်း ဖွင့်ထားပြီး ပါပြီ။ ဂိမ်းမဆော့နိုင်ပါ။ ဘာဆက်လုပ်ရမလဲဆို ဗိုက်ဆာနေသည့်အတွက် အ၀င်ဝမှာတွေ့ ခဲ့ရသော ကြိုက်သလောက်စားညစာ သွားယူ စားပါမယ်။
From Everything

ထမင်းသွားစားတယ်။ စားလို့  မကောင်းဘူး။ ပုဇွန် မပါလို့ ထင်တယ်။ ဒါပေမယ့် ထည့်ထားတာလေးတော့ ကုန်အောင် စားလိုက်ပါတယ်။ အသားက ဆိတ်သားနဲ့  ကြက်သား၊ ငါးနဲ့  ကင်မွန် အစာသွပ်ပါတယ်။ ထူးထူးဆန်းဆန်း ကြက်ဥအလုံးလိုက် ချက်ထားတာတွေ့ တယ်။ အလုပ်လုပ်တဲ့ သက်တန်း တစ်လျှောက် စားဖူးသမျှ ဘူဖေးတွေထဲ ကြက်ဥချက်ထားတာပါတာ ဒါဟာ ပထမဆုံးပဲ။ စားပြီး ဓာတ်ပုံတင်မလို့ ပုံပြင်နေတုန်း တစ်ယောက်က အပြင်ခနသွားရအောင် လာခေါ်တာနဲ့  လိုက်သွားဖြစ်တယ်။
From Singapore
အောက်ဆင်းပြီး လမ်းလျှောက်သွားတော့ ရေပန်းနားမှာ ထူးထူးဆန်းဆန်း ပိတ်ကားကြီး ထောင်ထားတာတွေ့ လို့  ဓာတ်ပုံရိုက်လိုက်တယ်။ အပြန်မှာကြည့်တော့ မလေးရုပ်ရှင် အဖြူအမဲ ဇာတ်ကားတစ်ကား ပြနေတယ်။ ကြည့်တဲ့သူတွေ ရှိတယ်။ ပုံမှန်ပြလေ့ရှိလား၊ တစ်ခုခုကြောင့် ပြနေတာလား ဘာမှန်းမသိဘူး။ တစ်ပတ် ၅ ရက်လာနေရတဲ့ နေရာ ကျန်တဲ့ နှစ်ရက် စနေ၊ တနင်္ဂနွေဆို ဒီဘက် ခြေဦးမှ မလှည့်ဖြစ်ခဲ့တာ။
From Singapore
မှောင်နေတယ်၊ မိုးလေးကလည်း ဖွဲဖွဲရွာနေတယ်။ လေကလည်း တိုက်နေတယ်။ အဲဒီအချိန် ခုလိုပိတ်ကားထောင်ပြီး ရုပ်ရှင်ကြည့်နေတာ ဘယ်လိုနေမလဲမသိဘူး။ ဟိုတနေ့ ကကြည့်ဖြစ်တဲ့ မြန်မာရုပ်ရှင်ကားအဟောင်းတွေတောင် ဒီလို ကြည့်ချင်စိတ်ပေါက်သွားတယ်။

8:15 PM - ခုရေးနေတုန်း ကြာအုံးမယ်လို့  လာပြောတယ်။ ဟုတ်လားပေါ့။ ဘာပြန်ပြောလို့  ရမှာလဲ။ စောင့်ယုံရှိတာပေါ့။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ သတ်မှတ်ထားတဲ့ အစီအစဉ်ထဲက အချိန်ထက် ၂ နာရီနောက် ကျနေပြီလို့  ပြောသွားတဲ့အတွက်.. ပြန်ရဖို့ မှန်းထားချိန်ထက် ၂ နာရီနောက်ကျပြီးပြန်ရမှာ သေချာသွားပြီ။

11:00 PM - Firewall ပြဿာနာတတ်နေတယ် ပြောတယ်။ အဆင်ပြေသွားမယ် မျှော်လင့်ရတာပဲ။
From Everything

ပျင်းလာတာနဲ့ စားစရာသွား ယူတယ်။ စားစရာတွေအများကြီးကျန်သေးတယ်။တခြားဟာတွေ မစားချင်တာနဲ့  ထိပ်ဆုံးအိုးကြီးထဲက အရည်ပျစ်ပျစ်တွေကို မြည်းကြည့်တယ်။ ကောက်ညှင်း ငချိတ်တွေပဲ။ အဲဒီလောက်အထိ ပျော့ပြဲပျော်သွားအောင် မလုပ်ပဲ ပေါင်းပြီး စားတော်ပဲပြုတ်လေးနဲ့  ဆို အတော် စားကောင်းမယ်။ ငါးရံ့ခြောက်ဖုတ် ဆီးဆမ်းလေး အပိုပါလိုက်ရင် အတိုင်းထက်အလွန် ဖြစ်သွားမယ်။ အခုဟာက အရသာ မရှိဘူး။ အုန်းနို့ ထည့်စားတာတောင် ပေါ့ရွှတ်ရွှတ်နဲ့ ။ ထည့်လိုက်မိသလောက်ကိုတော့ ကုန်အောင်စားလိုက်ပါတယ်။
From Everything

