
လ တစ်လနဲ့  တစ်လ အကူးအပြောင်းမှာ မအိပ်ပဲ အလုပ်လုပ်ရင်း ကြိုဆိုနေတာ။ ညက ၁း၃၀ လောက်မှ အိမ်ပြန် ရောက်တယ်။ အိပ်တဲ့ အချိန်က မနက် ၃ နာရီ။ ညဦးပိုင်း Deployment အပြီး Production မှာ Testing လုပ်တဲ့အချိန် error တစ်ခုတွေ့ ကြောင်း အကြောင်းကြားလာတယ်။ Mobile (offline) မှာ အဲဒီပြဿနာ မရှိဘူး၊ Online မှာပဲတွေ့ တယ် ဆိုတာကြောင့် UAT နဲ့  SIT ကို ပြန်စစ်ဖို့ ပြောရတယ်။ အဲဒီ Environments တွေမှာလဲ error ရှိနေတာတွေ့ ကြ ရတယ်။ ဒါဆို Developement/Deployment Team ရဲ့ အမှား မဟုတ်။ ဒါနဲ့  သူတို့ တွေအချင်းချင်း ဘာကြောင့် SIT/UAT Testing တုန်းက မတွေ့ တာလဲ ဆိုပြီး ကကျိကကျိ တွေဖြစ်ကုန်ရော။ ပြဿနာက ထင်ထင်ရှားရှားကြီး၊ လုံးဝ မစမ်းသပ်ခဲ့လို့ သာ ဒါကို မမြင်ကြတာပဲ ရှိမယ်။ နောက်နေ့  မီတင်မှာ သက်ဆိုင်သူတွေ ရှင်းကြရတော့မယ်...
ကိုယ်တွေအတွက် အရေးအကြီးဆုံးက ညတွင်းချင်း အဲဒီပြဿနာ အပြီးရှင်းဖို့ ။ ဒီတိုင်း Release လုပ်လိုက် နောက်ရက်မှာ Ad-hoc Deployemnt ထပ်လုပ်မယ်ဆိုပြီးထားလို့ ရတဲ့ ခပ်သေးသေး မထင်မရှား error မျိုးလည်း မဟုတ်။ သက်ဆိုင်တဲ့ Developer ရော၊ တခြား သူတွေရော ဘယ်လိုရှင်းလို့ ရမယ်ဆိုတာ အဖြေရှာရင်း SIT မှာ စမ်းကြ၊ နောက်ဆုံး ၁၁ နာရီကျော် လောက်မှာ SIT မှာ အဆင်ပြေသွားတယ်။ UAT ကိုကျော်ပြီး Production တန်း Deployment ပြန်လုပ် ပြန်စမ်းနဲ့  အားလုံးပြန်လို့ ရပြီဆိုတဲ့အချိန်က ည ၁ နာရီကျော်။ ညက တခြား ပြဿနာသေးသေးမွှားမွှားလေးတွေ အများကြီးကြုံရသေးတယ်။ အရမ်း Tight Schedule ဖြစ်နေတော့ လူတွေလည်း ပင်ပန်းပြီး လစ်ဟသွားတာလေးတွေ ရှိကုန်ကြတာပေါ့။ အခု အောက်တိုဘာလ အတွင်း ၇ ရက်နေ့  ည မှာ တစ်ခါ၊ ၁၄ ရက်နေ့  ည မှာ တစ်ခါ Production Deployment တွေရှိ သေးတယ်။ လက်ရှိအနေအထားအရတော့ အဲဒီ နှစ်ရက်လုံး အချိန်ပိုနေပေးရမယ့် အနေအထားရှိနေတယ်။
ဒီနေ့  နေ့ လယ် ၂ နာရီကနေ ၄ နာရီ အထိ Training၊ ၄:၃၀ ကနေ ၆း၀၀ နာရီ အထိက မီတင်ရှိတယ်။ အိပ်ရေးမ၀တာနဲ့ တော့ ပြဿနာပဲ။
ပြဿနာပဲ အဲဒါ
ReplyDeleteI really think that
ReplyDeleteYou 'r so pity...
Your life's so pity..
U really need to change your life before it's too late...
if not, so sorrry for your wasteful life...