Pages

March 09, 2010

Your Smile Makes Me Smile

အပြုံးမရှိတဲ့ မျက်နှာ၊ ဒါမှမဟုတ် စိတ်ညစ်ညူးနေတဲ့ မျက်နှာတွေနဲ့  လူတွေကို ဆုံတွေတဲ့အချိန်မှာ ပြုံးပြဖို့ ဆိုတာ သိပ်မလွယ်လောက်ဘူး။ ဒါပေမယ့် ကြည်လင်စွာ ပြုံးနေသူတစ်ယောက်ကို ပြန်ပြုံးပြဖို့ ဆိုတာ သိပ်မခက်ဘူး ထင်ပါတယ်။ ဒီတော့ လူတစ်ယောက်ယောက်နဲ့  တွေ့ တဲ့အခါ ကိုယ်ကစပြီး စိတ်ကြည်ကြည်လင်လင် ပြုံးပြနှုတ်ဆက်မယ်ဆို သူ့ အတွက် ကိုယ့်ကို ပြန်ပြုံးပြနှုတ်ဆက်ဖို့  လွယ်ကူသွားစေမှာပါ။ အပြုံးဆိုတာ ကူးဆက်လွယ်တဲ့ အရာတစ်ခုပါ။ ကူညီတာ ကောင်းပါတယ်။

If someone is too tired to give you a smile, leave one of your own, because no one needs a smile as much as those who have none...

သူများတွေအတွက် မသိဘူး။ ကျွန်မ အတွက်တော့အတော်လေး မှန်တယ်။ တခါတလေ ကိုယ်ဘာသာ စိတ်ရှုပ်စရာတွေရှိနေလို့  ဟိုတွေးဒီတွေး ပြုံးဖို့ တောင်မေ့နေတဲ့ အချိန်တွေ၊ အလုပ်ပင်ပန်းလို့  မလှုပ်ချင်လောက်အောင် ဖြစ်နေတဲ့ အချိန်တွေ လမ်းမှာတွေ့ တဲ့ သူငယ်ချင်းတစ်ယောက်၊ အသိတစ်ယောက်၊ ဒါမှမဟုတ် အလုပ်သွားအလုပ် အပြန်လမ်းမှာ မျက်မှန်းတမ်းမိဖြစ်နေသူ တစ်ယောက်ယောက်၊ တစ်စုံတစ်ယောက်က နှစ်နှစ်ချိုက်ချိုက် ပြုံပြီးနှုတ်ဆက်လာတယ်ဆို သူတို့ ကိုပြန်ပြုံးပြရင်း စိတ်ညစ်ညူးတာတွေ လျှော့သွားသလို ခံစားရတယ်။

ကိုယ်ကအပြုံးနဲ့ နှုတ်ဆက်လို့  တဘက်က ပြန်ပြုံးမပြဘူးဆိုလည်း စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ ။ တခါတလေ လူတွေမှာ ပြုံးဖို့ တောင် အင်အားမရှိတဲ့ အနေအထားမျိုး ရောက်နေတတ် ဆိုတာလေးသာ သတိရလိုက်ပါ။

သာမန် အချိန်ဆိုရင်တော့ ကျွန်မက စပြီး ပြုံးပြနှုတ်ဆက်ဖို့  မမေ့ပါဘူး။ နောက်ဆို ကျွန်မကို အပြင်မှာ သိတဲ့သူတွေ လမ်းမှာတွေ့ ရင် ပြုံးပြီးနှုတ်ဆက်ဖို့  မမေ့ကြပါနဲ့  ။ ကူညီရာ ရောက်ပါတယ်။ ;-) ပြန်ပြီး ပြုံးလို့  နှုတ်ဆက်ခြင်း မရှိရင်လည်း စိတ်မဆိုးပါနဲ့ ၊ မမြင်လို့ ပါ။ ခုနောက်ပိုင်း မျက်မှန်မပါလည်း မမြင်၊ မျက်မှန်ပါလည်း မျက်မှန်နဲ့ ကျင့်သားမရတဲ့ အတွက် ဘာမှသိပ်မမြင်ဘူး ဖြစ်နေတယ်။

6 comments:

  1. you could make my life worth while i can make you start to smile :D

    ReplyDelete
  2. your ma yan thee make me cry
    !_!
    ma mon

    ReplyDelete
  3. ဒီကလဲ ကူညီတတ်ပါတယ်... :))))
    ကိုယ်ကတော့ ရယ်သည်ဖြစ်စေ..မရယ်သည်ဖြစ်စေ... မျက်နှာကြည်ကြည်လေးတွေမြင်ရင်ကို...စိတ်ထဲကြည်သွားတာ...

    ReplyDelete
  4. sis ရေးပြီးသွားပြီ sis လိုပဲ ၁ခါ၁လေ ကိုယ်ရှေ့လာရီပြရင်တောင် ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ မမြင်ဘူး။ အဲဒီတော့ ကိုယ့်ကို အများက ၁မျိုးမြင်လာတယ်။ ၁ချို့ကျတော့လည်း ကိုယ်ကတွေ့လို့ရီပြရင်တောင် မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်သွားတဲ့သူတွေလည်း ၁ပုံကြီး

    ReplyDelete
  5. ကလေးပုံလေးတွေကြည့်ချင်ရင် FB မှာရှိပါတယ်။ Add လိုက်လေ။ sis e-mail ကိုရှာကြည့်တာ မတွေ့လို့ပါ။ gmail မဟုတ်ဘူးထင်တယ်

    ReplyDelete