Pages
November 03, 2009
Happy November & Sweet December!
ပျော်ရွှင်ချမ်းမြေ့ပါစေ။
တစ်နှစ် ၁၂ လမှာ အကြိုက်ဆုံးလက နိုဝင်ဘာ။ ပြီးရင် သြဂတ်စ် နဲ့  ဒီဇင်ဘာ။
အေးချမ်းတယ်၊ မိသားစုတွေ ပြန်လည် တွေ့ စုံကြတယ်။
အခု ၂၀၀၉ နိုဝင်ဘာ၊ ဒီဇင်ဘာက စလို့  အလုပ် များမယ်။
တလ တလ လခမှန်မှန် ရနေတဲ့ အလုပ်မှာလည်း လုပ်စရာတွေ များတယ်။
ကိုယ့်ဘာသာ စဉ်းစားထားတဲ့ အစီအစဉ်တွေ အရလည်း လုပ်ရမှာတွေ အများကြီးရှိနေတယ်။
အလုပ်က ကိစ္စတွေကတော့ ဒီလိုပဲ လုပ်ရင်း လုပ်ရင်း အချိန်တန်တော့ ပြီးသွားမှာပဲ။ မပြီးလို့ လည်း မဖြစ်၊ မလုပ်ဘဲ ရေသာခို၊ ပင်ပန်းတယ်ဆို ဆင်ခြေတတ် နေလို့ မှ မဖြစ်တာ။
တခြား လုပ်မယ် စဉ်းစားထားတဲ့ အရာတွေကိုရော ပြီးအောင် လုပ်နိုင် မလား။ ကိုယ်ရဲ့ စိတ်ဓာတ် နဲ့  ကြိုးစားအားထုတ်မှု့ အပေါ် မူတည်နေတယ်။ စိန်ခေါ်မှု့  တစ်ခုလိုပဲ။
* * *
စိတ်ကြည်လင်ပျော်ရွှင် ကျန်းမာစွာနဲ့ 
လုပ်စရာရှိသော အလုပ်များ အားလုံး
ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ဖို့ ..
* * *
6 comments:
  1. ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ReplyDelete
  2. ဟေး တို့အရေး တို့အရေး
    မမွန်
    ReplyDelete
  3. တို့လဲခေတ်မှီအောင်ဘိုလိုရေးလိုက်တယ်။
    ReplyDelete
  4. So much looking forward to December. I will go back on 21st and plan to go and visit Taung Gyi and Inle Lake. Super tired these days, man. I need a break!
    ReplyDelete