In Love With ..
Speaker ၀ယ်ဖြစ်တာ ပြီးခဲ့တဲ့ စနေ နေ့ က။ Snow leopard ၀ယ်ရင်း တခါတည်းဝယ်ဖြစ်သွားတာ။ ပြီးခဲ့တဲ့ တစ်ပတ်လုံး အလုပ်တွေ ရှုပ်နေတာနဲ့  ခုအားလပ်ရက်မှ သေချာ နားထောင်ဖြစ်တော့တယ်။ အားလုံး နေသားတကျ ထားဖို့  ရှုပ်နေတဲ့ အခန်းကိုလည်း ရှင်းရသေးတယ်လေ။ ခုတော့ အားလုံး နေရာတကျဖြစ်သွားပြီ။
အခန်းရှင်းပြီးတာနဲ့  ရေမိုးချိုး အေးအေးဆေးဆေး သီချင်းနားထောင်ရင်း စာဖတ်ဖြစ်တယ်။ အရမ်း အရမ်းကို ကျေနပ် သဘောကျနေပါတယ်။



boseသုံးတဲ့ ဘောစိပဲ။ အဲဒီအမျိုးအစားက အသံအရမ်းကောင်းတာပဲနော်။
ReplyDeletemm
လာဖတ်သူလည်းကျေနပ်ပါတယ်။
ReplyDeleteHome theater ကြီးဆိုပိုမကောင်းဘူးလား။ ဒုံးဂွမ်း ဒဲုးကဂွမ်း နဲ့ပိုမိုက်မယ်။
အားကျလိုက်တာနော်...
ReplyDeleteသီချင်းလေးနားထောင်ရင်း စာဖတ်နေသူကို။
လုပ်ထားနှင့်ဦးပေါ့ကွာ .. နာလဲ ပိုက်ပိုက်ပြည့်တော့မှာပါ။
ReplyDeleteBose က မယုံလောက်နိုင်ဖွယ် ကောင်းတယ်.. မယုံလောက်နိုင်ဖွယ်ဆိုတာ ဒီလိုပါ။ သူ့ System အားလုံးက အသံထွက် အမှန်တကယ်ကောင်းပါတယ်။ Noise ရှင်းတယ်။ ဒါပေမယ့် သုံးထားတဲ့ Material တွေက အထွေအထူးလည်း မဟုတ်ပြန်။ ဈေးကလည်း Computer အတွက်က တော်သေးတယ်။ Home Theater System တွေဆို မတန်မဆ ကြီးတာ။ ကပ်တောင် မကပ်နိုင်ဘူး။ ကြိုက်တော့ ကြိုက်တယ် မလိုက်နိုင် ဖြစ်နေတယ်ဗျာ ..
ReplyDeleteThis comment has been removed by the author.
ReplyDeleteအားကျပါတယ်....
ReplyDelete