Pages

March 26, 2010

Breakfast @ TaungGyi

မြန်မာပြည်ပြန်တုန်းကပေါ့။ တစ်မနက် တောင်ကြီးမြို့  ကျိုင်းတုံ ရွှေညောင်ပင် ခေါက်ဆွဲဆိုင်မှာ မနက်စာစာ ဖြစ်ခဲ့သေးတယ်။ တကယ်ဆို အဲဒီမနက်ကလည်း အမေ့တူမ အိမ်မှာ မနက်စာ စားပြီးသား ဆိုတော့ ဗိုက်က မဆာဘူး။ ဒါပေမယ့် အဖေက ရောက်တုန်းလေး အပြင်မှာလည်း စားဖူးတယ်ရှိအောင် စားကြတာပေါ့ဆိုလို့  စားဖြစ်သွားတယ်။ စားလို့ ကောင်းတယ် ဆိုတာ ထူးပြီး ထပ်ပြောနေဖို့ တောင်မလိုဘူး။

ကြက်မှာ အရိုး.... (ဒီတစ်ပွဲစားလို့ အကောင်းဆုံးပဲ)
From Burmese Food
အဲ့လို အစားအစာတွေ စားနေတုန်းဆို အရမ်းကို သတိရပါတယ်။ အပိုပြောတာမဟုတ်ဘူး။ အစားကောင်း စားရရင် ချစ်သူခင်သူတွေကို သတိရတာ သဘာဝပဲ မဟုတ်လား။ ဒီအစားအသောက်တွေ အခုအချိန် လိုက်ဝယ် မကျွေးနိုင်ပေမယ့် အခု လုပ်ပေးနိုင်တာလေး တစ်ခုလုပ်ပေးထားပါတယ်။၊ ရှင်းရှင်းလင်းလင်း ကြည့်နိုင်ဖို့  ပုံတွေကို ခပ်ကြီးကြီး တင်ပေးလိုက်တယ်။

From Burmese Food


From Burmese Food


From Burmese Food



From Burmese Food


From Burmese Food


စားပြီးရင် ရှမ်းပြည်က ရေနွေးကြမ်းလေးသောက်လိုက်ပါအုံးလို့  အဖေက ပြောခဲ့တယ်
From Burmese Food

အဲဒီမနက်က စားသမျှ ဓာတ်ပုံ မရိုက်ဖြစ်ဘူး။ ကိုယ့်ရှေ့ မှာ မြည်းဖို့ လာပေးတဲ့ အစားအသောက်တွေပဲ ရိုက်ဖြစ်လိုက်တယ်။ အဖေတို့ က တစ်ဝိုင်းထိုင်တော့ အဖေတို့ စားတာတွေ မရိုက်ဖြစ်ဘူး။ နောက်ပြီး အစားအသောက် နာမည်တွေလည်း သေချာမ မမှတ်မိဘူး။ ထင်တာတွေရေးလိုက်တယ်။ တောင်ကြီးသူတောင်ကြီးသားတွေ နာမည်မှားနေတယ်ဆို ပြင်ပေးကြပါ။

From Burmese Food


From Burmese Food


From Burmese Food

11 comments:

  1. တအား အော်ငိုချင်လိုက်တာ !_!

    ReplyDelete
  2. မြန်မာပြည်ကကြက်ကလေးကလည်းပိန်လိုက်တာ
    ဒါပေမဲ့ မွေးရပ်မြေကိုတော့ လွမ်းတာပဲ
    ကြာပီ မရောက်တာ

    ReplyDelete
  3. စားချင်စရာလေးဟယ်..ရှမ်းခေါက်ဆွဲ ဆန်စီးနဲ့ ကြက်သားလေးနဲ့.. မုန်ညှင်းချည်လေးရယ်
    စားလိုက်လို့ရရှယ်။...ရေနွေးကြမ်းလေးပါသေး

    ReplyDelete
  4. အားယိုး... စားချင်လိုက်တာ..။ မနက်တိုင်းလိုလို စားနေကြ..။ ဟုတ်တယ် အဲဆိုင်က ကြက်ကတော့ အရိုးချည်းဘဲ..။

    ReplyDelete
  5. ထမင်းခြောက်ကြော်ကို ကျွန်မတို့ဘက်မှာ ဆန်လုံးစီကြော်လို့ခေါ်တယ်။ ကောက်ညှင်းပေါင်းကို အခြောက်လှန်းပြီး ဆီနဲ့ပြန်ကြော်ထားတာလေ...တာချီလိတ်က ဆန်လုံးစီကြော်ရဲ့အပေါ်မှာ ကြံသကာရည်ဖြူးထားတတ်သေးတယ်။ နောက်တစ်ခါ တောင်ကြီးရောက်ရင် ကောက်ညှင်းပဲပုပ် ဝယ်စားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ပဲပုပ်ချပ်ထဲမှာ ကောက်ညှင်းဆန်လေးတွေ ရောထည့်ထားတဲ့ ကောက်ညှင်းပဲပုပ်က ပဲပုပ်နံ့ကောက်ညှင်းနံ့ မွှေးမွှေးနဲ့ ဒီအတိုင်း ရေနွေးကြမ်းနဲ့ တွဲစားနိုင်ပါတယ်။ စားလို့အရမ်းကောင်းပါတယ်း) နန်းဓာတ်ပုံ မျက်စောင်းထိုးက ရှမ်းရိုးရာအစားအစာဆိုင်မှာ ဝယ်နိုင်ပါတယ်း)

    ReplyDelete
  6. ရွေညောင်ပင် နီးနီးလေးမှာ အထက်တန်းကျောင်းလေးကို ကောတွေ့မိသေးလားနေနေ။ အဲဒါ ကြည်တက်ခဲ့တဲ့ အထက(၆)ကျောင်းလေးပေါ့။

    ReplyDelete
  7. ကောက်ညှင်းပဲပုပ် စား....ဖူး.....တယ်....။
    * ကြုံတုန်း အတင်းဝင်ကြွားသွားတယ် * :)))
    ဒါနဲ့ စိမ်းစိမ်းလေးတွေကဘာတုန်း.....

    ReplyDelete
  8. စားချင်လိုက်တာ။
    ဒီက ကြက်ဝဝ အဆီထူကြီးတွေမစားချင်ဘူး၊
    မြန်မာပြည်က ကြက်ပိန်လေးစားချင်တာ၊


ှsdl

    ReplyDelete
  9. င၇ုပ်သိးစိမ်းရှာလကာ၇ည်အချဉ်

    ReplyDelete
  10. မုန်ညှင်းချဉ်ဘယ်နားရှာစားရပါ့??????????

    ReplyDelete
  11. တအားကိုသတိရသွားပါတယ် တောင်ကြီးသွားတိုင်း အဲ့ဒီမှာ မနက်စာစားဖြစ်တယ်....အတူသွားခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်းသတိရပါတယ်...။

    ReplyDelete