Pages

March 18, 2010

18 March 2010

ဒီနေ့ . အလုပ် မသွားပါ။ မိုးရွာသောကြောင့် အလုပ် မသွားခြင်း မဟုတ်ရပါ။ မနက်ပိုင်းက နေသာပါတယ်။ ပြီးမှ မိုးတွေ ရွာလာတာ။ ဒီနိုင်ငံက မိုး အစိုးမရဘူး။ ရွာချင်တဲ့အချိန် ရွာတာပဲ။ တနေကုန် မိုးလေး စိမ့်စိမ့်နဲ့  အိပ်လို့ ကောင်းကောင်း နဲ့  အိပ်လိုက်တာ အခုမှ နိုးတယ်။ နေ့ လယ်ပိုင်းက ထမင်းစားထွက်ရင် ဒီနားတစ်ဝိုက် ဓာတ်ပုံတွေ လျှောက်ရိုက်တယ်ထားတာ ဒီနေရာမှာ တင်ဦးမလို့ ပဲ။ ပုံတွေ ကွန်ပြူတာထဲ ကူးထည့်ပြီး အိပ်ချင်စိတ်က တားမရတာနဲ့  အိပ်ဖြစ်သွားတယ်။

ပုံတွေက မထူးဆန်းပါဘူး။ လမ်း တစ်လျှောက်တွေ့ တာတွေ ရိုက်လိုက်တာ။ လမ်းလျှောက်ရင်း ရိုက်တာဆိုတော့ အရမ်းတော့ နည်းနည်းတော့ စွေတာစောင်းတာလေးတွေ ရှိတာပေါ့။ မိုးလည်းရွာ အလုပ်လည်းသွားနေကြလို့ ထင်တယ် လူရှင်းတယ်။

From Singapore
အမ်အာတီ။ ရထားစီးတာ အဲဒီမှာ။ လူရှင်းနေတယ်။
From Singapore
လူသိပ်မရှိဘူးဆိုပေမယ့် မှတ်တိုင်နေရာမှာ ကားစောင့်နေတဲ့သူတွေများတဲ့အတွက် ဒီနားကပဲ ဓာတ်ပုံရိုက်လိုက်တယ်။
From Singapore
ခုတော့ လူရှင်းတယ်။
ကားမှတ်တိုင်ရှေ့ နဲ့  အဲ့ဒီနေရာက ညနေပိုင်းဆို လူသိပ်များတဲ့နေရာ။
မိုးရွာရင် လမ်းမှာ ရေအိုင်နေတတ်လို့  အတော်လေး သတိထားသွားရတယ်။

From Singapore
Taxi စောင့်တဲ့နေရာ။ ဒီထက် အနားတိုးပြီးရိုက်ချင်တာ ကိုယ်ဓာတ်ပုံရိုက်တာကို ဘေးမှာ ရပ်နေတဲ့သူတွေ ကြည့်နေလို့  ရှိုးတို့ ရှန်းတန်း တမျိုးဖြစ်သွားပြီး ဒီလောက်ပဲ ရိုက်ဖြစ်ခဲ့တယ်။
နောက်ဆို ဒါမျိုး အဖြစ်မခံဘူး၊ ဘာဖြစ်နေနေ ကိုယ်ရိုက်ချင်တာ ရအောင် ရိုက်မယ်။

From Singapore


ဒီဆိုင်က ဈေးပေါတယ်။ နည်းလည်းနည်းတယ်။ ထမင်းသိပ်မစားချင်တဲ့ နေမျိုး အဲဒီက ၀ယ်စားဖြစ်တယ်။
From Singapore
ဒီနိုင်ငံ ထုံးစံ၊ ဟိုပြင်ဒီပြင် ဟိုဆောက်ဒီဆောက် လုပ်နေတဲ့ အတွက် အကာအရံတွေ နဲ့  ဖြစ်နေတယ်။
From Singapore

From Singapore
စားသောက်ဆိုင်တွေနဲ့  ဈေးကိုလည်း ပြင်ဖို့  ပိတ်ထားတာတွေ့ တယ်။
From Singapore
အပင်ကြီးတွေနဲ့ မို့  ဒီနေရာလေးကို သဘောကျတယ်။ ထိုင်ဖို့ တော့ စိတ်မ၀င်စားဘူး။ ငှက်တွေပေါတော့ ကြောက်ရတယ်။
From Singapore

အဲဒီမှာ ရှိတဲ့ မြန်မာဆိုင်မှာ စားစရာသွားဝယ်တာပါ။
From Singapore

အဲဒီက မုန့် ဟင်းခါး ကောင်းတယ်။ ကိုယ်ကြိုက်တဲ့ပုံစံဆိုတော့ အမြဲစားဖြစ်တယ်။ တစ်ပွဲမှ S$2.50။ အုန်းနို့ ခေါက်ဆွဲ၊ အသုတ်တွေလည်း ကောင်းတယ်။ ဟင်းချက်တာလည် မဆိုးဘူး သူငယ်ချင်းတွေက ပြောပါတယ်။ ကျွန်မကတော့ ထမင်းဟင်း စားခဲတယ်။ စားလည်း အခြောက်အခြမ်း ဆိုတော့ အရသာ သိပ်မသိဘူး။ ဒီနေ့ ကလည်း ထမင်းမစားချင်လို့  မုန့် ဟင်းခါးသွား ၀ယ်စားတာပါ။ အဲဒီဆိုင် ရောက်တိုင်း ဟိုးအဝေးတနေရာက အစ်မကြီးကို သတိရမိပါတယ်။ သူကလည်း မုန့် ဟင်းခါး ကြိုက်တယ်လေ။