11:30 PM - ကော်ဖီ၊ လက်ဘက်ရည် နဲ့  မုန့်  လာယူပါတဲ့။ အဲဒါတွေ မသောက်ဘူးဆိုတော့ မိုင်လိုရှိတယ်၊ ညဘက် ဗိုက်ဆာနေလိမ့်မယ် သွားယူလိုက်တဲ့။ ထူးဆန်းသွားလို့  သွားကြည့်တာ အလုပ်ထဲက စက်ကမဟုတ်ဘူး၊ အထုတ်တွေကိုဖျော်ပေးတာမဟုတ်ဘူး၊ အပြင်ကမှာပေးထားတာပဲ။ မိုင်လို တစ်ခွက်ယူခဲ့တယ်။ ဘီစကစ်၊ ပန်းသီး၊ ရှောက်ချိုသီး ရှိတယ်၊ ခေါက်ဆွဲထုတ်ဘူးတွေလည်း ရှိပါတယ် ၊ ဗိုက်ဆာတဲ့ အချိန် လာယူစားကြပါတဲ့။ အင်း.. အခု ကိစ္စအတွက် Budget သတ်မှတ်ချက်က အတော်များတယ်ဆိုတာ ဟုတ်ပေမယ်။

အလုပ်ကိစ္စလား၊ အဆင်မပြေသေးဘူး ပြောတယ်။ အီးမေး အလုပ်လုပ်နေတယ်၊ အင်တာနက် ရနေတာကလွဲရင် တခြားဟာတွေ မရသေးဘူး။ အေးဆေးပေါ့။ ကိုယ်တို့ ရှုပ်ရမယ့် အချိန် မရောက်သေးဘူး။

3:00 AM - လုပ်တုန်းပဲ။

5:00 AM - ကိုယ်တွေလုပ်စရာ တစ်စိတ်တစ်ပိုင်းတော့ ပြီးသွားပြီ။ ကျန်နေသေးတဲ့ အပိုင်းက ဘာမှ ဆက်လုပ်လို့  မရဘူး။ ဒါပေမယ့် ပြန်လို့ မရသေးပါ။ မျိုးကြီးသီချင်း ဖွင့်ရမယ့်အချိန် ပြန်ရောက်သွားပြီ။
ရှာနေတယ်။ ရှာနေတယ်။ တွေ့ ပြီလား။ တွေ့ ပြီလား။


7:45 AM - အိမ်ပြန်ရောက်ပြီ။ အိပ်ချင်စိတ်မရှိဘူး။ ဒါပေမယ့် ညနေ အလုပ်ပြန်သွားရမယ်ဆိုတော့ အိပ်အုံးမှ ဖြစ်မယ်။

8 comments:

  1. ခုနတုန်းက ပုံမပါလို့ စားတဲ့ စားစရာပုံလေး တင်ပါဦး ပြောမလို့ အပြင်ခဏ ထွက်ပြီး မေ့သွားတာ။ ပြန်ကြည့်တော့ ပုံရောက်နေပြီ။

    :D

    ReplyDelete
  2. ထမင်းသွား ယူစားရတယ်လေ။ မစားခင် ဓာတ်ပုံရိုက်၊ စားပြီးမှ တင်လို့ တယ်။

    ReplyDelete
  3. စောင့်နေတုန်းဂိမ်းဆော့ပေါ့ ....:)

    ReplyDelete
  4. မမွန်ဆိုကြက်ဥတွေပဲ ထိုင်စားမိမလားမသိဘူး။ ကော်ဖီမသောက်ရင် ဒီဘက်ကို ပေးလိုက်ပါ။ ၃နာရီအထိအလုပ်လုပ်တော့ ဘယ်အချိန်အိပ်မလဲ.. နောက်ရက်အလုပ်ဆင်းရအုံးမှာလား။ ကျန်းမာရေး ဂရုစိုက်ပါ။

    မောင်...........
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မဟုတ်တဲ့..
းးးးးးးးးးးးးးးးးးးးးးးးးးးး
    မမမွန်

    ReplyDelete
  5. I saw you (a bit long hair) on 24th April with white dresses and deep color waist coat :P

    ReplyDelete
  6. technology အကြောင်းလေးဘာလေး ရေးပါအုံး
    အစားအသောက်တွေက ပျင်းစရာကြီး :D

    ReplyDelete
  7. နေနေ
    အဲဒီ ကောက်ညှင်းငချိတ်က သာခွေယိုင်ဆိုတာလေ..။ သူတို့ ဗားရှင်းက သိပ်မချိုဘူးရယ်..။

    mn

    ReplyDelete
  8. ဟိုဘယ်သူမှန်းမသိတဲ့တစ်ယောက်..
    တွေ့ တယ်ဆိုတာ မဟုတ်လောက်ဘူး။ ပြောထားသလို တခါမှ ၀တ်လေ့မရှိတဲ့အတွက် လူမှားနေတာ သေချာတယ်။

    သာခွေယိုင်ဆိုတာ အဲလိုခပ်ဆင်ဆင်ဆိုတာ ခုမှသိတော့တယ်။ အဲဒီနာမည် ကြားပဲကြားဖူးတာ ဘာမှန်းမသိဘူး။

    ReplyDelete