Pages

March 08, 2010

မရမ်းသီး နောက်ဆက်တွဲ မရမ်းသီးသုတ်...

မနေ့ ညနေက မရမ်းသီးသုတ်

From Burmese Food

မရမ်းသီးနုနည်းနည်းကိုယူ ရေးဆေးပြီးတော့ ပါးပါးလှီး၊ ကြက်သွန်နီကိုလည်း ပါးပါးလှီးပြီးတော့ အနံ့ ပျောက်အောင် ရေဆေးထား၊ ဂေါ်ဖီကိုလည်း ပါးပါးလှီး၊ ပုဇွန်ခြောက်ကို မညက်တညက်လေး ထောင်း၊ အဆင်သင့်ရှိပြီးသား ငါးပိထောင်းက နည်းနည်း၊ ငရုတ်သီးအကျက်မှုန့် လေးထည့်၊ ပဲမှုန့် လေးထည့်၊ ကြက်သွန်နီ ဆီချက်လေးချက်ထားတာလေးထည့် ပြီး အားလုံးရောသုတ်။ ဆားတွေ ဘာတွေကတော့ ကိုယ်ကြိုက်သလောက် ထည့်ပေါ့။ ကျွန်မက အငန်သိပ်မစားတော့ ကျွန်မ ချက်တဲ့ အစားအသောက်တိုင်းက သူများတွေ အတွက်ဆို ပေါ့တာများတယ်။
From Burmese Food

ဒါက စားခါနီး အားလုံး ရောနယ်အပြီး တွေ့ ရတဲ့ပုံ။ ပုံတွေ မလှရင် ရိုက်တဲ့သူ အသုံးမကျလို့ လို့ သာ မှတ်လိုက်ပါ။ အရသာက တကယ်ကောင်းပါတယ်။ ဒါပထမဆုံး မရမ်းသီးနောက်ဆက်တွဲ ပေါ့။ နောက်ထပ် နောက်ဆက်တွဲတွေလာဦးမယ်...

ဒါနဲ့  အဲဒီ မရမ်းသီးသုတ်က ဘယ်သူ့ လက်ရာလို့  ထင်သလဲ။

3 comments:

  1. တော်တော်နှိပ်စက်တာဘဲ..
    ဒီမှာအလုပ်တောင်မလုပ်နိုင်တော့ဘူး..
    စားချင်လိုက်တာတအား....

    ReplyDelete
  2. ပုံကြည့်တာနဲ့တင် အာရုံကြောတလျှောက် stimulate ဖြစ်တွားပါဒယ်

    ReplyDelete