အပြန်လမ်းမှာတော့ ဖုန်းကတစ်ဖက်၊ အစားအသောက် ထုတ်တွေက တစ်ဖက်နဲ့  လက်နှစ်ဖက်လုံး မအားတဲ့အတွက် ဓာတ်ပုံ မရိုက်နိုင်တော့ဘူး။ ဒီနေ့ အတွက် ဒီလောက်ပဲ။ နောက်နေ့ မှ လမ်းသွားရင်း ရိုက်ဖြစ်သမျှ သူများတွေ မြင်အောင် ပြအုံးမယ်။ မဟုတ်ရင် ဘယ်သူမှ ကြည့်ခွင့်မရ ကွန်ပြူတာထဲ အလကား ဖြစ်နေမှာ။

* * * * * * * * * * * * * * *

Update : အစ်မကြီး မခင်ဦးမေ တောင်းဆိုချက်အရ Google လုပ်ပြီး လိပ်စာလေးရှာ ထည့်ပေးလိုက်ပါတယ်။ သွားစားဖြစ်အောင် သွားစားပါ။ ပြီးရင် ဓာတ်ပုံလေး ရိုက်ပြီး ပြပါ။ ဒီအောက်ကလင့်မှာ အဲဒီဆိုင်အကြောင်း တခြားတစ်ယောက် ရေးထားတာ ဖတ်ကြည့်လို့ ရတယ်။
Aung Myanmar Food ( By aromacookery.com)
Aung Myanmar Food
San Po Food Court
Blk 432, Clementi Ave 3 #01-296.
Singapore 120432
From Everything

17 comments:

  1. ကလန်းမန်းတီး
    အမ်အာတီနား
    ဘတစ်ကာကးဂတ် ဘတစ် ၉၆ သည် NUS သို့
    တက္ကစီစတန်းသို့သွားရာလမ်းပေါင်းမိုး.
    မက်ဒေါနယ်နား
    တိုက်နစ်ခုကြားထဲက လမ်း
    ရေကူးကန်အားကစားရုံနား
    မုန့်ဟင်းခါးဆိုင်လိပ်စာပေးပါ.မစားဘူး.မသိသေးပါ
    အဝေးကလူဘဲမလွမ်းပါနဲ့ အနီးကလူလည်းမုန့်ဟင်းခါးကြိုက်ပါသည်။

    ReplyDelete
  2. I went that link i got many virus.. If you don't mind please check.. thanks

    ReplyDelete
  3. ဘယ် Link က Virus ရှိတယ် ပြောနေတာပါလဲ။ ဒီ ပိုစ့်က Link က Food တွေအကြောင်းတင်တဲ့ AromaCookery – A scent-suous Singapore food blog ပါ။
    There is no virus in that blog link.

    ReplyDelete
  4. Clementi သူကိုး...

    SDL

    ReplyDelete
  5. အဲဒါ ဇက်တီအစ်ကိုဆိုင်လေ။ အဲဒိပုံထဲကသူက အဲဒီလူကြီးပေါ့။ အဟီး ဖွလိုက်တယ်။
    မမွန်

    ReplyDelete
  6. အဲနေရာတွေ သိတယ် =D

    ReplyDelete
  7. clementi ကို လွမ်းလိုက်တာ :(

    ReplyDelete
  8. ပြန်လာကြည့်တယ်။

    ReplyDelete
  9. ဆိုင်မှာ ဒီတစ်ပတ်နှစ်ပတ်အတွင်း မနေနေကို တွေ့လိုက်တယ်။ မေမိုးတို့ စုံတွဲလည်း တွေ့လိုက်တယ်။ မဂျစ်တူး(မုံရွာ) လည်း တွေ့လိုက်တယ်။ မဆင်ဆင်လည်း ဆိုင်မှာ လာစားဖူးသလား မသိ။ တွေ့ဖူးသလိုပဲ။

    ReplyDelete
  10. လူမွှားနေဒယ်... ကိုဇက်တီ.. ညှင်းညှင်း ...

    ဆင်ဆင်

    ReplyDelete
  11. ဟာ.. ခေတ်မှီအောင် သွားစားမှဖြစ်တော့မယ်။ ဒါပေမဲ့ ခုတလော ကလီမန်းတီး မရောက်ဖြစ်ဘူး၊ ဒီလစ်ဗရီရှိသလား.. ဟီးဟီး။

    ReplyDelete
  12. ခေတ်မှီသူတိုင်း အောင်မြန်မာစားသောက်ဆိုင် တွင် စားကြသည်။ ဟီးဟီး။

    ReplyDelete
  13. ဟီးဟီးဆိုတာ ဘယ်သူလဲ ပေါက်လား.

    ReplyDelete
  14. delivery က ရီရွန်တော့ရှိမယ်မထင်. ဘတုတ်လောက်ဆို ဟုတ်တုတ်တုတ်..

    ReplyDelete
  15. Bedok Delivery ဆိုလဲ မဆိုးလောက်ဘူး။
    ညှင်းညှင်းညှင်း
    (မိတင်ဇာအေး ရယ်သံဖြစ်သည်။ ခဏငှားသုံးထားသည်။)

    ReplyDelete
  16. ဟင်းတွေက ဆီအရမ်းများတယ် :D

    ReplyDelete
  17. ဖွင့်ပွဲနေ့က သွားတီးဖူးတယ် .. :p
    နောက်တော့ မရောက်ဖြစ်ဘူး။

    ReplyDelete