Pages

March 31, 2010

တွေးမိပါတယ်..

She ဆိုတဲ့ သီချင်းကို နားထောင်ရင်းနဲ့  Notting Hill ထဲက ဈေးတန်းလေး ကြည့်ပြီး ကျောင်းပိတ်ရက် လန်ဒန် မှာနေဖြစ်တုန်းက အချိန်တွေကို သတိရသွားတယ်။ အဲဒီနှစ်တွေက ဘလော့မရေး ဖြစ်သေးတာ နာတယ်၊ မဟုတ်ရင် ဟိုလျှောက်ရေး ဒီလျှောက်ရေးနဲ့  ဒီထက် အများကြီး ရေးဖြစ်မှာ။ ရေးဖြစ်ခဲ့ရင် နောက်တစ်ချိန်မှာ ပြန်ဖတ်စရာတွေလည်း အများကြီး ရှိနေမှာ။ အဲဒီအချိန်မှာ တွေ့ ကြုံခဲ့ရတဲ့ အပြောင်းအလဲက ကွာခြားချက်က အရမ်းကြီးတယ်လေ။ အရာရာတွေ့ သမျှ မြင်သမျှ အသစ်အဆန်းတွေ၊ နယ်မြေသစ်၊ ပတ်ဝန်းကျင်အသစ်၊ ပေါင်းသင်းဆက်ဆံရတဲ့ သူတွေကလည်း အသစ်တွေ။ တခါမှ မကြုံဖူးတာတွေ ကြုံတွေ့ ရတယ်။ အဲဒီတုန်းက အခုလို အတွေ့ အကြုံ မှတ်တမ်းမျိုးသာ ရေးဖြစ်ခဲ့ရင် လေ့လာစူးစမ်းစပ်စုမှု့ တွေလည်း ပိုပြီး လုပ်ဖြစ်ခဲ့မယ် ထင်တယ်။ ကျောင်းသားဘ၀ဆိုတော့ အားတဲ့ အချိန်လည်း များတယ်။

အခုအချိန်မှာ အဲဒီတုန်းက ကြုံခဲ့ရတာတွေ ပြန်စဉ်းစားတဲ့အခါ အကုန်လုံးကို ဘယ်မှတ်မိနိုင်တော့မလဲ။ နောက်ဆို ဒီထက်ပိုပြီး မေ့ကုန်မယ်။ တွေးနေမိပါတယ်..

4 comments:

  1. ခုချိန်ကစပြီး မမေ့အောင် အကုန်ချရေးထားမှ ကောင်းမယ်ထင်တယ်နော် ... :)

    ReplyDelete
  2. တခါတလေလည်း တွေးမိပါတယ်.. memory space တွေ size ပိုကြီးလာလို့များ လူတွေပိုပြီး မေ့တတ်လာကြတာလား လို့ ..
    ဘာပဲဖြစ်ဖြစ် မှတ်တမ်းလေးရှိနေတာ ကောင်းပါတယ်။

    ReplyDelete
  3. The Notebook ရုပ်ရှင်ထဲမှာ ပြောတယ်..
    And in a flash.. They are gone.. တဲ့။ (အစက ဘလော့ခေါင်းစဉ်မှာတောင် ရေးထားသေးတယ်။ နောက်မှ ရှူပ်လို့ ဖြုတ်ပစ်လိုက်တာ။)
    ရုပ်ရှင် တစ်ကားလုံးမှာ အဲ့ဒီစကားလေးပဲ မှတ်မိတယ်။ :)

    ReplyDelete
  4. မှတ်မိသလောက် ချရေးထားလေ မနေ။

    ကိုယ်လည်း အလယ်တန်း အထက်တန်း နေခဲ့ဖူးတဲ့ နေရာတွေ၊ သွားခဲ့ဖူးတဲ့ နေရာတွေအကြောင်း မေ့ကုန်ပြီ။

    ဒိုင်ယာရီ ရေးကျင့် မရှိခဲ့တာ...
    observation ညံ့တာ...
    ဘာမဆို မေ့လွယ်ပျောက်လွယ်တာ...

    အမှတ်တရတွေ တော်တော်များများ ပျောက်ကုန်ပြီ။

    ReplyDelete