Pages

January 13, 2010

Strawberry from Shan State

Strawberry Basket from Kalaw Market
From Strawberry

Strawberry from TaungGyi
From Strawberry

ရှမ်းပြည်ဘက်ရောက်တုန်း စားခဲ့ဖူးတဲ့ စတော်ဘယ်ရီ။ သဘာဝ အသီးတွေလို့ ပြောရမယ် နီနီရဲရဲ အလုံးသေးသေးလေးတွေ နဲ့  နူးညံ့တယ်။ အကြမ်းပတမ်း မခံဘူး။ ဒါပေမယ့် အရသာရှိတယ်။ ကလောမှ ၀ယ်စားတုန်းကတော့ ရေဆေးပြီး ဒီတိုင်း စားဖြစ်ခဲ့တယ်။ နည်းနည်းလေးချဉ်တဲ့ အရသာလေးရှိပေမယ့် စားလို့  ကောင်းတာပဲ။ တောင်ကြီးရောက်တော့ ကိုယ်တို့ တွေ စတော်ဘယ်ရီ ကြိုက်ကြမှန်းသိတဲ့ အတွက် ဖျော်ရည်လုပ်ပေးတယ်။ ဖျော်တာလည်း သဘာဝအတိုင်း၊ အသီးတွေကို ရေဆေး၊ အညှာလေးတွေ ချွေ၊ နို့ ဆီထည့် ၊ ဇွန်းနဲ့ ခြေ၊ ရေခဲသေတ္တာထဲထည့်ထား၊ သောက်ချင်တဲ့အချိန်မှ ထုတ်သောက်ယုံပဲ။ နူညံ့နေတော့ ဇွန်းလေးနဲ့ ခြေထားတာက အနေတော်ပဲ။ ရန်ကုန်မှာလည်း တခါတလေ အဲလို စတော်ဘယ်ရီသီး သေးသေးလေးတွေ ခြင်းလေးတွေနဲ့ ထည့်ရောင်းတာ ရတတ်တယ်။ ဒါပေမယ့် မတူဘူး။ ကလောတောင်ကြီးက နူးညံပြီး အနံအရသာနဲ့ ပြည့်စုံတဲ့ စတော်ဘယ်ရီတွေကို ပိုကြိုက်တယ်။

5 comments:

  1. အားပါး ...အနံ့ လေးတောင်ရလာသလိုပဲ

    ReplyDelete
  2. အသေကြိုက်တာ..
    အဲဒီလိုတစ်ဇလုံဆို တစ်ယောက်ထဲ အသာလေးပဲစားနိုင်တယ် :P

    နိုင်ငံခြားမှာ မြင်ဖူးတဲ့စတော်ဘယ်ရီတွေက
    ကြီးပြီး မာဆတ်ဆတ်နဲ့ အလုံးလှပေမယ့် မချိုဘူး။

    စတော်ဘယ်ရီရာသီရောက်ရင် တောင်ကြီးလာခဲ့ပါလား
    စတော်ဘယ်ရီခြံအထိ ကိုယ်တိုင်ခူး၊ ကိုယ်တိုင်စားနဲ့ တစ်ခြင်းကိုဘယ်လောက်ဆိုပြီး ရောင်းတာရှိတယ်.. ခြံအထိဆိုရင် ဈေးပိုပေါတယ်း)

    ReplyDelete
  3. တခြင်းလောက်..ပို့လိုက်ပါ နေနေ။ ရန်ကုန်မျာ ခြင်းပိစိလေးတွေနဲ့ ရောင်းတာနော်။

    ReplyDelete
  4. " အသီးတွေကို ရေဆေး၊ အညှာလေးတွေ ချွေ၊ နို့ ဆီထည့် ၊ ဇွန်းနဲ့ ခြေ၊ ရေခဲသေတ္တာထဲထည့်ထား၊ သောက်ချင်တဲ့အချိန်မှ ထုတ်သောက်ယုံပဲ။ "
    ဟုတ်တယ်နေနေ...တောင်ကြီးကလူတွေကတော့ အဲလိုပဲလုပ်စားကြတာပဲ..လုပ်ရတာလွယ်သလောက် အရမ်းအရသာရှိတာ။ဆိုင်မှာဘယ်တော့မှ ၀ယ်မသောက်ဖူး ကိုယ့်ဘာသာပဲလုပ်သောက်ကြတာပဲ။

    ReplyDelete
  5. စားချင်စရာ
    ပြရုံနဲ့တင်လုံလောက်ပါတယ။်
ှရှင်းပြစရာမလို
    ပိုလွန်းတယ်။

    ReplyDelete