Pages

July 08, 2009

Google Chrome OS

Google ကနေ OS တစ်ခုကို ထုတ်တော့မယ် ဆိုတဲ့ အကြောင်း ဒီနေ့  သတင်းတွေ တက်လာတာ ဖတ်လိုက်ရတယ်။ အဲဒီ Google ကထုတ်မယ့် Linux Kernel ကို အခြေခံထားတဲ့ Chrome OS က Free အနေနဲ့  ထုတ်ပေးမှာဖြစ်ပြီး Open Source လည်းဖြစ်တယ်။ ဒီနှစ် ၂၀၀၉ နှစ်ကုန်ပိုင်း နောက်ဆုံးထားပြီး ဒေါင်းလုတ်လုပ်ယူ နိုင်မယ်လို့  သိရပါတယ်။ Chrome OS ကို အသုံးပြုထားတဲ့ Netbooks တွေကိုတော့ နောက်လာမယ့်နှစ် ဒုတိယ ၆ လပိုင်းလောက်မှ စတင်ထုတ်လုပ် ရောင်းချမယ်လို့  သိရတယ်။ အသေးစိတ် သတင်းအချက်အလက်တွေ သိချင်ရင်တော့ အောက်က လင့်မှာသာ ဖတ်ကြည့်ကြပါ။


ခုတလော အရမ်း ပင်ပန်းနေတယ်။ လူကလည်း နေလို့ မကောင်း၊ အလုပ်ကလည်း များတယ်။ အခုလည်း ဆက်မရေး နိုင်တော့ဘူး။ ရေးမယ် နေ့ လည်ထဲက စိတ်ကူးနေခဲ့လို့ သာ ဖြစ်အောင် ရေးလိုက်တာ။ ဒီရက်ပိုင်းအတွင်း ရေးမယ် စိတ်ကူးခဲ့တာတွေ အများကြီး အများကြီးပဲ။ ဘာမှ မရေးဖြစ်ဘူး။ အခု အနားယူမှ ဖြစ်တော့မယ်။ ရေးထားတာတွေထဲမှာ မှားတာတွေ့ ရင် ပြင်ပေး၊ လိုတာတွေ့ ရင် ဖြည့်ဖတ် ကြပါ။ ကျေးဇူးပါ။ ကောင်းသောည ဖြစ်ပါစေ။

5 comments:

  1. အဆင်ပြေပါစေဗျား

    ReplyDelete
  2. ဒီလောက်သိရရင်မဆိုးပါဘူး. ကျန်းမာရေးဂရုစိုက်ပါ.

    ReplyDelete
  3. Cheers!!! look on the bright side, things r much easier. cross my fingers for ya!!!

    ReplyDelete
  4. နားနားနေနေ ရေးပါညီမလေး။

    ReplyDelete
  5. သင့်ကျန်းမာရေးကို ဂရုစိုက်ပါ...

    ReplyDelete