Buzz… Buzz… Buzz..
Google.. Google.. Google..
Buzz… Buzz… Buzz..
ဒီနေ့  အဖို့  နေရာတကာတွေ့ နေရတာ Buzz ပါပဲ။ တကယ်ဆို မနေ့ ကတည်းက စတယ်လို့ ပြောနိုင်တယ်။ ကိုယ်က အလုပ်မှာ ဆိုတော့ ညနေပိုင်းမှ တစ်ချက်ကြည့်ဖြစ်တယ်။ ဒါလည်း ဖုန်းကနေပဲ သုံးလို့ ရတယ်။ Gmail မှာ ပေါ်မလာသေးဘူး။ ညနက်ပိုင်းတစ်ချက် email ၀င်စစ်တော့ ၀င်ဝင်ခြင်းမှာပဲ Buzzကို ရောက်သွားတာ တွေ့ လိုက်ရတယ်။ ဟိုကြည့်ဒီကြည့် နည်းနည်း ကြည့်ပြီး စိတ်ထဲ သဘော သိပ်မတွေ့ သေးတာနဲ့  မနက်မှပဲ သေချာ စမ်းတော့မယ်ဆို ထားလိုက်တယ်။ဒီမနက် သေချာကြည့်မှာ Buzz ကို သုံးတာ Privacy အတွက် သိပ်မကောင်းတာ တွေ့ ရတယ်။ ဒါနဲ့  စမ်းမသုံးခင်မှာ သေချာလိုက်ကြည့်ဖြစ်ခဲ့တယ်။ အသစ်ဆိုတော့ စမ်းကြည့်ချင်တာပေါ့လေ။Google.. Google.. Google..
Buzz… Buzz… Buzz..

ကိုယ်ရဲ့ Follow လုပ်တဲ့ Info တွေကို သူများတွေကို မမြင်စေချင်ဘူးဆို အောက်မှာလို default check လုပ်ထားတာလေးကို uncheck လုပ်ပေးဖို့ လိုပါတယ်။

Click "View all and Edit" and uncheck the box..
Public မှာ ဘယ်လိုတွေ မြင်နေရတယ်ဆိုတာ သိချင်ရင် ကိုယ့် List မှာရှိနေတဲ့ လူတစ်ယောက်ယောက်ရဲ့ Profile ကို ကြည့်လိုက်ပါ။ အခု အချိန်မှာ လူ အတော်များများရဲ့ တွေက Public ဖြစ်နေတာတွေ့ မိတယ်။Profile လုပ်တုန်းက မသိလိုက်လို့  မပြောင်းလိုက်ရလို့  ကို သူများတွေ မမြင်အောင် ပိတ်ချင်တယ်ဆို Edit Profile မှာ သွားပြင်လို့ ရပါတယ်။ အောက်ကပုံကို နှိပ်ပြီး အကြီးချဲ့  ကြည့်ပါ။
Buzz ကို သဘောကျလို့  သုံးမယ်ဆို ကိုယ်ရေးတာတွေ အင်တာနက်ပေါ်မှာ လူတိုင်းကြည့်နိုင်တယ် ဆိုတာမျိုး မဖြစ်အောင် သတိထားကြဖို့ လိုပါတယ်။ Buzz မှာ Post လုပ်တဲ့ အခါ ဘယ်လို တင်မယ်ဆိုတာကို ဒီလိုမျိုးလေး ရွေးလို့ ရပါတယ်။
ကိုယ်မသိလိုက်လို့  ကိုယ် Information တွေသူများတွေ သိသွားရတယ် ဆိုတာ မကောင်းဘူး။ ဒါတွေ အရေးမကြီးဘူး လူတွေသိလေ ပိုကောင်းလေ ဆိုရင်တော့လည်း ဒါတွေ ဂရိုစိုက်နေစရာမလိုဘူးပေါ့လေ။Buzz Buzz Buzz..
နောက်ပြီး အစက မသိလို့  လူတိုင်းကို Follow လုပ်ခွင့်ပေးလိုက်မိတယ်၊ ခု သိသွားပြီ၊ Follow လုပ်ခွင့်မပြုချင်တော့ဘူး ပြန်ဖြုတ်ချင်တယ်ဆိုရင်လည်း Block လုပ်လို့ ရပါတယ်။ Block လုပ်ချင်သူရဲ့ Profile ကိုသွားကြည့်လိုက်ရင် ဒါမျိုးလေးတွေ့ ရမယ်.... Block နှိပ်လိုက်ရင်ရပြီ...
လက်ရှိ Gmail မှာ Buzz က Default အနေနဲ့  ပေါ်နေပါတယ်။ ဘယ်လောက်တောင် Buzz နေတယ်ဆိုတာ မျိုးပြပေးတယ်။
မသုံးချင်ဘူး၊ မကြိုက်လို့  ဖြုတ်ထားချင်တယ် ဆိုလည်း အလွယ်တကူ ဖြုတ်ထားလို့  လုပ်ထားလို့ ရပါတယ်။ Gmail Page ရဲ့ အောက်ဆုံးမှာ Turn Off Buzz ဆိုတာလေးရှိပါတယ်။
ခုတော့ ဒီလောက်ပါပဲ။ အနားယူဖို့  အချိန်ရောက်ပြီ။ လိုတာ ပိုတာ ထပ်သိတာ ရှိရင် နောက်မှပြင်တော့မယ်။

ပို့စ်အတွက်ကျေးဇူးပါ အမ ညီမလဲ Buzz ကိုမကြိုက်ဘူး :)
ReplyDeleteကျေးဇူး နေနေ.. ဂူးဂဲ ကြီးကို ယုံမိ လို့ မပုံအပ် မိအောင် နေမှပဲ..း)
ReplyDeleteဖေ့ဘွတ်က တမျိုး. ဂျီတော့က တမျိုး..အခု ဘဇ်.. အလုပ်လုပ်ချိန်ရော ရှိပါဦး မလားးး
ReplyDeleteမနေနေနိုင်ဘလော့က ဒီအကြောင်းလေးကို လင့်နဲ့တကွ ကျနော့်ဘလော့မှာ ဖော်ပြထားပေးပါတယ်။ခွင့်ပြုပါနော်.
ReplyDeleteတို့လဲမကြိုက်ဘူး turn off လုပ်လိုက်ဘီ။
ReplyDeleteThank you for Buzz info...
ReplyDeleteI am thinking to turn off it. :))